Pages

April 21, 2009

Oracle buys Sun

Oracle က Sun Microsystems ကို ၇.၄ ဘီလီယံ နဲ့  ၀ယ်ယူဖို့ သဘောတူညီမှု့ ရရှိသွားတယ် ဆိုတဲ့ အကြောင်း အခုပဲ ဖတ်လိုက်ရတယ်။ ဒီသတင်းဖတ်ပြီး အံ့သြသွားတယ်။ ထင်မထားတာတွေ ဖြစ်လာလို့ မဟုတ်ဘူး၊ ထင်ထားတာတွေ ဖြစ်လာလို့ ပါ။

ဟိုတလော IBM က Sun ကို ၀ယ်ဖို့  ကြိုးစားတယ် ဖတ်ရတုန်းက တစ်ယောက်နဲ့  အဲဒီကိစ္စ ဘယ်လို ထင်လဲ ပြောဖြစ်တယ်။ Oracle က Sun ကို IBM လက်ထဲ ပါခံမယ် မထင်ဘူး၊ ၀င်လာနိုင်တယ် လို့ ပြောတယ်။ ဘာကြောင့်လဲဆို Oracle ရဲ့ Product တွေ အများစုက Sun Java အပေါ် အတော်လေးကို မှီနေတယ်။ ဘာပဲဖြစ်ဖြစ် IBM က Sun ကို ၀ယ်ထာတက်စာရင် Oracle က Sun ကို ၀ယ်တာတော်သေးတယ်လို့  ယုံကြည်တယ်။ Oracle Sun က ပြီးခဲ့တဲ့ နှစ် ကတင် MySQL ကိုလည်း ၀ယ်ထားတယ်၊ အခု Oracle က Sun ကို လည်း ၀ယ်လိုက်ပြီ။ Opensource တွေဘက်ကကြည့်ရင်တော့ မကောင်းဘူး။

အခု အနေအထားအရဆို Oracle က Microsoft ပြီးရင် အကြီးဆုံးလို့ တောင် ပြောလို့ ရပြီ။ Oracle က MySQL ကို ရသွားတာကိုတော့ အတော်လေး သဘောမကျဘူး။ တကယ်ဆို RedHat ကသာ MySQL ကို ၀ယ်လိုက်နိုင်ခဲ့တယ်ဆို ပွဲက ပိုကြည့်ကောင်းမယ်။

တွေးမိတာတွေ ဆက်ရေးမယ်ဆို အိပ်ရတော့မှာ မဟုတ်ဘူး။ တော်ပြီ အိပ်ပြီ။

Other Related Post :
Oracle to Buy BEA for $8.5 Billion
Sun acquires MySQL !!!

အမှားပြင်ပေးတာ ကျေးဇူးပါ ကို P.Ti

5 comments:

  1. ရောက်တယ်နော်
    C box မတ္ဂေ့ပါလား
    ပျော်ပါစေခင်ဗျာ
    လင်းကြယ်ဖြူ

    ReplyDelete
  2. Sun က ထွက်တဲ့ သူတွေ တည်ထောင်ထားတဲ့ BEA ကို 8.5 billion နဲ့ Oracle က ၀ယ်ပြီး Sun ကိုယ်တိုင်ကျတော့ 7.4 B ပဲ ရတာ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ ဒါတောင် Sun ရဲ့ Income နဲ့ Revenue က BEA ထက်သာတယ်။ Oracle လက်ထဲ ရောက်သွားရင်တော့ technology က ပိုကောင်းလာနိုင်ပေမယ့် ဈေးတက်မှာတော့ အသေအချာပဲ။

    ReplyDelete
  3. နည်းပညာရဖို့နဲ့ ပြိုင်ဆိုင်ဖို့ စီပွားရေးအရလုပ်ကြပေမယ့် Open Source Software ကိုအားပေးမှု မလျော့လောက်ကောင်းပါဘူး။

    မနှစ်က Oracle က၀ယ်တာမဟုတ်ဘူး။ Sun က MySQL ကိုဝယ်ထားတာဖြစ်လိမ့်မယ်။

    ReplyDelete
  4. thanks for new knowledge. the oracle i know is the character from
    Matrix :)
    Interesting! IBM still exists. I haven't heard the word IBM for many years.
    I thought Google is the biggest one. You said Micorsoft is the one. I thought Bill Gates had to go retire as he lost something
    I normally stop when Sun trying to update. Really annoying to me. Greedy software i beleive.
    of course,i have been in the different field. so little knowledge about IT apart from basic HTML.

    ReplyDelete
  5. hummm ...
    Oracle seems to be evil
    They bought Innobase (makers of InnoDB) in 2005
    Sun own Mysql
    Now Oracle owns Sun
    So Oracle + MySQL = ?

    ReplyDelete