Pages

March 17, 2009

ကောင်းကင်ငိုတဲ့နေ့ 

ဒီလို နေ့ မျိုးဆို ..

အိမ်မှာနေရင်း..

ပြူတင်းပေါက်ကငေး..
စောင်ခြုံကွေး...
...
စာအုပ်လေးဖတ်...
သီချင်းနားထောင်..
ရုပ်ရှင်လေးကြည့်...
...
ရေနွေးပူပူလေးသောက်..
ငရံ့ခြောက်ဖုတ်လေးစား..
လက်ဘက်သုတ်လေးစား..
ကြာဇံဟင်းခါးလေးသောက်..
....
လုပ်နေချင်တာတွေ ..
အများကြီး.. အများကြီး..
.
.
.
လက်တွေ့ မှာတော့..
အလုပ်မှာ ငုတ်တုတ်..


ငုတ်တုတ်ထိုင်ရင်း ငိုက်လာတယ်။
ကွန်ပြူတာပေါ်က စာတွေမမြင်တော့တဲ့ အခြေအနေအထိတောင် ငိုက်လာလို့ .. ဒီအချိန် အိမ်မှာသာဆို ဘာတွေလုပ်မလဲ စဉ်းစားရင်း တွေးမိတာတွေ ချရေးလိုက်တယ်။ လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်။ ဒါပေမယ့် ဆက်မရေး နိုင်တော့ဘူး။ အလုပ်လုပ် ရပါအုံးမယ်။

7 comments:

  1. အလုပ်လုပ်ရင်းစာရေးတယ် ဦးရဲကြီးရေ ဖမ်းပါဗျို့...........

    ReplyDelete
  2. မငိုနဲ့နော်၊လာအားပေးတယ်

    ReplyDelete
  3. ဟုတ်ပဗျာ။ မတူတာကတော့ ဒို့များကတော့ မငိုက်နိုင်ပေါင်။ အခွင့်ရရင်ငိုက်ချင်သေးတယ်။ အိအိ။
    ပုံတော်တော်လှတယ်။

    ReplyDelete
  4. အများနဲ့မတူ မိုးတွေသဲတဲ့ တမနက်လုံး ပျင်းကြီးစွာနဲ့ အိပ်ပျော်နေပါတယ်။ နိုးလာတဲ့အချိန်က ဖောက်လွဲဖောက်ပြန်အချိန်။ အလုပ်အကိုင်နဲ့ တည်တံ့နေတဲ့သူတွေကို အားကျမိတယ်။အမှန်ဆို လုပ်ချင်တဲ့ကိစ္စတွေကိုအချိန်မဖြုံးပဲ လုပ်နေရမှာ။ ဒီလိုပါပဲ အမ..ကိုယ်ရောက်နေတဲ့နေရာ၊ဘဝကို ကျေနပ်နိုင်ဖို့ ကျနော်ကြိုးစားရပါဦးမယ်။

    ReplyDelete
  5. စာအုပ်လေးဖတ်...
    သီချင်းနားထောင်..
    ရုပ်ရှင်လေးကြည့်...
    ...
    ရေနွေးပူပူလေးသောက်..
    ငရံ့ခြောက်ဖုတ်လေးစား..
    လက်ဘက်သုတ်လေးစား..
    ကြာဇံဟင်းခါးလေးသောက်..

    အမလည်း အဲလိုလုပ်ချင်လိုက်တာ..တစ်ကယ်။

    ကြည်

    ReplyDelete
  6. အော်ဒုတ်ခ ဒုတ်ခ

    ReplyDelete
  7. ခရောင်းလမ်း... မနေ့ က မိုးရွာနေလို့  ဦးရဲကြီးလည်း အလုပ်မလုပ်ဘူး..

    ကောင်းကင်ပြာ.. ကောင်းကင်မငိုအောင် ကောင်းကင်ပြာပဲ တားနိုင်မှာ။
    ဒါနဲ့  ဒီနေ့ တော့ ကောင်းကင်ကြီး မညို၊ မငိုပဲ ပြာလဲ့ကြည်လင်နေတယ်..

    MrDBA.. ပုံက အင်တာနက်ပေါ်က ရှာထားတာလေ..

    ခပ်မြင့်မြင့်.. မပျင်းနဲ့ ။ လုပ်ရမယ့် ကိစ္စတွေကို လုပ်ရမယ့်အချိန်မှာ လုပ်လိုက်နိုင်တာ အကောင်းဆုံးပါပဲ။ နောင်တဆိုတာ အတော်ပူလောင်တာ။ ဒါနဲ့  ခပ်မြင့်မြင့်ဆို မိန်းကလေးလို့  ထင်နေတာ.. ဒီနေ့  ပရိုဖိုင်ကြည့်ဖြစ်မှ ယောက်ျားလေးမှန်းသိတော့တယ်..

    ကြည်.. အဲလိုပဲနေပြီး ပိုက်ဆံမှန်မှန်ရနေရင် ကောင်းမှာ...

    မ KOM.. မမြဲ ဆင်းရဲ အစိုးမရ ဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို ဆင်ခြင်မိသွားပြီ ထင်တယ်.. ကောင်းလေးစွ ကောင်းလေစွ..

    ReplyDelete