Pages

March 09, 2009

A New Cartoon Every Morning!

ဒီနေ့ က တနင်္လာနေ့ လည်း ဖြစ်ပြန်၊ ရာသီဥတုကလည်း အုံ့ မှိုင်းမှိုင်းကြီးဖြစ်နေတော့ လူက လန်းလန်းဆန်းဆန်းမရှိ ထုံထိုင်းထိုင်းကြီး ဖြစ်နေတယ်။ ခုမှ မနက် ၁၀ နာရီပဲ ရှိသေးတယ်။ အိမ်ပြန်ချိန်ရောက်ဖို့ ဆို နောက် ၈ နာရီ လိုသေးတယ်။ လန်ဆန်းသွားအောင် ဘာလုပ်ရင် ကောင်းမလဲ... ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း သတိရသွားတာနဲ့ .. Randy Glasbergen ရဲ့ ကာတွန်းစာမျက်နှာကို သွားကြည့်ဖြစ်တယ်။ ပြီးတော့ ရီလိုက်ပြုံးလိုက်ပြီး စိတ်ပေါ့ပါးသွားတယ်။
ဒီနေ့  အတွက် ကာတွန်းမှာ ပါတဲ့ စာသားက...

အဲဒီက ကာတွန်းတွေဟာ Professional အလုပ်အကိုင် နဲ့ ပတ်သက်တဲ့ ကာတွန်းတွေပါ။ စီပွါးရေး၊ ကွန်ပြူတာ၊ ဆေးပညာ ... စုံနေတာပဲ။ ကျွန်မတို့  ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်မှာ တကယ့် ဖြစ်ပျက်နေတဲ့ အရာတွေကို ကာတွန်း ဆွဲထားတာ။ အကြောင်းအရာ တစ်ခုကို ဖော်ပြတဲ့အခါ ထိထိမိမိလည်း ရှိတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ရီလည်း ရီရတယ်။ ကျွန်မတော့ အရမ်းကြိုက်လို့  အမြဲသွားသွား ကြည့်ဖြစ်တယ်။ အဲဒီမှာရှိတဲ့ တချို့  ကြိုက်တဲ့ ကာတွန်း ပုံတွေဖော်ပြချင်ပေမယ့် ကော်ပီရိုက် ရှိတာကြောင့် မဖော်ပြတော့ဘူး။ ကြည့်ချင်တယ်ဆို Online Catalog မှာသွားကြည့်လို့ ရတယ်။ ကာတွန်းတွေက အများကြီးဆိုတော့ အတော်လေး အချိန်ပေးပြီး ကြည့်ရမယ်။ ခေါင်းစဉ်လေးတွေ ခွဲပြီး စုထားပေးတော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာက စပြီး တဖြည်းဖြည်းခြင်း ကြည့်သင့်တယ်။ ကြိုက်မှာ သေချာပါတယ်။

Online Catalog :
More than 1000 Cartoons

Cartoon Gift Shop :
Café Press Cartoon Gift Shop
Randy Glasbergen ဆိုတာ အမေရိကားမှာ ထင်ရှားတဲ့ ကာတွန်းဆရာ တစ်ဦးပါပဲ။ သူရဲ့ ကာတွန်းတွေကို နာမည်ကြီး စာစောင်တွေ (The Wall Street Journal, Reader's Digest, Harvard Business Review, Cosmopolitan... ) ၊ သတင်းစာတွေ၊ အင်တာနက်ပေါ်က ဆိုဒ်တွေ၊ Seminars၊ Conferences၊ Training materials၊ Mailing lists ... နေရာစုံမှာ အသုံးပြုကြတယ်လို့ သိရတယ်။ တခြားဟာတွေ အသာထား၊ သူတို့ ရဲ့ သဘာဝအရကိုက တတ်ရောက် သူအများစုကို ပျင်းရိအိပ်ငိုက်စေတတ်တဲ့ Seminars၊ Conferences၊ Training လိုတွေမှာတော့ ဒီလိုကာတွန်းတွေ သုံးပေးချင်ဟာ တတ်ရောက်သူတွေကို အာရုံစိုက်မှုကို စွဲဆောင်နိုင်မှာ အမှန်ပဲ။
Randy Glasbergen ရဲ့ တခြားလက်ရာတွေ..
Better Half on King Features by Randy Glasbergen

11 comments:

  1. လျှောက်ကြည့်ရမှာ ပျင်းလွန်လွန်းလိဲု့

    မိုးတွေ ကလည်း စွေ.
    ကိုယ့်အသည်းတွေ ကလည်းကြွေ။။
    မင်းအနားမှာလေ.။

    ကြိုက်တာ လေး တစ်ခုလောက် link ထည့်ပေးပါ. ဒါဆိုရင်လည်း အပြစ်မရှိပါဘူး။ ကလစ်လိုက်ရု့ဘဲ။

    ပျင်းလွန်းလို့ပါ N2 ရယ်။

    ReplyDelete
  2. (လာလည်တတ်တယ်ဆိုလို့ကျေးဇူး။ ဖတ်သွားတယ် ဆိုလို့ ပိုကျေးဇူး။။။။။။။)

    ReplyDelete
  3. တို့ကဗျာလေး သိတ်ကောင်းတယ်။ ပြန်ကူးသွားဦးမှဘဲ။

    ReplyDelete
  4. poem of the day လုပ်လိုက်တယ် ။ ဟိဟိ. ကျေးဇူး။ ရင်ထဲက စကားတွေ ကို stimulate လုပ်ပေးလို့။။..အာဘွား။

    ReplyDelete
  5. ပျင်းရင် ကာတွန်းလေးကြည့်လိုက်...သီချင်းလေးနားထောင်လိုက်နဲ့ တယ်ဟုတ်နေပါလားနော်...အပေါ်က တစ်ယောက်က မန့်တာများလွန်းလှချည်လားကွယ်...နောက်ဆုံးတော့ ပိုစ်အတွက်ပါ ကုန်ကြမ်းရသွားလိုက်သေး...

    ကြည်

    ReplyDelete
  6. N2 စတဲ့ဇတ်လမ်းပြန်လာကြည့်ဦး။ ကွန်မက်တွေ ကိုဖတ်ပါ။ တို့အသည်းကွဲနေတာ ကို ဝိုင်းပြိး လောင်နေကြတယ။်

    ReplyDelete
  7. မ KOM .. တစ်ယောက်တည်း ကွန်မန့် တွေအများကြီး ရေးသွားတယ်။ ပထမဆုံးကြုံဖူးခြင်း ဖြစ်ပဲ။ တစ်ယောက်တည်းနဲ့  စည်ကား သွားလို့  ကျေးဇူးပါပဲ။ :-)
    လင့်ထည့်ပေးချင်ပါသော်လည်း ပျင်းနေလို့  ထပ်မထည့်တော့ဘူး.. တစ်ခုခု ကြည့်ချင်တယ်ဆို ပထမပေးထားတဲ့ လင့်ကိုနှိပ်ကြည့်လိုက်... Today Cartoon ရှိတယ်.. တစ်နေ့ တစ်မျိုး ပြောင်းတယ်..

    ကြည်.... ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်း နေထိုင်နိုင်ဖို့ သာ ကြိုးစားပါ။ အချိန်ပေးပြီး သီချင်းတွေ နားထောင်ပါ။ ကာတွန်းတွေ ကြည့်ပါ။ ပျော်ပျော် ရွှင်ရွှင်နေပါ။ စားစရာရှိတာ စားပါ။ အိပ်ရေး၀၀ အိပ်ပါ။

    မ KOM ... ဘာကြောင့် အစ်မရေ အသည်းကွဲတာလဲ.. လို့ သာ မေးလိုက်ချင်တယ်..
    ကွန်မန့် တွေဖတ်ပါတယ်.. ဘာကြောင့် ဘာကြောင့် ကဗျာစပ်ပြီး၊ ဘာကြောင့် အသည်းကွဲသွားတာမှန်းမသိလို့ ... ဘာပြန်ရမယ် မှန်းမသိဖြစ်ပြီး ... ဘာမှ ပြန်မရေးဖြစ်တာပါ။

    ReplyDelete
  8. အဲဒါဆိုလဲ ဟိုရေးဒီရေးဘဲ ရေးပါတော့လေ။

    ReplyDelete
  9. အဲဒါဆိုလဲ ဟိုရေးဒီရေးဘဲ ရေးပါတော့လေ။

    ReplyDelete
  10. http://khinoomay77.blogspot.com/2009/03/day-of-poems.html

    day of the poems
    အားလုံးကို ကျေးဇူးတင်ပါတယ်။


    ဒီကဗျာ လား ဘာလား ခေါ်ရမလား မသိတဲ့စာစု ကို နေနေနိုင်ဘလော့ ကို သွားလည်ရင်းနဲ့ စိတ်ကူးပေါက်လာလို့ ရေးခဲ့တာ ကို ကိုယ့်ဘာသာ ကိုယ်ကြိုက်လို့ ပြန်ကူးလာပြီး ပိုစ်တင်လိုက်တာပါ။

    ReplyDelete
  11. မ KOM .. အရင်ပိုစ့်က ကွန်မန့် တွေကိုလည်း ဖတ်ဖြစ်ပါ၏။ day of the poems ကိုလည်း ထပ်ဖတ်ဖြစ်ပါ၏။

    ReplyDelete