ဒီနေ့ ... သောကြာနေ့ ..
ဒီနေ့ .. ၁၃ ရက်နေ့ ..
ဒီနေ့ .. ဈေးဝယ်ထွက်တယ်..
အဲဒီတော့ ဘာတွေ ထူးထူးခြားခြား ဖြစ်လဲ။ အောက်က ပစ္စည်းတွေ အိမ်ကို ပါလာတယ်။ ပြီးတော့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေ လျှော့သွားတယ်။ နောက်ပြီး ခြေထောက် နည်းနည်း ညောင်းသွားတယ်။ ဒါပါပဲ။ဒီနေ့ .. ၁၃ ရက်နေ့ ..
ဒီနေ့ .. ဈေးဝယ်ထွက်တယ်..
သတိပေးချက်။ ။ လူကိုခင်တယ်ဆို.. ဘယ်လောက်ကုန်သွားလဲ မမှန်းပါနှင့်။
ခုတလော ပင်ပန်းတယ်။ ခေါင်းနည်းနည်း ရှုပ်တယ်။ ဒီနေ့  သောကြာနေ့ ဆိုတော့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားလိုက်တယ်။ စစ်တီးဟော ထမင်းသွား စားတယ်။ ပြီးတော့ အိမ်မပြန်ပဲ Suntec ဘက်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်တယ်။ လူတွေ အများကြီးပဲ။ ဒီနေ့  လူတွေ များမှာပေါ့၊ Suntec မှာ IT Show 2009 နဲ့  တခြား Warehouse Sale တွေရှိနေတယ်။တစ်ယောက်တည်းဆိုတော့ ကြည့်ချင်တာတွေ အကုန် လျှောက်ကြည့်တယ်။ Burberry Sale ရှိတယ်။ လူတွေအများကြီး တန်းနေတာ။ ကြီးကျယ်တယ်။ ပါလာတဲ့ အိတ်တွေအကုန် ပလတ်စတစ်အိတ်တွေနဲ့  စွတ်ပြီးမှ အထဲဝင်ခိုင်းတယ်။ လူတန်းကြီးက အရှည်ကြီးပဲ။ စိတ်မ၀င်စားလို့  ၀င်မကြည့်တော့ဘူး။ IT Show 2009 ရှိတယ်။ ၀င်ကြည့်တယ်။ ၀ယ်ချင်တာ မတွေ့ ဘူး။ ပြန်ထွက်တယ်။ Body Shop Sale ရှိတယ်။ ၀ယ်စရာ နည်းနည်းရှိတာနဲ့  ၀င်ကြည့်တယ်။ လူတွေထဲတိုးပြီး လိုမယ်ထင်တာ တစ်ချို့  ခပ်မြန်မြန်ကောက် ထည့်လိုက်တယ်။ ပိုက်ဆံ ရှင်းတယ်။ ပြန်ထွက်လာတယ်။ လူတွေကို နည်းနည်း အချိန်ပေးပြီး ရပ်ကြည့်ဖြစ်တယ်။ ပြီးတော့ အချိန်ရသေးတာနဲ့  epi Centre ကို နောက်ထပ် သွားကြည့်တယ်။ နောက်ဆုံး အိမ်ပြန်လာတယ်။
Burberry Sale နဲ့  Body Shop Sale က မနက်ဖြန် နောက်ဆုံး၊ IT Show က သဘက်ခါ အထိရှိမယ်။ SunTec - Event Calendar မှာ ကြည့်လို့ ရပါတယ်။
အိမ်ရောက်လို့  ၀ယ်လာတာတွေ ပြန်ကြည့်တော့ ပထမ ၀ယ်ဖို့ စိတ်ကူးမရှိတာ တချို့ လည်း ပါလာတာတွေ့ ရတယ်။ သူရေးထားတာ ဖတ်မိလို့  ဟို စတော်ဘယ်ရီဘူး ကောက်ထည့် လာတာဖြစ်မယ်။ ရေချိုးတာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ အများကြီး မပါတဲ့အတွက် ကိစ္စမရှိဘူးလို့  သတ်မှတ် လိုက်တယ်။ စိတ်ချမ်းသာသွားတယ်။
ဒီနေ့  လှေခါးအောက်တွေ ကတော့ ဖြတ်ခဲ့မိတယ်။ ရှောင်လို့ မှ မရတာ။ ဒါပေမယ့် လမ်းမှာ ကြောင်မည်းကြီးတော့ မတွေ့ ခဲ့ပါဘူး။
ငေးမောသွား၏။ ဒီနေ့ညနေ ပိုစ်တက်ကိုတက်ရမယ် လို့ကိုယ်ဘာသာ စိတ်ထဲမှာ လောင်းထားတယ။်
ReplyDeleteအစ်မ ပျင်းမှာစိုးလို့ ပါ အစ်မရယ်.. :P.. တကယ်တင်တာ ၁၂ နာရီ ကျော်သွားလားမသိဘူး။ စရေးတာတော့ ၁၂ မကျော်သေးဘူး။ ဒါနဲ့  အစ်မ ဘာကိုငေးပြီး ဘာကြောင့် မောသွားတာလဲဟင်.. :D
ReplyDeleteN2 ဝယ်ထားတာတွေ ကို သဘောကျလို့ပေါ့။
ReplyDeleteN2 ဝယ်ထားတာတွေ ကို သဘောကျလို့ပေါ့။
ReplyDeleteဟေး ၀ယ်ထားတာ အရမ်းများနေပါလား။တစ်လစာအတွက်လား။ သီချင်းလေးတွေ ရှယ်ပေးတတ်သလို ၀ယ်လာတဲ့ဟာလေးတွေ ရှယ်ပေးရင်ကောင်းမယ်။ မကုန်မှာစိုးလို့ပါ။တစ်ယောက်ထဲ လျောက်သွားတာ ဆူခံမထိဘူးလား။ (ဟိုးအဝေးကြီးမှာ ပူပန်သူတစ်ဦးရှိသည်ဟု နားစွန် နားဖျား ကြားသိသဖြင့်ပြော)
ReplyDeleteကြည်
Body Shop ပရိသတ်ပါပဲ.. အပြင်မှာနေရင်တော့ ဝယ်သုံးနိုင်သေးတယ်... ဒီမှာတော့ ဝယ်သုံးနိုင်တော့ဘူး
ReplyDeleteငေးပဲငေးနိုင်တော့တယ်.. :)
သုံးလည်းထူးမယ်မထင်ပါဘူး ဒီရုပ်ကလေးက ဒီရုပ်ကလေးပါဘဲ။
ReplyDeleteမီးဖိုထဲမှာ တစ် ဒုံးဒုံး နဲ့တစ်မနက်လံးထုပြီး တော့နောက်ဆုံ့းထွက်လာတော့လည်း ဟင်းနစ်ခွက်ပါဘဲ လား ဆိုသလိုပေါ
Haaa...
ReplyDeleteAll S$ 2 Only each..?
Heee...!!
ဘယ်သူလည့်းကွာ. ဖီးလင်တွေကို နစ်ကျပ်နဲ့ဖျက်စီးသွားတယ်။
ReplyDeleteCharles & Keith Warehouse Sale / Up to 70% off / 12 – 15 March / 10am – 8pm / 21 Tai Seng St
ReplyDelete11 – 14 March / 11am – 8pm / Suntec Convention Level 3 Gallery West (near Pearl River)
Body Shop Warehouse Sale / Up to 70% savings; FREE Gift with purchases above $50 or more
Burberry Sale 11 – 14 March / 10am – 9pm / Suntec Convention Hall 303-305
free gift ကဘယ်ဟာလဲ ပြ. မြှား နဲ့ထိုးပြ။
ReplyDeleteမ KOM ...
ReplyDeleteဘာတွေလဲ သိလို့ သဘောကျတာလား :P
ကြည်...
ယူမယ်ဆို ရှယ်ပေးပါတယ်။ ၀ယ်လာတာ မများပါဘူး။ ဟိုခေါင်းလျှော်ရည် ဘူးသေးသေးလေးတွေ ကြောင့်များတယ် ထင်ရတာ။ တခြားဟာ ဘာမှ သိပ်မပါဘူးလေ။ ၂ ရက်တခါလောက် ခေါင်းလျှော်ဖြစ်တော့ ခေါင်းလျှော်ရည်က ကုန်မှာ သေချာတယ်။ ဘယ်ဟာကောင်းမှန်းမသိလို့  ဘူးသေးလေးတွေ စမ်းကြည့်မလို့ ။ ဒါတောင် အစုံမရတော့ဘူး၊ အတော်များများက ကုန်သွားပြီ။ ဘူးကြီးတွေပဲရှိတော့တယ်။ လိုမှာသေချာတဲ့ ဘူးကြီးတော့ တစ်ဘူးပဲဝယ်လာတယ်။ နောက်မှ ကြိုက်တာတွေ့ ရင် ၀ယ်တော့မယ်။
မဆူဘူး။ မဆူတဲ့အပြင် အဲလို များများသွားလို့  အားပေးနေတယ်။
နိုင်းနိုင်း...
အတော်များများက Body Shop ကြိုက်ကြတယ်နော်။ ဒီမှာ ဈေးချတယ်ဆိုရင် ၀ယ်တဲ့သူတွေ အများကြီးပဲ။ လိုတာရှိရင်ပြောလေ။ ၀ယ်ပို့ ပေးမယ်။ အမျိုးအစား အတိအကျတော့ ပြောနော်။ အဲဒီကဟာတွေက ဘာတွေမှန်မသိဘူး၊ အများကြီးပဲ။ ကိုယ်မကျွမ်းကျင်တဲ့ ဟာတွေမို့ လားမသိဘူး... အမျိုးအစား အတိအကျ မပြောရင် မ၀ယ်တတ်ဘူး။
မ KOM ..
နောက်တစ်ခေါက် ထပ်လာရေးတယ်....
အစ်မပြောသွားတဲ့ စကားအရမ်းသဘောကျတယ်.. :D
နေနေ ပြင်လိုက်ရင်တော့ ထူးခြားမယ် ထင်တယ်။ ခေါင်းလျှော်တာကို။ လူတစ်ယောက် ခေါင်းလျှော်ထားတာနဲ့  ခေါင်းမလျှော်ထားတာ ကွာတဲ့ အစ်မရဲ့ .. ရာသီဥတု ပူလို့  ခေါင်းမှာ ချွေးထွက်တယ်ဆို ပိုဆိုးသေး..
Anonymous..
တစ်ခု S$2 နဲ့  သာဆိုရင် ကျွန်မ ထပ်သွားဝယ်ချင်သေးတာပေါ့ရှင်။
မ KOM ..
ကော်ဘူးသေးလေးတွေက S$ 2 ပဲ ပေးရတယ် အစ်မရဲ့ ။ အနည်းဆုံး 5 ဘူး ယူမှ ရတယ်။ 5 ဘူး S$ 10 ပေါ့။ မဆိုးဘူး. ကိုယ်ကြိုက်မှန်း မကြိုက်မှန်းမသိလို့  စမ်းကြည့်ချင်တာဆို အဲဒါ မျိုးလေးတွေ ၀ယ်လို့ ကောင်းတယ်။ ကြိုက်တာတွေကတော့ ဘူးကြီးဝယ်မှ တန်မယ်။ ဘူးလိမ္မော်ရောင် အသေးလေးကတော့ S$ 2 မဟုတ်ဘူး။ အဲဒါလေးက အမွှေးနံ့ အဆီဘူးလေးလေ။
Sales တွေ List ပြတာ အစ်မ သွားဝယ်တော့ မလို့ လား။ အားကျသွားသလား အစ်မ။ မနေ့ က တစ်ချို့ တွေ အများကြီး ၀ယ်တာတွေ့ တယ်။ ပြန်ရောင်းဖို့ လား မသိဘူး၊
Free Gift ဘာမှမရဘူး။
သူတို့ ပြောတာ အစောဆုံး လူ ၃၀၀၀ ကို S$50 ဖိုးကျော်ဝယ်ရင် လက်ဆောင်ပေးတယ် ပြောတာ။ ကိုယ်သွားတဲ့အချိန်က အလုပ် အပြန်ဝင်တာဆိုတော့ အရောင်းပိတ်ခါးနီးတောင်ဖြစ်နေပြီ။ ဘာမှ မရတော့ဘူး။
ma ma....
ReplyDelete၇၅ဘိုး...
မေဇင်
မနေ၀ယ်တဲ့ ခေါင်းလျှော်ရည်လည်း ၀ယ်ဖြစ်တယ်အစ်မ။ ရက်ဒ်လည်း ပထမရက်က ၀ယ်တဲ့ ဘူးသေးသုံးပြီး ကြိုက်လို့ ဗူးကြီး ၀ယ်ဖြစ်လိုက်တယ်။ တော်မီက စတော်ဘယ်ရီ သီးကောင်းတယ်ဆိုတာနဲ့ နောက်နေ့သွားဝယ်တာ။ ဖျောရည်သီးကထုတ်တဲ့ ဘော်ဒီဘတ်တာလည်း ကောင်းတယ်။ မွှေးမွှေးအေးအေးလေး။ ခေါင်းလျှော်ရည်က ဗူးကြီးတွေကပိုတန်တယ်။ ပြန်ရောက်ပြီးမှ ဈေးသွားကြည့်တော့ သူက ၃၀ ကျော်တန်ကို ၁၂ ကျပ်နဲ့ချတာ။ ယူမယ်စိတ်ကူးပြီးမှ ပြန်ချခဲ့လို့ နှမြောနေတာ။
ReplyDeleteကွန်မက်တွေ ပြန်လာဖတ်သွားသည်။
ReplyDeleteမေဇင်..
ReplyDeleteမဟုတ်ဘူး... လိုသေးတယ်..
Red ...
ညီမ ပြောမှ အပြင်ဈေးတွေ သိတော့တယ်... ဈေးတွေမသိဘူး.. ဒီလိုပဲ လိုမယ်ထင်တာလေးတာတွေ ၀ယ်လိုက်တာ.. ဘောရီဘတ်တာ မ၀ယ်ဖြစ်ဘူး... အဲဒီနေ့ က Red ထပ်သွားမယ် မသိလို့  ဖုန်းမဆက်ဖြစ်တာ .. မဟုတ်ရင် တူတူသွားလို့ ရတယ်..
မ KOM ..
ဘယ်တွေရောက်သေးလဲ..