Pages

December 08, 2008

Flying X'mas Tree

Flying Without Wings....



တနင်္ဂနွေနေ့ ညနေပိုင်းက SunTec City ရောက်ဖြစ်ရင်း X'mas Tree တွေ မိုးပေါ်ပျံနေတာ တွေ့ လို့  ဖုန်းနဲ့  ဓာတ်ပုံရိုက် မှတ်တမ်းတင် ဖြစ်သွားတယ်။ အပေါ်က ပုံတွေ အားလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရှိတဲ့ ပထမ ထပ်က လှမ်း ရိုက်ထားတာ။ ပျံနေတဲ့ X'mas Tree တွေ အောက်တည့်တည့် မြေညီထပ်သွားပြီ ဓာတ်ပုံ မရိုက် ရဲဘူး။ မတော်လို့ အဲဒါတွေ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ မသေချင် သေးဘူး။

နေ့ လယ်ပိုင်းက ညနေ IC Show သွားရင် ကောင်းမလား စိတ်ကူးမိသေးတယ်။ လက်မှတ် လက်ဆောင် ပေးမယ့်သူ မရှိတာနဲ့  မသွားတော့ပဲ သူငယ်ချင်းတစ်ယောက် အထိမ်းအမှတ်တစ်ခု အနေနဲ့  လိုက်ကျွေးတဲ့ ညစာကိုပဲ သွားစားလိုက်တော့တယ်။ Marina Square မှာ ကျွေးတဲ့ ညစာစားပြီး SunTec ဘက် လမ်းလျှောက် ဖြစ်ရင်း ပုံတွေ ရိုက်ခွင့် ကြုံလိုက်တာ။ SunTec ကို မရောက်တာ အနည်းဆုံး ၃-၄ လ လောက် ရှိပြီ။

သူငယ်ချင်းက ဘာအထိမ်းအမှတ်နဲ့  ညစာကျွေးတယ်ဆိုတာ အခုပြန်စဉ်းစားကြည့်တာ ဝေေ၀၀ါးဝါး ဖြစ်နေတယ်။ တစ်ခုခုအတွက် ကြောင့် လိုက်ကျွေးတာတော့ သေချာတာ။ ဘာပဲဖြစ်ဖြစ် ညစားကျွေးရတဲ့ ကုသိုလ်ကောင်းမှု့ ကြောင့် သူငယ်ချင်းကြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၊ သူလေးနဲ့ လည်း ဒီထက်အဆင်ပြေ၊ ကြည်နူး အေးချမ်းပျော်ရွှင်တဲ့ ဘ၀ ဘ၀တွေ ပိုင်ဆိုင်ပါစေ......

7 comments:

  1. လှလိုက်တာ.....အဲဒီကို မရောက်ရသေးဘူး...

    ReplyDelete
  2. အားလုံးဘဲ အေးချမ်းပါစေ

    ReplyDelete
  3. လှတယ်...သစ်ပင်တွေမိုးပေါ်ပျံနေတာ တမျိုးထူးဆန်း တာပေါ့။ စင်ကာပူကတော့ အစုံပဲနော်

    ReplyDelete
  4. လှတယ်။ ဟုတ်ပ ခေါင်းပေါ်ပြုတ်ကျလို့ကတော့ ကြယ်တွေစုံတဲ့
    ခရစ်စမတ်ည ဖြစ်သွားမှာ။

    ReplyDelete
  5. ဓါတ်ပုံတွေလှတယ်။ ဆန်းတက်စီးတီးဖက်ကို မရောက်ဖြစ်တာ ကြာသွားပြီ။ ဒီပုံတွေကြည့်ရင်း ပိတ်ရက်မှာ သွားဖို့ စိတ်ကူးရတယ်။

    ReplyDelete
  6. vivo city က x'mas tree ကလွဲရင် ဘာမှကြည့်ရသေးဘူး လိုက်ပို့မဲ့သူ ချိဘူး ဒီကပုံတွေပဲငေးသွားလိုက်တယ် လှတယ်နော်
    သွားချင်တယ် သွားချင်တယ် အိအိ :(

    ReplyDelete
  7. အစ်မ ခင်ဦးမေ လည်းအေးချမ်းပါစေ။ အခုတလော ဒီမှာ မိုးတွေရွာနေတယ်..

    မီယာ.. စလုံးမှာတော့ အစုံပဲ တခြားနေရာတွေမှာလည်း လှတာတွေ ရှိတယ်.. တစ်ုခပဲရှိတယ်.. Xmas မှာ မိုတွေရွာနေတာ ခက်တယ်..

    မမွန်ပြောသလိုပဲ ကြယ်စုံတဲ့ည ဖြစ်မှာစိုးလို့  အောက်ကတောင် ဖြတ်မလျှောက်ခဲ့ဘူး :D

    ဆင်ဒဏ်လာ ၊ ကိုပေါ နဲ့  မမယ်လိုဒီ တို့  သွားဖြစ်အောင် သွားကြည့်ကြပါ။ အောက်ကတော့ ဖြတ်မလျှောက်နဲ့ ။ အပေါ်ထပ်ကနေပဲ ဓာတ်ပုံတွေပါ ရိုက်ပါ။ စိုးရိမ်လို့ ပြောတာ :D ဒါနဲ့ မမယ်လိုဒီ တစ်ယောက်ထဲ မသွားချင်ရင် ဟိုလူကြီးတွေကို ခေါ်သွားလေ..

    ReplyDelete