Pages

January 30, 2009

ပျင်းလွန်လွန်းလို့ ..

ခုရက်ပိုင်း နေရတာ အရမ်းပျင်းဖို့ ကောင်းနေတယ်။ နေရမှာ ပျင်းနေရင် သေလိုက်လေ ပြောမယ်ဆိုရင် သေရမှာလည်း ပျင်းမိပါတယ်။ အလုပ်မှာလဲ ပျင်းဖို့ ကောင်းတယ်။ အလုပ်က ပြန်တော့လည်း ပျင်းလို့  ဘယ်မှ မသွားချင်ဘူး။ စားဖို့ လည်း ပျင်းတယ်။ စကားပြောရမှာလည်း ပျင်းတယ်။ နားထောင်ရမှာလည်း ပျင်းတယ်။ အလုပ်ချိန်ပြီးတဲ့အခါ အိမ်တန်း ပြန်တယ်။ ကွန်ပြူတာရှေ့ ထိုင်ပြီး အင်တာနက်ပေါ်က သတင်းတွေလိုက်ဖတ်တော့လည်း ပျင်းတယ်။ သူများရေးထားတဲ့ စာတွေလိုက်ဖတ်တော့လည်း ပျင်းဖို့ ကောင်းလိုက်တာ။ ကိုယ့်ဘာသာရေးဖို့ လည်း ပျင်းနေတယ်။

ခေါက်ထားလိုက် ဆုံးမစကားတွေ နားထောင်ဖို့အတွက် ပျင်း
ခေါင်းကိုက်တဲ့ ဒဿနနဲ့ ဘ၀ကို ဖြုန်းတီးပစ်ဖို့ ပျင်း
အလုပ်နဲ့ နဘန်းလုံးကြတဲ့ လောကကြီးကို ပျင်း
နေဖို့ သေဖို့ပျင်း ငါ့မှာ ပျင်းရမှာကိုပျင်း

အပေါ်ကစာတွေက ပုရွက်ဆိတ်လေးများအဖွဲ့ ရဲ့ ငပျင်း သီချင်းထဲက စာသားတွေ။ သီချင်းတင်မလို့  ပျင်းလို့  မတင်တော့ဘူး။ ဂါဖီးပုံကလည်း မထက်(RedRose) နေးတစ်ဖိုရမ်က သူရဲ့ ပရိုဖိုင် Signature မှာ တင်ထားတဲ့ပုံ။ ပျင်းလို့  ပျင်းတယ်ဆိုတဲ့ ပုံကိုတောင် ကိုယ့်ဘာသာကိုယ် အင်တာနက်ပေါ်မှာ လိုက်မရှာပဲ သူများရှာထားတာကို လွယ်လွယ်ကူကူ ကူးလိုက်မိပါတယ်။

ပျင်းတယ်ဆိုတာ မကောင်းဘူး၊ ဒါပေမယ့် အခုရက်ပိုင်း တကယ့်ကြီးကို ပျင်းနေမိပါတယ်။ စိတ်တိုင်းမကျဘူး။ ဒီနေ့ သောကြာနေ့ ။ T.G.I.F ။ ဆက်ပျင်းနေလို့  မဖြစ်ဘူး လို့ တွေးမိတယ်။ ဒီအတိုင်း ပျင်းယိတဲ့စိတ် ဆက်ပြီး ရှိနေမယ်ဆိုရင် .. စနေ၊ တနင်္ဂနွေ အားလပ်ရက် ၂ရက် အဓိပ္ပါယ်မရှိပဲ ကုန်သွားလိမ့်မယ်။ ဒီအတွက် ပျင်းနေတဲ့ စိတ်လေးတွေ ပျောက်ပါစေ၊ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ဖြစ်လာပါစေဆိုတဲ့ စိတ်ဆန္ဒနဲ့  ပျင်းနေတယ်ဆိုတဲ့ အကြောင်းလေးကို အခုလို ချရေးဖြစ်သွားတယ်။

10 comments:

  1. Holiday အရှိန်မကုန်သေးလို့ဖြစ်မယ်
    ပျင်းတာချင်း တူလိုက်တာ..... ဟီ ဟိ...

    ReplyDelete
  2. ပျင်းတဲ့သူ အဖော်ရသွားပြီ။
    ညနေစာမေးပွဲ သွားဖြေရမှာတောင် ပျင်းနေတယ်။ :D

    ReplyDelete
  3. ပျင်းလိုက်ကြစို့ သူငယ်ချင်းးးးးးးး။

    ReplyDelete
  4. အောက်အီးအီးအွတ်....

    ReplyDelete
  5. တခုခု လိုနေတာလား :)

    ReplyDelete
  6. ပျင်းနေတုံးဘဲလားကွယ်။

    ReplyDelete
  7. သြော်... သူတကယ်ပျင်းနေတာကိုး...
    ရေရောပေးခဲ့ဦးမှ..... (မပြင်းအောင်)

    ReplyDelete
  8. အပျင်းပြေသင့်ပါ ပြီအေ.....

    ReplyDelete
  9. ပျင်းလို့ copy လုပ်သွား၏ kwi kwi ^_^

    ခေါက်ထားလိုက် ဆုံးမစကားတွေ နားထောင်ဖို့အတွက် ပျင်း
    ခေါင်းကိုက်တဲ့ ဒဿနနဲ့ ဘ၀ကို ဖြုန်းတီးပစ်ဖို့ ပျင်း
    အလုပ်နဲ့ နဘန်းလုံးကြတဲ့ လောကကြီးကို ပျင်း
    နေဖို့ သေဖို့ပျင်း ငါ့မှာ ပျင်းရမှာကိုပျင်း

    ReplyDelete