Pages

January 17, 2009

♠ ဒန်ပေါက်ဋီကာ

ဟိုတလောက စားဖြစ်တဲ့ ဒန်ပေါက်။ ရနံ့ သစ်မှာ စားတာ။ အဲဒီက ဒန်ပေါက် မဆိုးဘူး။ စားလို့  အဆင်ပြေတယ်။ အထဲမှာပါတဲ့ ကြက်သားလည်း စားလို့ ကောင်တယ်။ ဘာလချောင်ကြော်လည်း ပေးတယ်။ အတူသွားစားတဲ့ သူငယ်ချင်းတွေလည်း ကြိုက်တယ်လို့  ဆိုပါတယ်။ ဒါပေမယ့် တစ်ခုပဲ ပြောစရာရှိတာက ကျွန်မ ပါးစပ်ထဲ နည်းနည်းလေး လေးတယ် (ငံတယ်) လို့ ခံစားရတယ်။ တခြားသူတွေက အနေတော်ပါပဲလို့ တော့ ပြောတာပဲ။ ။ ကျွန်မက အငံ မစားလို့ ဖြစ်နိုင်ပါတယ်။ ခုနောက်ပိုင်း မြန်မာ ဒန်ပေါက်စားချင်တယ်ဆို ရနံ့ သစ်ကို ပထမ ဦးစားပေးအနေနဲ့ သွားဖြစ်တယ်။

အထဲမှာ ကြက်သား ၀ှက်ထားတယ်
Oriental House မှ ဒန်ပေါက်။ တစ်ခါသွားစားဖူးတယ်။ ထည့်ပေးတာ များတော့ များတယ်။ ဒါပေမယ့် ဒန်ပေါက် ထမင်းက ပွတတဖြစ်နေတယ်။ ကျွန်မ မကြိုက်ပါ။ ဆန်မကောင်းလို့  ထင်ပါတယ်။ အထဲမှာပါတဲ့ ကြက်သားလည်း စားလို့  သိပ် မကောင်းဘူး။ အဲဒီနေ့ က ဗိုက်အတော်ဆာနေလို့  Coke ဗူးတစ်ခွက် အကူအညီယူပြီး စားတာတောင် သုံးပုံတစ်ပုံ မကုန်ခဲ့ဘူး။ ကြက်သားလည်း နှမြောလို့ စားဖို့ ကြိုးစားတာ စားလို့ မရ။ အဲဒီဆိုင်က ဒန်ပေါက် ကိုယ့်ဘာသာကိုယ်သာ ပိုက်ဆံပေးပြီး ၀ယ်စားရမယ်ဆိုရင် လုံးဝ ထပ်စားဖြစ်တော့မယ် မထင်။

အင်းလေးက ဒန်ပေါက်။ သူ့ ရဲ့ ဒန်ပေါက်က အရောင်စုံပဲ။ သူငယ်ချင်းတစ်ယောက်နဲ့  တစ်ခါသွားစားတာ၊ နည်းနည်းတော့ကြာပြီ။ ဓာတ်ပုံ မရိုက်ထားမိဘူး။ မှတ်မိသလောက် အစိမ်းရောင်တွေ လည်းပါတယ်။ မြန်မာပြည်က ဒန်ပေါက်နဲ့ သိပ်မတူဘူး။ ဒီက ဒန်ပေါက်တွေလိုပဲ ဘာတွေမှန်းမသိတဲ့ ( ကျွန်မ မခံနိုင်တဲ့ အနံ ရှိတဲ့) အစေ့တွေ အများကြီး ထည့်ထားလို့ ဖယ်စားနေရတာ အလုပ်အတော် ရှုပ်တယ်။ ဒန်ပေါက်နဲ့ အတူထည့်ပေးတဲ့ ကြက်သားကလည်း မြန်မာဒန်ပေါက်ဆိုင်တွေက ကြက်သားဟင်းနဲ့ မတူပဲ ဒီက ကြက်သားကြော်တွေနဲ့  ပိုတူတယ်။ အဲလောက်ကြီး မကြိုက်ပေမယ့် ဒန်ပေါက်စားချင်နေတဲ့ အချိန်၊ ထပ်ဝယ်စားမိနိုင်တယ်။

မြနန္ဒာ ဆိုင်မှ ဒန်ပေါက်။ ဒါပေမယ့် မြနန္ဒာက ဒန်ပေါက် ထမင်းက အရောင်လေးပါတာ ကလွဲရင် ရိုးရိုးထမင်းနဲ့ သိပ်မကွာဘူးလို့ ခံစားရတယ်။ အနှစ်မပါဘူး။ သွားစားတုန်းက ထည့်ပေးတာ အတော်လေး နည်းတယ်။ (တခါသာစားဖူးသည်) ကြက်သားက အထွေအထူးပြောလို့ ရအောင် မကောင်းသလို ၊ အရမ်းကြီးလည်း မဆိုးဘူး။ စားလို့ ဖြစ်တယ်။ ဒီနိုင်ငံမှာ စားဖူးသမျှ ဆိုင်မှာရောင်းတဲ့ မြန်မာဒန်ပေါက်တွေထဲမှာတော့ မြနန္ဒာက ဒန်ပေါက်ကို တတိယ အဆင့်အနေနဲ့  သတ်မှတ်တယ်။

ရဲရင့်ဆိုင်မှ ဒန်ပေါက်။ ရဲရင့်က လူရှုပ်တော့ ကိုယ့်ဘာသာဆို လုံးဝ မသွားဖြစ်ဘူး။ TT နဲ့  NG တို့ နဲ့ သွားမှသာလျှင် အဲဒီဆိုင်မှ စားဖြစ်တယ်။ ရဲရင့်က ဒန်ပေါက် မစားဖြစ်တာ အတော်လေးကို ကြာပြီ။ စားဖူးသလောက်တော့ မဆိုးဘူး။ ကျွန်မ စားလို့ ဖြစ်တယ်။ တစ်ပန်းကန်လုံး ကုန်တယ်။ အရင်က ဒန်ပေါက်စားချင်တယ်ဆို ရဲရင့်ကို ပထမ ဦးစားပေးအနေနဲ့  သွားဖြစ်တယ်။ ဟိုး ၄-၅ လကျော်က ဒန်ပေါက်စားချင်လို့  ရဲရင့်သွားတာ ကုန်သွားပြီတဲ့။ တနင်္ဂနွေနေ့  နေ့ လယ် ၂ နာရီကျော်ပဲ ရှိသေးတယ်။ အဲဒီနောက်ပိုင်းတော့ ရဲရင့်ကို နောက်ထပ် မရောက်ဖြစ်တော့ဘူး။

ဒန်ပေါက်အကြောင်း အနှစ်ချုပ်ကြည့်ရင်
၁။ မြနန္ဒာ - နည်းတယ်။ အရသာ မဆိုး၊ စားလို့ ဖြစ်တယ်။
၂။ အင်းလေး - အရသာ မဆိုး။ မြန်မာဒန်ပေါက်နဲ့ သိပ်မတူ။ စားလို့ တော့ဖြစ်တယ်။
၃။ Oriental House - များတယ်။ အရသာ မကြိုက်။
၎။ ရနံ့ သစ် - စားဖူးသမျှ စင်္ကာပူက ဆိုင်တွေမှာ အနှစ်သက်ဆုံး။ (အခုချိန်ထိ)
၅။ ရဲရင့် - အရင်က စားဖူသလောက် ကြိုက်တယ်။ အခုနောက်ပိုင်း မရောက်ဖြစ်တာကြာလို့  အခြေအနေမသိ။
၆။ ဧရာဝတီ - အဲဒီဆိုင်မှာ ဒန်ပေါက်ရလား၊ မရလား သေချာ မသိ။ မစားဖူးပါ။
တခြား မြန်မာဆိုင်တွေ ရှိအုံးမယ် ထင်တယ်။ ကျွန်မ သိတာ ဒီလောက်ပဲ။

ရနံ့ သစ်မှ ဒန်ပေါက်ထဲတွင် ၀ှက်ထားသော ကြက်သားကို ဖော်ပြီးနောက်....

ရနံ့ သစ်ဆိုင်က မုန့် ဟင်းခါးလည်းမဆိုးဘူး။ စားလို့ အတော်လေး ကောင်းတယ်။ ၄-၅ ခါ လောက်စား ဖူးတယ်။ မှတ်မှတ်သားသားရှိတာက ၂ ခါမှ မုန့် ဟင်းခါးဖတ်က နည်းနည်းမာ နေတယ်။ မနေ့ က သွားစားတာကတော့ အဆင်ပြေတယ်။ ကျွန်မ ပတ်ဝန်းကျင်က လူအတော်များများကလည်း ရနံ့ သစ်က မုန့် ဟင်းခါး ကောင်းတယ် ပြောကြပါတယ်။

ရနံ့ သစ် မှာ စားလို့  ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်းရှိတယ်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်တို့ တော့ ယောင်လို့ တောင် မစားလေနဲ့  လုံးဝ မကောင်းဘူး။ ထမင်းကြော်ကလည်း ပြောင်းဖူးအ၀ါတွေပဲ ပါတယ်။ ကိုယ့်အိမ်မှာ သာမန်ကြော်စားတဲ့ ထမင်းကြော်တောင် အဲဒီဆိုင်က ထမင်းကြော်ထက် အဆပေါင်း များစွာ ကောင်းတယ်။ ခေါက်ဆွဲကြော်လည်း ထိုနည်း လည်းကောင်းပဲ။ လုံးဝ မကောင်း။ Oriental House မှာလည်း ခေါက်ဆွဲကြော် မကောင်းဘူး။ ခုနောက်ပိုင်း ခေါက်ဆွဲကြော်၊ ကြာဇံကြော် စားမယ်ဆို အင်းလေး ကပဲ ၀ယ်စားတော့တယ်။ ဈေးနည်းနည်းကြီးပေမယ့် စားလို့ ကောင်းတယ်။

ဒီမှာ ရေးသားထားတဲ့ စားကောင်းခြင်း၊ မကောင်းခြင်းဟာ ကျွန်မ အစားအသောက်တွေ ၀ယ်စားတဲ့ အချိန်မှာ ခံစားလို့ ရလိုက်တဲ့ အရသာနဲ့  ဆုံးဖြတ်ထားတာဖြစ်လို့  တခြားသူတွေ အမြင်နဲ့  ကွဲလွဲနိုင်ပါတယ်။

14 comments:

  1. ရနံသစ် ကဘယ်နားမှာလဲ .သွားစားချင်လို့တကယ်မေးတာ. နောက်တာဟုတ်ဘူး.

    စကားမစပ်.. အခုတလော ဟိုဟာ ဒီဟာ.. ရေမွေးတို့ ဘာ တို့ညာတို့ ကြွားစရာ မရှိဘူးလား. ကြည့်ချင်လို့ ကြွားပါဦး.

    ReplyDelete
  2. Peninsula Plaza - မြေအောက်ထပ်.. B1-07Q မှာ.. လိပ်စာအတိအကျကို ဒီမှာကြည့်လို့ ရတယ်.. tp://yanantthit.blogspot.com/

    ကြည့်ချင်တယ်ဆို ပြရမှာပေါ့.. ခုတော့ ဘာမှ ပြစရာ မရှိသေးဘူး.. နည်းနည်း စိတ်ရှည်လက်ရှည့်စောင့်ဦး..

    ReplyDelete
  3. မှတ်သွားတယ်။ answer 2 ခုလုံး။

    ReplyDelete
  4. ဗိုက်ဆာပါတယ် ဆိုမှဗျာ...း(

    ReplyDelete
  5. ပြောချင်ဘူး.မပြောချင်ဘူး..ပြောကို မပြောချင်ဘူး။
    အာလူးကြော်ထုပ်ပြပြီး လွမ်းခိုင်းလိုက်၊ မရမ်းသီးနဲ့ ကလူကျီစယ် နှိပ်စက်လိုက်၊ အခုလဲ ဒန်ပေါက်နဲ့ ရင်ကို နာကျဉ်စေပြန်ပြီ။ နွားရုပ်နဲ့ ဟိန်ဒူဘုရားကျောင်းဘေးက
    ဒန်ပေါက်ဆိုင်ကို ကြိုက်တယ်။ မြန်မာပြည်ဖွား ကုလားပိုင်တာလေ။

    ReplyDelete
  6. I don't want to see these phots, I can't feel it.
    You abolutely torture me.
    I WANT TO EAT ALL OF THEM.
    (here, i can't find such foods)
    Sar chin lite tar byar.

    ReplyDelete
  7. အင်း ဟုတ်တယ် အခုနောက်ပိုင်း ရနံသစ်မှာဘဲ ထမင်းစားဖြစ်တယ်။ ဒံပေါက်တော့ အဲမှာ မစားဘူးသေးဘူး။ နောက်မှ သွားစားကြည့်ဦးမယ်။ Oriental House ကတော့ ဒံပေါက်မပြောနဲ့ ကျန်တာတွေလဲ တစ်ခုမှစားမကောင်းဘူး။ အခုနောက်ပိုင်း အဲမှာ သွားကိုမစားဖြစ်တော့ဘူး။

    ReplyDelete
  8. နီလာက ဒန်ပေါက်လဲ ကောင်းတယ်။ (ဆိုင်နာမည် နီလာ လို့ထင်တာပဲ။ မမှတ်မိတော့ဘူး။ :D ) ပင်နီဆူလား ၅ ထပ် လမ်းပြကြယ် အနားမှာ ရှိတယ်။ ဒါပေမယ့် အဲဒီဆိုင်က တနင်္ဂနွေနေ့တစ်ရက်ပဲ ရောင်းတယ်။ ဆိုင်မှာ ထိုင်စားလို့မရဘူး။ မြန်မာဆိုင်မဟုတ်တဲ့ ဆိုင်တွေထဲမှာ Brindas က ဒန်ပေါက်က တော်တော်ကို စားလို့ကောင်းတယ်။ http://www.brindas.com.sg/

    ReplyDelete
  9. N3,

    I told u before that shop(Thuninse mention one0 near ur office. The shop really nice, but i do not not know ur taste or not....

    ReplyDelete
  10. ဒံပေါက်ကို အိမ်မှာ ချက်စားတတ်ပြီးကတည်းက အပြင်မှာ သိပ်မစားဖြစ်တော့ဘူး။ ရန်ကုန်ပြန်လည်း နီလာမှာ တခါသွားစားတာ အဆီတွေများလွန်းလို့။ ကိုယ့်ဘာသာတော့ ငါးဒံပေါက် မကြာမကြာ ချက်စားဖြစ်တယ်။

    ReplyDelete
  11. ကိုအောင်သာငယ် >> ဗိုက်ဆာလို့ တင်လိုက်တာ။ အဲဒီမှာလည်း ဒန်ပေါက် ရှိတယ် မဟုတ်လား။

    မမွန် >> ပြောပါမမွန်ရယ် .. မမွန် စားချင်ရင် ကိုယ်တိုင်ချက်ကြည့်ပါလား။ နေးတစ်ကလူတွေတော့ ချက်စားတယ် ရေးရေးနေတယ်။ နည်းမေးကြည့်လေ။
    မမွန်ပြောတဲ့ ဒန်ပေါက်ဆိုင်က အလုပ်နဲ့ နီးနီးလေး။ မစားဖြစ်တာ။ ညွန်းတဲ့သူတွေများနေတော့ စားဖြစ်အောင် သွားစားအုံးမှထင်တယ်။

    wai >> ပိုစ့်တင်ရင် ပုံလေးတွေနဲ့ မှ လှတာမို့  ပုံနဲ့ တကွ တင်လိုက်ရခြင်းဖြစ်ပါတယ်။

    ကို/မ အမည်မသိ ၁ >> ၀ယ်မရလည်း စားချင်တယ်ဆို ချက်စားကြည့် ပါလား။ ဘယ်လိုချက်ရလည်းတော့ မမေးနဲ့ ။ ကျွန်မ မချက်တတ်ဘူး။ မမီယာကတော့ ကိုယ်တိုင် ချက်စားတယ်ပြောတာပဲ။ သူကိုမေးကြည့်နိုင်ပါတယ်။

    ZT >> ပြောတဲ့ တနင်္ဂနွေနေ့တစ်ရက်ပဲ ရောင်းတယ်ဆိုတဲ့ ဆိုင်မသိဘူး။ တနင်္ဂနွေ စစ်တီးဟောရောက်ရင် သွားကြည့်ကြည့်မယ်။ Link အတွက် ကျေးဇူး။ မှတ်ထားပြီး ကြုံရင် ၀ယ်စားမယ်။

    Life is for Success >> ပြောတဲ့ဆိုင် နဲ့  မမွန်ပြောတဲ့ဆိုင် တူတူပဲ။ ဟိုတလောကဆို အဲဒီ ဆိုင်ထဲထိရောက်တယ်။ ကြက်သားကုန်နေတယ်ဆိုလို့  မစားခဲ့တာ။ ကျွန်မက ပုံမှန်ဆို ဆိတ်သား၊ အမဲသားစားပေမယ့် အဲဒီနေ့ က စားချင်စိတ်မရှိလို့ ။ ဒီတခါရောက်ရင်တော့ ရှိတာနဲ့ စားခဲ့မယ်။

    မီယာ >> ငါးဒန်ပေါက် ခုမှကြားဖူးတာ။ ဒန်ပေါက်ထမင်းနဲ့  ငါးဟင်းလား။ ကျွန်မတော့ ကိုယ့်ဘာသာ ချက်စားဖို့ စိတ်မရှည်ဘူး။ ချက်လည်းမချက်တတ်ဘူး။ တစ်ယောက်တည်းမို့ လားတော့ မသိ၊ နောက်တော့ မပြောတတ်၊ စကားဆိုတာ အကုန်ပြောလို့ လည်းမရ။

    ReplyDelete
  12. N3,

    that shop also not bad for phar lu thar. nan pyar not nice.but i think better go lunch time, more fress.....

    ReplyDelete
  13. သွားစားမယ်ဆိုမှ အခုရက်ပိုင်း အလုပ်ရှုပ်နေလို့  အဲဒီဘက် မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ ဖာလူဒါတော့ မြန်မာပြည်က ဖာလူဒါတောင် သိပ်မကြိုက်ဘူး။ အီတယ်။

    ReplyDelete
  14. လက်တို့ကောင်းလို့ ရနံ့သစ်မှာ သွားစားမိတယ်ဗျ..
    နောက်ကျနေလို့ ကြက်သားမကျန်တော့ဘူးဆိုတာနဲ့ ဆိတ်သားနဲ့ပဲ ရခဲ့တယ်..
    စားရတာတော့ တော်တော်အဆင်ပြေပါတယ်..
    တခြားဆိုင်တွေ မစားဘူးတော့ ယှဉ်တော့ မကြည့်တတ်ဘူး..

    edu

    ReplyDelete