Pages

May 11, 2009

My Mac Book

ကြွားတဲ့ပိုစ့်..

အလုပ်ရှုပ်နေတာနဲ့  ကြွားတောင် မကြွားအားဘူး ဖြစ်နေတယ်..
အခုတော့ မရမက အချိန်လေး ယူပြီး ရေးအုံးမယ်။ ကြွားချင် လွန်လွန်းလို့ တော့မဟုတ်ပါဘူး။ မှတ်ထားတဲ့အနေနဲ့  ရေးတာလေးတွေရယ် ကြွားတာလေးရယ် နည်းနည်းရောလိုက်တာပါ.. ;)

ဒါလေး ရတာ နည်းနည်းကြာပြီ။ အရင်တစ်ခါရတဲ့ HP ကို ၁ လ လောက်ပဲ သုံးပြီး အဖေ့ကို ပေးလိုက်တယ်။ အဲဒီမတိုင်ခင် ဆိုနီ တုန်းကလဲ နောက်ဆုံးမှာ သူငယ်ချင်းတစ်ယောက်က ဆိုနီမှ ဆိုနီသုံးချင်တယ် ဆိုလာတာကြောင့် အဲဒီ သူငယ်ချင်းအတွက် ဖြစ်သွားခဲ့တယ်။ ကိုယ့်အတွက် နောက်မှ လာမယ်ပေါ့။ နောက်ဆုံး HP ရတော့ ကိုယ်အတွက် သေချာပြီ၊ ဘယ်သူမှ ပေးဖို့ မလိုတော့ဘူးလို့ တွေးနေချိန်မှာ ဖေဖေက ဒီခနလာတုန်း သူ့ ကွန်ပြူတာ မောင်လေးကို ပေးခဲ့လို့  အသစ်ထပ်ဝယ်ချင်တယ် ပြောလာတယ်။ လိုက်ဝယ်ပေးဖို့  အချိန်ကလည်း သိပ်မရ၊ ဘာလုပ်ရင်ကောင်းမလဲ မသိ၊ နောက်ဆုံး တိုင်ပင်သင့်တဲ့သူကို တိုင်ပင်လိုက်တဲ့ အခါ ကျွန်မ သုံးနေတဲ့ HP ပေးလိုက်ပါလား နောက် ထပ်ဝယ်တဲ့အခါ လိုချင်တာလေး ၀ယ်မယ်ဆိုတဲ့ တိုက်တွန်း အဆိုပြု စကားကြောင့် သမီးလိမ္မာလေးလုပ်ပြီး ဖေဖေ့ကို ကိုယ်သုံးနေတဲ့ Laptop ပေးလိုက်ခဲ့တယ်။ အဖေက အဲဒီ Laptop ရဲ့ နောက်ကြောင်းရာဇ၀င်ကို သိနေတော့ မယူတော့ပါဘူး သူဟာသူ တခြားဟာဝယ်မယ့်၊ ကိုယ့်ဘာသာ သုံးပါလို့ ပြောရှာပါတယ်။ ကိစ္စမရှိဘူး ဟိုက သိတယ်လို့ ပြောပြီး အတင်းပေးလိုက်တယ်။ (ဒီနေရာမှာ ဖေဖေက လိမ္မာလိုက်တဲ့ ဒီကလေးတွေဆိုပြီး မုန့် ဖိုးပြန်ပေးတာကို မှတ်ထားရင် ကောင်းမလား၊ မသိလိုက် မသိဘာသာ ကိုယ်တွေလိမ္မာတာပဲ မှတ်ထားလိုက်ရင် ကောင်းမလား.... :-) )

မကြာမှီလာမည် မျှော်.. ဆိုသလို.. မျှော်နေလိုက်တာ နောက် ၂-၃ လလောက်ကြာတဲ့အခါမှတော့ ဒီလိုအောက်က ဟာလေး တစ်ခု ရောက်လာပါတယ်။

တလက်စတည်းပြောရမယ်ဆို အဲဒါလေး ထည့်ဖို့ အတွက် အိတ်ကလေး တစ်လုံး (Laptop Sleeve) ပြီးခဲ့တဲ့ စနေကမှ ၀ယ်ဖြစ်တယ်။ အိတ်ချင်း အတူတူ၊ ပုံစံ အသား ဒီဇိုင်းက အစ အကုန်တူတယ်.. ဆိုဒ်ပဲကွာတာကို ( 13" နဲ့  13"3' ) ဈေးက S$20 လောက် ကွာနေတာတွေ့ ခဲ့ရတယ်။ 13" အတွက်က ပိုပြီး ဈေးကြီးနေတာပါ။ ဘာကွာလို့  ဈေးကွာတာလည်းလို့  သိချင်စိတ်နဲ့  မေးကြည့်တဲ့ အခါ 13" က Mac အတွက် ဖြစ်လို့  ဈေးပိုကြီးနေတာလို့  ပြောပါတယ်။ ဘာမှ မဆိုင်ဘူးလိုပဲ။ Mac အတွက်ဆိုတာနဲ့  အကုန်ဈေးလိုက် တင်နေတယ်။ တခြား ပစ္စည်းတွေလဲ အဲဒီလိုပဲ ပစ္စည်းချင်းတူတူ Mac အတွက် ထုတ်တာ ဆိုတာနဲ့  ဈေးတင်ပြီးသားပဲ။ နာမည်နဲ့ လုပ်စားတယ်။ ဈေးတွေကြည့်ပြီး များတယ်ထင်တာကြောင့် ခုချိန်အထိ လိုချင်တာတွေ အကုန်မ၀ယ်နိုင်၊ မ၀ယ်ရသေးဘူး။

13 comments:

  1. နေပါဦး အစ်မလေး။
    အခုက အစ်မလေး ကိုယ်တိုင်တင်လိုက်တာလား??
    စကယ်ကျူးနဲ့ ဆွဲပြီး အော်တိုတက်အောင် တင်လိုက်တာလား။ ပြီးခဲ့တဲ့ စနေက ၀ယ်တာဆိုလို့ စဉ်းစားနေတယ်....။

    ReplyDelete
  2. ကြွားချင်လိုက်တာ...... အဲလေ.. လိုချင်လိုက်တာ
    ပန်းသီးဖြူဖြူလေးတစ်လုံး..း)

    ReplyDelete
  3. အကြွားခံလိုက်ပါတယ်... လေ...
    အဖြူလေးဆိုတော့ လှပါပေ့...
    အမခင်မင်းဇော်

    ReplyDelete
  4. Hey...

    U know anything about ...

    Writing / Using Gtalk chat with Myanmar font @ apple ....

    Let us Know...??????

    ReplyDelete
  5. Schedule pawt byar, Ko Boyz yar.

    ReplyDelete
  6. ပန်းသီးကတော့ လှတယ်၊ ဒါပေမဲ့ နေနေ့အလုပ်နဲ့ အဆင်ပြေပါ့မလား။

    ReplyDelete
  7. ပန်းသီးလေးးးးးး
    လိုချင်လိုက်တာ။
    ရက်ဒ်

    ReplyDelete
  8. ဒီနေရာမှာ ဖေဖေက လိမ္မာလိုက်တဲ့ ဒီကလေးတွေဆိုပြီး မုန့် ဖိုးပြန်ပေးတာကို မှတ်ထားရင် ကောင်းမလား၊ မသိလိုက် မသိဘာသာ ကိုယ်တွေလိမ္မာတာပဲ မှတ်ထားလိုက်ရင် ကောင်းမလား.... :-) )

    အဲလိုရေးတာကိုသဘောကျသွားတယ်။
    အဖြူရောင်ပန်းသီးလေးကိုလည်းအားကျသွားတယ်..လိုချင်သလိုလိုပဲ။

    ReplyDelete
  9. သူဌေး ဘဲ။ ဒီမှာတော့ ပန်းသီးတောင်မစားနိုင်ဘူး

    ReplyDelete
  10. ငှက်ပျောသီးဘဲစားနေတယ်။

    ReplyDelete
  11. ၈ျိတော့လား။ကောင်းတာပေါ့။ မေးစရာမလိုဘူး

    ReplyDelete
  12. not 13"3', it's 13.3".. single prime is for foot.

    ReplyDelete
  13. အစ်မရဲ့ပိုစ်တွေ ဂွတ်တယ်ဗျာ။ ပန်းသီးကိုတော့ ကြိုက်တယ်။ (လောလောဆယ် ချဉ်တယ် အစ်မရဲ့း) ) ဒါပေမယ့် accessories တွေအများကြီးမလိုက်နိုင်လို့ ထပ်ထည့်စရာမလိုတဲ့ အိုင်မက်တို့ ဂျီဖိုက်ဖ်တို့ 8-Core တို့တော့ ကြိုက်တယ်။ လောလောဆယ်တော့ ပြတင်းပေါက် ကနေပဲ ကြည့်နေလိုက်ပါဦးမယ်။ ၀မ်းသာပါတယ်ဗျာ၊ အစ်မကတော့ ပန်းသီးနဲ့ ကြည့်ကောင်းနေလောက်ပြီ။

    ReplyDelete