မနေ့ ညနေပိုင်းကလည်း ထုံးစံအတိုင်း ကွန်ပြူတာ ပစ္စည်းတွေ လျှောက်ကြည့်ဖို့ သွားရင်း Apple's Promotions တွေ ရှိနေကြောင်း တွေ့ ခဲ့ရတယ်။ Apple(Mac) Computers အမျိုးအစား ပေါ်လိုက်ပြီး Printer နဲ့  (Apple Care Protection Plan + 4GB Ram) တွေထပ်ဆောင်းဝယ်မယ်ဆို လျှော့ဈေးနဲ့ ရောင်းပေးတာမျိုးပါ။ မူရင်း ဈေးကို လျှော့ပေးမျိုး၊ လက်ဆောင်ပစ္စည်း အပို ပေးတာမျိုး မဟုတ်ပါဘူး။ တဆက်တည်း Apple Sofrwares တွေပါ ၀ယ်မယ် ဆိုရင် 15% / 30% ဈေးလျှော့ပေးမယ် သိရပါတယ်။
မနေ့ က ဆိုင်မှာ တွေ့ ရတဲ့ Promotions ကြော်ငြာ
ဒါတွေက ဟိုတစ်ရက်က လျှောက်ကြည့်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ။ တချို့ ဆိုင်တွေမှာ ဓာတ်ပုံရိုက်ရင် မရိုက်ဖို့ လာတားပေမယ့် အဲဒီမှာတော့ တားတာမတွေ့ ရဘူး။ တခြားသူတွေ ဟိုရိုက်ဒီရိုက်လုပ်နေတာတွေ့ တာနဲ့  ကိုယ်လည်း အားကျမခံ ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ခုရက်ပိုင်း ဆိုင်တွေမှာ ဈေးတွေ လိုက်စုံစမ်းကြည့်၊ မေးကြည့်တဲ့ အခါ Apple ပစ္စည်းတွေရဲ့ ဆိုင်တွေမှာ ရောင်းတဲ့ ဈေးတွေက အွန်လိုင်းဈေးတွေနဲ့  တူတူပဲ၊ ထူးပြီး ဈေးလျှော့နေတာမျိုး မရှိဘူး ဆိုတာသိရတယ်။ ဒါပေမယ့် ဆိုင်ကိုလိုက်ပြီး တခြား အပိုပစ္စည်းတွေကို လက်ဆောင်ပေးတာတို့ ၊ တခြားပစ္စည်းတွေကို ဈေးလျှော့ပေးတာတွေ ရှိတယ်။ ဒါတွေကတော့ ၀ယ်မယ်ဆိုပြီး သေချာမေးမှ သိရတယ်။ ဈေးတွေလိုက်မေး၊ ဈေးဝယ်ရတာ စိတ်မရှည်ဘူး။ ခုတော့ နည်းနည်းတိုးတတ်လာပြီ။


ကောင်းတယ်။ကောင်းတယ်။။ ko boyz သူငယ်ချင်းပီသလာတာပေါ့.
ReplyDeleteApple ကိုင် တော့ မယ် ဆို ရင် လူ ကိုယ် တိုင် က လှ ဘို့  နဲ့ှStylish Girl ဖြစ် ဘို့  တော့ လို မယ် နော်......!!!!
ReplyDelete