ီနေ့  အလုပ်က IT Security Depatment က ပို့ ပေးလို့  ဖတ်လိုက်ရတဲ့ ကာတွန်း။ အလုပ်တွေမှာ ဒေတာတွေ Backup လုပ်ဖို့  ဆိုတာ အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ Virus ပြဿနာ မတတ်တောင်၊ Harddisk Crash ဖြစ်တာမျိုး ကြုံရနိုင်တယ်။ ကာတွန်းထဲကလို့  လွန်ခဲ့တဲ့ ၅ နှစ်က နောက်ဆုံး Backup လုပ်ခဲ့တာ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ ပေါ့နော်။ နေ့ စဉ် ပုံမှန် လုပ်သင့်တယ်။ တချို့ အရမ်းအရေးကြီးတဲ့ ဒေတာတွေဆို Backup ကော်ပီ ၁ ခုထက်မကတောင် ထားကြပါတယ်။ ထားလည်း ထားသင့်ပါတယ်။ ဒေတာတွေ အရေးကြီးရင် ကြီးသလိုပေါ့။
အလုပ်မှ မဟုတ်ပါဘူး ကျွန်မတို့ ကိုယ်ပိုင်ဒေတာတွေကိုလည်း အရေးကြီးတယ်၊ ဆုံးရှုံးသွားရင် အစားထိုးဖို့ မလွယ်ဘူးဆို တစ်ပတ်တစ်ခါ လောက် အနည်းဆုံးတော့ Backup အမြဲ လုပ်သင့်တယ်။ ကိုယ့်မှာ ဘာမှ အရေးကြီးတဲ့ ဒေတာတွေ မရှိဘူး၊ ပျက်လည်း ကိစ္စမရှိဘူး ဆိုတဲ့ သူမျိုးတွေ အတွက်တော့ Backup ဆိုတာမျိုးကို ထည့်တွေးစရာ လိုမယ် မထင်ပါဘူး။ ကျွန်မအနေနဲ့ ကတော့ အရေးမကြီး၊ ပျက်လည်း မထူးတာတွေကို Backup မထားပဲ၊ အရေးကြီး၊ အပျက်အစီးမခံနိုင်၊ အစားထိုးလို့ မရဘူး ထင်တာတွေကိုတော့ အမြဲ Backup Copy တစ်ခု ထားဖြစ်အောင် ကြိုးစားပါတယ်။
ှSource : the Infocomm Development Authority of Singapore (IDA).
Other Related Post:
Cartoons : IT Security Awareness - Power Down Cartoon : IT Security Awareness
တလ တခါ လောက်တော့ ဘက်ကပ်လုပ်ဖြစ်တယ်..ကော်ပီ ၂ခုထားတယ်...အဲလောက်ဆိုရင် မဆိုးဘူးထင်ပါတယ်နော်..:D
ReplyDeleteစိတ်ကူးပေါက်သလိုပါဘဲ
ReplyDeleteံHAHA
ReplyDeleteအဆင်ပြေသလိုပါပဲ :))
ReplyDeleteအမြဲတမ်း...ပျက်နေကြ ရိုးတောင်နေပြီ..အဟိ
ReplyDeletema mon