Pages

March 14, 2009

ချစ်တာအပြစ်လား.

မှန်စီရာ ရွှေအိမ်မြနန်းပေါ်မှာ
အချစ်မရှိရင် ဘ၀အဓိပ္ပါယ် မရှိတော့ပါ
အစဉ်ပြေသလို ပျော်စရာရှာတဲ့အခါမှာ
နှလုံးသား ချစ်ပန်းကလေးတွေ ဖူးပွင့်လာ..
အသည်းရဲ့လိုလားချက်များ တားမရစကောင်းပါ
အချစ်ရှိတဲ့လူတိုင်း နားလည်မှာ...

အကြင်နာကိုမြတ်နိုးသူ လူသားတွေကြားထဲမှာ
တို့ နှစ်ယောက်ချစ်တာ အပြစ်လား...
ချစ်တာအပြစ်လား

ပျော်စရာတွေငိုစရာတွေ တွေ့ ချိန်မှာ
အချစ်ရဲ့ခံစားချက်တွေ သိတတ်လာ
ရွှေပင်လယ် ငွေပင်လယ်တွေ ဆီးကာခါ
ခရီးဆက်မယ် အချစ်အတွက်ဆို ရဲဝံ့စွာ
အေးချမ်းတဲ့အရိပ်လေးတစ်ခု တို့ အတွက်ပေးပါ
ချစ်ကြတဲ့သူများနားခိုရာ

ဏ္ဍနြေ္ဒစင်အောင်ရင်ဖွင့်သူ လူသားတွေကြားထဲမှာ
တို့ နှစ်ယောက်ချစ်တာ အပြစ်လား...
ချစ်တာအပြစ်လား

မတူညီတဲ့အလွှာခြားပါစေ ... ချစ်တာအပြစ်လား..
အဆင်ပြေရာဘ၀ခြင်းတွေ ... ချစ်တာအပြစ်လား
ပျော်စရာရှာလူသားတွေ ခံစားကာ ... ချစ်တာအပြစ်လား

တကယ်ဆိုရင် လွယ်ကူပါလျက်အခြေမှာ
အတားအဆီးတွေခြားထားရင် မချစ်ဝံ့သာ..
အတောင်စုံရင် ဝေဟင်ကို အပြေးပျံကာ..
အမြင့်ဖက်ကို ခရီးဆက်ရန်ထွက်ကြမှာ..
အချစ်ငှက်တို့  သဘာဝနဲ့ အလှအပတရားကို
ခွင့်လွှတ်တဲ့သူတိုင်း နားလည်မှာ..

ကြင်ကြင်နာနာစိတ်များနဲ့  လူသားတွေကြားထဲမှာ..
တို့ နှစ်ယောက်ချစ်တာ အပြစ်လား..

ချစ်တာအပြစ်လား


ချစ်တာအပြစ်လား - ကိုင်ဇာ ၊ ရတနာမိုင်
ချစ်တာအပြစ်လား - မေခလာ ၊ ဇော်ပိုင်
ချစ်တာအပြစ်လား - မေဆွိ (Credit to GreenGirl)

11 comments:

  1. ဘယ်သူ့ကို မေးနေတာလဲဟင်...

    သိတဲ့သူတွေ ဖြေပေးလိုက်ကြပါဗျို့။ :P

    ReplyDelete
  2. မဟုတ်ပါဘူး...ချစ်ပါ..ချစ်ပါ.
    အဲဒီသီချင်းအရမ်းကြိုက်တာပဲ။
    တီဗီမှာ အရင်က ခဏခဏလာတယ်နော်
    ကိုင်ဇာနဲ့မေခလာယူကာစကလေ။

    ReplyDelete
  3. နေနေ ဘာဖြစ်နေလဲ...
    နေကောင်းလား...
    သီချင်းတွေပဲ ဇွတ်တင်နေပါလား..

    ReplyDelete
  4. ချစ်တာ အပြစ်မဟုတ်ပါဘူးနေနေ။
    ထုံးစံအတိုင်း သီချင်းလေးတွေကို လာခံစားသွားပါတယ်။

    ကြည်

    ReplyDelete
  5. (အာ...ဟာဟာဟာ)3
    နောက်ခံ ဟာမိုနီအသံလိုနေလို့ဖြည့်ပေးလိုက်ပါတယ် မနေနေ။ :P

    ReplyDelete
  6. ချစ်ခွင့်လေးတော့ ပေးသင့်ပါတယ်ကွယ်...

    ReplyDelete
  7. အဟိ... အရင်က N2 ရဲ့ ပို့စ်တစ်ခုမှာ (ဝတဲ့အကြောင်းကာတွန်းလားမသိ) ဝတာအပြစ်လား
    အာဟားဟား... အာဟာ့ဟာ... ဆိုပြီး သီချင်းလာဆိုသွားဖူးတာ အမှတ်ရတယ်..။

    ReplyDelete
  8. သီချင်းဆိုချင်နေတယ်လား။
    ကောင်းတယ် ဆိုပါ။
    အသံတော့မထွက်စေနဲ့။

    ReplyDelete
  9. http://www.fileden.com/files/2007/12/16/1647102/12%20-%20ChitTarAhPyitLar.mp3

    မေဆွိဆိုတာ မမ :)

    ReplyDelete
  10. JulyDream .. ဘယ်သူရယ်လို့  တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ပြီးမေးနေတာတော့ ဟုတ်မယ် မထင်ဘူး..
    ဖြေချင်တယ်ဆို ဖြေလို့ ရပါတယ်..

    မမွန်.. ဒီနေရာမှာ တစ်စုံတစ်ယောက်နဲ့ အကြိုက်တူနေတယ်..

    မုန်းစရာ.. ဘာမှမဖြစ်ပါဘူး အစ်မ.. သီချင်းတွေက နားထောင်လို့ ကောင်းတာနဲ့  တင်ဖြစ်နေတာ..

    ကြည်... ခုလိုအဖြေတစ်ခုပေးသွားတာ ကျေးဇူးတင်တယ်နော်..

    ခပ်မြင့်မြင့်... စာသားတွေရေးလိုက်တာ ဟာမိုနီမပါဘူးဖြစ်သွားတယ်..

    မီယာ ... ဆိုတဲ့  သီချင်း ဘယ်သူဆိုလည်း စဉ်းစားမရဘူး..

    မ KOM.. အသံမထွက်ပဲ မျက်လုံးက တစ်ဆင့် သီချင်းဆိုပြတတ်အောင် ကျင့်လိုက်အုံးမယ်..

    GreenGirl.. ညီမရေ.. မေဆွိဆိုတဲ့ ဗားရှင်းအတွက် အထူးကျေးဇူးတင်ပါတယ်.. Post ကို update လုပ်ထားလိုက်တယ်..

    ReplyDelete
  11. ရတနာဦးနဲ့ ဂရေဟမ် ဆိုတာကို ပိုသဘောကျတယ်...။ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိပါတယ်။ “ယနေ့မှစ နှစ်တစ်ရာတိုင်” ဆိုတဲ့ အယ်ဘမ်ထဲက ဖြစ်ပါတယ်။

    ReplyDelete