Pages

March 12, 2009

National Flower: Burma Padauk!

ဒီမနေ့ မနက် အလုပ်လာလာ လမ်းမှာ မွှေးလိုက်တာဆိုပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တော့ ပိတောက်တွေ ပွင့်နေတာ တွေ့ လိုက်ရတယ်။ ဒီနှစ်အတွက်ဆို ဒီနိုင်ငံမှာ ပထမဆုံးတွေ့ တဲ့ ပိတောက်ပေါ့။ မြန်မာပြည်မှာ လို့ ပင်လုံးကျွတ် ၀င်းထိန်နေအောင် ပွင့်တာ မဟုတ်ပေမယ့် ဒီနိုင်ငံမှာ တွေ့ ဖူးသမျှကို မဆိုးဘူး၊ အတော်လေးများတယ် ပြောလို့ ရမယ်။ လမ်းတစ်လျှောက် ပိတောက်ပန်း ရနံ့ လေး သင်းပြီးမွှေးနေတာ အရမ်း သဘောကျတာပဲ။ သိပ်တော့ မခံစားလိုက် နိုင်ပါဘူး။ အလုပ်မှီအောင် မြန်မြန်လျှောက်လာလိုက်ရလို့ ။

ဒီမနက် မြင်လိုက်ရတဲ့ ပိတောက်ပန်းတွေကြောင့် ပိတောက်ပန်းအကြောင်း နည်းနည်းရေးချင်စိတ်ပေါ် သွားတယ်။ ပိတောက်ပန်းက ကျွန်မတို့ နိုင်ငံရဲ့ National Flower ဟုတ်တယ် မဟုတ်လား။

အရှေ့ တောင်အာရှမှာ ရှိတဲ့ နိုင်ငံတွေ နဲ့  အဲဒီနိုင်ငံတွေရဲ့ National Flowers တွေပါ။
  • Burma - Paduak (Pterocarpus Indicus) (ပိတောက်)
  • Singapore - Vanda Miss Joaquim Orchid (သစ်ခွ)
  • Vietnam - Lotus (ကြာ)
  • Thailand - Ratchaphruek (Cassia Fistula Linn) (ငုပန်း)
  • Brunei - Simpor (Dillenia Suffruticosa)
  • Malaysia - Bunga raya (Hibiscus Rosa-Sinensis) (ခေါင်ရမ်းပန်း)
  • Laos - Dok Champa (Plumeria) (တရုတ်စကား)
  • Philippines - Sampaguita Jasmine (Arabian Jasmine) (စံပယ်)
  • Cambodia - Rumdul (Mitrella Mesnyi)
  • Indonesia - Moon Orchid or Angrek bulan (Phalaenopsis Amabilis) (သစ်ခွ)
ဒါနဲ့  ဟိုတနေ့ က အလုပ်က တစ်ယောက်က နင်တို့  National Flower ကဘာလဲ လာမေးတာနဲ့  ပိတောင်ပန်းပုံတွေကို အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ပြလိုက်ရတယ်။ တခါမှ မမြင်ဖူးဘူး ပြောနေလို့  စင်္ကာပူမှာ အဲဒီအပင်တွေ အများကြီးပဲ၊ Orchard လမ်းမပေါ်မှာ လည်း အပင်ကြီးတွေ ရှိတယ်၊ တခြားနေရာတွေမှာလည်း အများကြီးပဲ မသိဘူးလားဆိုတော့ မသိဘူးတဲ့။ Orchard မှာ အပင်ကြီးတွေရှိတာ သိတယ်၊ သူဘာအပင်မှန်း မသိဘူးတဲ့။ ညံ့လိုက်တာလို့  မပြောလိုက်ပါဘူး။ ပြောတော့ ပြောချင်တာပေါ့။ ပြောလို့  ပြောတာ မဟုတ်ဘူး၊ ဒီကလူတွေ သဘာဝ ပတ်ဝန်းကျင် ပန်းပင်တွေကို စိတ်ဝင်စားတာ အတော်လေး နည်းတယ်။ ကျွန်မ တွေ့ ဖူးသလောက်ပေါ့။ ကျွန်မ တစ်ခါတလေ သူတို့ နဲ့ အပြင်သွားရင်း မြန်မာလို ခေါ်တာပဲ သိပြီး အင်္ဂလိပ်လို ဘယ်လိုခေါ်လည်း မသိတဲ့ အပင်တွေတွေ့ လို့  ၊ အပင်နာမည် သိချင်လို့  မေးရင် သူတို့ မသိဘူးလို့  ဖြေတာများတယ်။ ဘယ်လို သိလဲ၊ တရုတ်လို သိလားဆိုလဲ မသိဘူး ဆိုတာပဲ။ စင်္ကာပူရီယမ်း မဟုတ်တဲ့ သူတွေ စီကတော့ တခါတလေ အဖြေရတယ်။

ရေးရင်း ဘယ်ရောက်သွားမှန်းမသိဘူး။ ဟို National Flower အကြောင်းလာမေးတဲ့ စင်္ကာပူရီယမ်း တရုတ်မကို့  ပိတောက်ပန်းအကြောင်း နည်းနည်း ပြောပြဖြစ်တယ်။ တို့ နိုင်ငံမှာဆို အဲဒီအပင်က ပန်းပွင့်ပြီးဆို တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တာ၊ လှသလား မမေးနဲ့ ၊ အနံ့ ကလည်း အရမ်းမွှေးတယ်၊ တစ်နှစ်မှာ တစ်ရက်တည်း ပင်လုံးကျွတ်ပွင့်တာ ( တချို့ အပင်တွေ ဒီမှာလိုပဲ နည်းနည်းချင်း ပွင့်တာရှိတတ်တာ မပြောလိုက်ဘူး :D) ၊ ဗမာနှစ်ကူး အချိန်မှာမှ ပွင့်တာ ဆိုပြီး ပြောလိုက်တာ တအံ့တသြနဲ့  နားထောင်သွား ရှာတယ်။ ပြီးတော့ ပုံတွေပြပါအုံးဆိုလို့  အင်တာနက်ပေါ်က ပန်းပုံတွေရှာပို့ လိုက်ရသေးတယ်။ အခု ရေးနေရင်းမှ စဉ်းစားမိတယ်။ နွေရာသီ ဧပြီလမှာ ရွာတဲ့မိုး၊ နှစ်သစ်ပွဲအတွက် ရွာတဲ့မိုး၊ နှစ်သစ်ကူး မိုးရွာပြီး နောက်တစ်ရက်မှာ ပွင့်တယ်ဆိုတာ ထည့်ပြီး မပြောလိုက်ရဘူး။ လိုသွားတယ်။

အင်တာနက်ပေါ်က ကျွန်မကြိုက်တဲ့ ပိတောက်ပန်းပုံ တချို့ ...

Photo Source: Flintz (Flickr)


Photo Source: MgMinThu (Flickr)

Photo Source: MgMinThu (Flickr)

ဒီအောက်ပုံကတော့ စင်္ကာပူက ပိတောက်၊ ဒီနိုင်ငံမှာလည်း ပိတောက်ပန်းရှိကြောင်း ဟို အလုပ်က တစ်ယောက် သိအောင် ပြလိုက်တယ်။
Photo Source: YeTun (Flickr)

ဓာတ်ပုံတွေ ရိုက်ပြီး တင်ပေးထားတဲ့ သူအားလုံးကို ကျေးဇူးတင်တယ်။ ဒီပုံတွေကြောင့်သာ ပိတောက်ပန်း ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ကြောင်း ပြလိုက်နိုင်တာပါ။

အဲဒီတစ်ယောက်က ဆက်မေးလို့  ပိတောက်ပင် အကြောင်း နည်းနည်း ရှင်းပြဖြစ်တယ်။ ပိတောက်ပန်း အပြင်၊ ပိတောက်သားရဲ့ အသုံးဝင်ပုံ၊ ပိတောက်သား ပုံတွေလည်း ပြဖြစ်တယ်။ ပိတောက်သားဆိုလို့  ပိတောက် ကျီးပေါင်းသားနဲ့  လုပ်ထားတဲ့ စားပွဲတစ်ခု ကျွန်မတို့ ငယ်ငယ်က အိမ်မှာ ရှိတယ်။ စားပွဲက အ၀ိုင်း။ ဆက်ရာမရှိဘူး။ ဘေးက အချွန်အချွန်တွေ ဖြစ်နေတာ။ အကွက် အကွက်တွေနဲ့  အရမ်းလှတယ်။ ဒါကြောင့် အဲလို ပုံစံတွေကို လိုက်ရှာပြဖြစ်တယ်။ ဒါတော့ သူက သိတယ်။ မြင်ဖူးတယ်၊ လှတယ်တဲ့။ ပိတောက်ကို အရင်က "Rosewood" လို့ ပဲသိခဲ့တာ၊ အဲဒီတစ်ယောက်ကို ရှင်းပြရင်း သိချင်လာလို့  နည်းနည်း လိုက်ရှာကြည့်မှာ ပိတောက်ပင်ဟာ ဖိလစ်ပိုင်တွေ အတွက် National Tree ဖြစ်နေမှန်း သိလိုက်ရတယ်။ National Flowers တော့ မဟုတ်ဘူး။ နောက်ပြီး ပိတောက်ပင်ဟာ ထိုင်းနိုင်ငံက Chonburi နဲ့  Phuket အတွက်ဆို Provincial Tree လို့ လည်း သိလိုက်ရပါတယ်။

ပိတောက်ကို တခြားနိုင်ငံတွေမှာ ဘယ်လိုခေါ်လည်း သိချင်တယ်ဆို မှတ်ထားဖို့။ ဒါလေးတွေ သိထားတော့ တစ်ယောက်ယောက်ကို ရှင်းပြတဲ့အခါ ပိုလွယ်တာပေါ့။

Narra (Philippines)
Sonokembang (Indonesia)
Angsana or Sena (Indonesia, Malaysia and Singapore)
Tnug (Cambodia)
Pradu (Thailand)

ပိတောက်ပင်တွေကို Pterocarpus indicus လို့ ခေါ်တယ်။ မြန်မာပြည်က ပိတောက်ကတော့ Pterocarpus macrocarpus။ macrocarpus က indicus ထက်ပိုပြီးမာကျောတယ်တဲ့။ သစ်သားကို ပြောတာထင်တယ်။ ဒါကတော့ ၀ီကီမှာတွေ့ တာ။

ပိတောက်ပင်တွေ ပင်းလုံးကျွတ်ပွင့်ပြီးဆို အရမ်းမွှေးတာပဲ။ ငယ်ငယ်က နေခဲ့တဲ့ အိမ်မှာ ပိတောက်ပင်ကြီးရှိတယ်။ အပွင့်ကြီးမျိုး။ ပိတောက်မှာ အပွင့်ကြီး အရောင် နည်းနည်းဖျော့တာနဲ့  အပွင့်သေး အရောင်နည်းနည်းရင့်တာ နှစ်မျိုးရှိကြောင်း သတိထားမိတယ်။ ပိတောက်တွေဖူးလာပြီဆို အရမ်းသဘောကျတာ။ တစ်ရက်မိုးရွာပြီးလို့  နော်ကတစ်ရက် မနက်မိုးလင်းပြီဆို အပင်ကိုကြည့် စရာမလိုဘူး၊ အိပ်ယာ အနိုး မျက်လုံးတောင်မပွင့်သေးဘူး၊ ပိတောက်ပန်းနံ့ ကရနေပြီ။ အဲဒီအချိန်မှာ တချို့  ပိတောက်နံ့ မကြိုက်တဲ့သူတွေအဖို့ တော့ အတော်လေး နေရခက်မယ်။ ဘာပဲဖြစ်ဖြစ် ပိတောက်ပွင့်တဲ့အချိန်တွေကို သတိရနေတယ်...

22 comments:

  1. သြော်….ပိတောက်အကြောင်း အသေးစိတ် စာဖွဲ့နေတော့ ပိတောက်ရိပ်ဆိုတဲ့ အကောင်းစားမြန်မာဘလော့ဂ်ကလေးတခုအကြောင်းလဲ ပါလေမလားရယ်လို့ မျှော်တလင့်လင့်နဲ့ဖတ်လိုက်ရတာ ဆုံးသာသွားရော မတွေ့လိုက်ဘူး။ ရင်မောရပါလားနော်။း-)

    ReplyDelete
  2. Yes I also just noticed that when I was been to near Wheelock place this afternoon. Really miss Myanmar.

    ReplyDelete
  3. ဓါတ်ပုံတွေ ကြည့်ပြီး လွမ်းတယ်...

    ReplyDelete
  4. ကြားထဲက ဘလော့ဂ်ကြော်ငြာ လာဝင်ချင်တဲ့ သူက ရှိသေးတယ်နော်..။ အဟက်။
    ပိတောက်အကြောင်း စိတ်မ၀င်စားဘူး။ ပိတောက်ဆိုတဲ့ ကောင်မလေးပဲ စိတ်ဝင်စားတယ်...။ :P

    ReplyDelete
  5. ပန်းပွင့်တဲ့ပိတောက်နဲ့ သစ်သားထုတ်တဲ့ ပိတောက်က အတူတူ ပဲလားဗျ။ ကျွန်တော့် စိတ်ထဲ မတူဘူး ထင်နေတာ။

    ကိုပေါကလည်း ဇွတ်။

    ReplyDelete
  6. ကိုပေါ ... သတိရတယ်.. ပိတောက်ဆိုတာနဲ့  ပိတောက်ရိပ်ကို အရင်သတိရပြီးသား... ဘယ်မေ့မလဲ... ဒါပေမယ့် ထည့်ရေးတာ ကြိုက်မှန်း မကြိုက်မှန်းမသိလို့  ထည့်မရေးဖြစ်ခဲ့တာပါ :D..

    Myintzu နဲ့  GreenGirl လည်း စီကိုပါ.. ဒီပိုစ်က တစ်ဆင့် အလွမ်းဓာတ်ကူးသွားပြီ...

    Ko Boyz... ကိုဘွိုင်းအသိထဲမှာ ပိတောက်ဆိုတဲ့ ကောင်မလေးရှိလို့ လား.. မယုံဘူး.. ဘလော့မှာရေးပြီး ဓာတ်ပုံနဲ့ တကွ သက်သေပြပါ...

    သီဟသစ် .. ကျွန်မ အနေနဲ့ တော့ အပေါ်မှာရေးထားတဲ့ ပိတောက်ပန်းပွင့်တဲ့ အပင်နဲ့  သစ်သားထုတ်တဲ့ ပိတောက်နဲ့  တူတူပဲလို့  ပဲ သိပါတယ်။ နောက်ပိုင်း ကားလမ်းဘေးတွေမှာ စိုက်လာတဲ့ မလေးရှားပိတောက် ကတော့ တခြား။

    ReplyDelete
  7. နေနေရေ... လွမ်းလာပြီ.. မနှစ်က အိမ်ပြန်တော့ မနက်နိုးနိုးချင်း ပိတောက်တွေ ပွင့်နေတာ တွေ့ရတယ်.. အိပ်ခန်းထဲကနေ ပန်းလှမ်းခူးလို့ရအောင်ကို ကဗျာဆန်နေတာ... ဒီနှစ်တော့ မရှိတော့ဘူးထင်တယ် နာဂစ်တုန်းက လဲတဲ့ အထဲ ပါသွားတယ်...

    ReplyDelete
  8. ကိုဘွိုက်စ က အားလုံးကို စိတ်ဝင်စားတာမဟုတ်လား။ သူလူမှားနေပြီ။။

    ReplyDelete
  9. ကိုပေါ..ကိုပေါ..ကိုပေါ..တသသ ခေါ်သွားသည်။

    ReplyDelete
  10. http://khinoomay77.blogspot.com/2009/03/seven-punds.html

    အစ်မ နေနေနိုင် ကိုစောင်းပြီးရေးထားတယ်။ ဖတ်ပေးဦး။

    နောက်ပညာသင် နစ်ခန်းကတော့ အတိုချိုပ်ဆိုရရင် ကောင်မလေး လိုအပ်နေတာ ကို surprise လုပ်ပေးရမယ်။ နောက်တစချက်က အိပ်မပျော်နိုင်ပါဘူး ဆိုတဲ့ ဆေးရုံပေါ်က ကောင်မလေး ကို တောက်လျောက် စကားတွေ ပြောပေးတာူသူလဲ ဆေးရုံရောက်ကော နောက်ဆုံးကောင်မလေး လဲအိပ်ပျော် နေပါပြီ။ (ဘာမဆိုင် ညာမဆိုင် N2 ကို သတိရမိသးတယ။် )

    ReplyDelete
  11. N2 ဆိုတဲ့နေရာကို ကလစ်လိုက်ပါဦး။
    ချစ်မမ

    ReplyDelete
  12. အမက ပိတောက်အနံ့ အများကြီး ရရင် မူးတတ်တယ်။
    နည်းနည်းလောက်ဆိုရင်တော့ ဘာမှမဖြစ်ဘူးဟ။
    ဒါပေမယ့် ကြိုက်တယ် ပိတောက်ကို။
    ခုစလုံးက ပိတောက်က နည်းနည်းအပွင့်သေးသလိုပဲနော်။

    ReplyDelete
  13. မီယာကိုလည်း အလွမ်းဓာတ်ကူးသွားပြီ။ အိပ်ခန်းထဲက ပန်းလှမ်းခူးလို့ ရတာဆို အရမ်းသဘောကျတာ။ အဲဒီ ပိတောက်ပင် လဲသွားပြီဆို နှမျောစရာကြီး။
    အခုနေတဲ့ ရန်ကုန်အိမ်ရှေ့ မှာ ပိတောက်ပင်တစ်ပင် အမေလား၊ အစ်ကိုလားမသိဘူး စိုက်ထားတာ ရှိတယ်။ အပေါ်က မီးကြိုးနဲ့  မလွတ်လို့  နှစ်တိုင်းခုတ်ပေးရတဲ့ အတွက် ပန်းပွင့်တဲ့ အဆင့်မရောက်တော့ဘူး။

    မ KOM... စောင်းပြီး ဘယ်လိုရေးလဲ အစ်မ။ သွားဖတ်ကြည့်ပြီးပြီ။ ဘာမဆိုင် ညာမဆိုင် သတိရတယ်ဆိုတော့ ဘာလို့ သတိရတာလဲ မေးလို့ မရတော့ဘူး။ အဲဒီပိုစ်မှာ တခြားပိုစ့်တွေ ကိုလင့်ပေးထားတာ အများကြီးပဲ။ အစ်မက ဘလော့တွေ လိုက်ဖတ်ယုံမကဘူး၊ ဖတ်မိသမျှ အကုန်လုံးလဲ မှတ်မိနေတဲ့ ပုံပဲ။ မှတ်ဥာဏ်ကောင်းလိုက်တာ..

    မခင်မင်းဇော်.. အစ်မ ရေ.. ဒီမှာ အပွင့်ကြီးလည်း ရှိတယ်။ ဒီက ပိတောက်ပင် အများစုက အကြီးကြီးတွေ၊ ပြီးတော့ ပွင့်တာကလည်း သိပ်မများတော့ အပွင့်တွေကို အနီးကပ်မမြင်ရတာများတယ်။ ဒါပေမယ့် ကြွေကျတဲ့အပွင့်တွေကို လိုက်ကြည့်ဖြစ်လို့  အပွင့်အကြီးရော၊ အသေးရော ရှိတယ်ဆိုတာ သတိထားမိနေခဲ့တာပါ။

    ReplyDelete
  14. ပိတောက်ဆို ပိတောက်....
    တစ်ယောက်ဆို တစ်ယောက်....

    ဒါပေမယ့် အခြောက် မပါကြေး....
    အဟား....

    ReplyDelete
  15.ုသင်္ကြန်ကို စိတ်မ၀င်စားပေမယ့် ပိတောက်တော့ ကြိုက်တယ်။ အစ်မပြောသလို ပိတောက်ပွင့်ရင် သွားကြည့်နေစရာမလိုဘူး အနံ့ကကြိုင်နေတာ။ ပြီးတော့ မနက်စောစောမှာရတဲ့ ပိတောက်နံ့လောက် မွှေးပြီး စိတ်ကိုကြည်လင်စေတာမရှိဘူးလို့ထင်မိတယ်။

    ReplyDelete
  16. မမ ညီမရေးတဲ့ ပို့စ်ထဲမှာ ပိတောက်ပန်းအကြောင်းနဲ့ ပက်သက်ပြီး သိချင်ရင် မမပို့စ်မှာ ဖတ်နိုင်ကြောင်း လင့်ပေးထားပါတယ်.. ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်.. အားရင် လာလည်ပါဦးနော်..

    ReplyDelete
  17. စလုံးက အရင်နေခဲ့တဲ့ အိမ် ရှေ့ မှာ ပိတောက်ပင် အကြီးကြီး ရှိတယ် ပိတောက်ပွင့်ချိန်ဆို မွေးပြီး ခဏနေတော့ ပိတောက်ပွင့်လေးတွေ လေနဲ့ကြွေကျ တာ သိပ်ကို ကဗျာဆန်တာပဲ။ ဘူတာကို သွားတဲ့ လမ်းမှာလည်း ပိတောက်ပင်တွေ သုံးလေး ငါးပင်ရှိတယ်။ လွမ်းစရာပေါ့။ ခုနေတဲ့ ရပ်ကွက်ကတော့ အသီးလား အစေ့လားမသိတဲ့ အနီရောင် အစေ့လေးတွေ ကြွေကျတဲ့ အပင်တွေပဲရှိတယ်။နွေဦး တောင် ရောက်မှကိုး။ ပိတောက်ဖူးတွေ မြင်ရတော့မယ်လေ။

    ReplyDelete
  18. Red ...
    စံပယ်၊ ခရေ၊ ပုန်းညှက်၊ ကံ့ကော်တွေလဲ အဲလိုပဲ.. အရမ်းမွှေးတယ်.. ဘာရယ် မဟုတ်ဘူး.. Red ရေးထားတာ ဖတ်ပြီး အိမ်မှာရှိတဲ့ မွှေးတဲ့ပန်းတွေ သတိရသွားလို့  :-)

    JulyDream ..
    NMA ရေ.. ဒီမှာ အဲဒီ အကြောင်းပြောတာ တစ်ယောက်မှ မရှိဘူးလေ.. ပိတောက်အကြောင်းပဲ ပြောနေတာ..

    မေကဆုန်..
    လင့်ပေးတာအတွက် အထွေအထူး ခွင့်တောင်းစရာတောင် မလိုပါဘူး ညီမလေး..

    Ko NyiMuYar ..
    ရေးထားတာ ဖတ်ပြီး.. အရင်က ဘယ်မှာနေသလဲ ဆိုတာ စဉ်းစားနေတယ်..

    ReplyDelete
  19. macro=big
    carpus=fruit
    indicus=very dark (almost black)

    Burmese Padauk is P. macrocarpus
    Malayan Padauk is P. indicus

    More info on various species of Pterocarpus...
    http://en.wikipedia.org/wiki/Pterocarpus

    :)

    ReplyDelete
  20. Oops... here's a correction on my previous comment:

    indicus = of India (East Indies)

    List of Latin and Greek words commonly used in systemic names

    ReplyDelete
  21. I also took my Padauk photo near Redhill Post Office, Singapore last year. Ko Ye Tun's Padauk was taken near Ang Mo Kio.

    When I saw the Padauks blossoming beautifully without being noticed by anyone, I feel sorry and went back home straight to take my camera. It was taken with my 50-200mm VR.

    Thanks
    Flintz

    ReplyDelete
  22. Ko Alvin... Info တွေအတွက် ကျေးဇူးတင်ပါတယ်.

    Flintz ... ဘယ်နေရာမှာ ပုံတွေရိုက်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ အခုလို ရိုက်ခဲ့တဲ့ အတွက် စင်္ကာပူမှာလည်း ပိတောက်တွေရှိကြောင်း လူတွေ သိသွားကြပြီ။ ဓာတ်ပုံတွေ အတွက် ကျေးဇူးပါ။

    ReplyDelete