Pages

December 03, 2008

Myanmar Ebooks (Free Download)

ကျွန်မရဲ့ Bookmarks မှာ မှတ်ထားတဲ့ မြန်မာစာအုပ် (eBooks) တွေ ရရှိနိုင်တဲ့ နေရာတွေပါ။ အခု စုထားတဲ့ စာရင်းမှာပါတဲ့ ဆိုဒ်တွေအားလုံးဟာ Free Download လုပ်လို့ ရတဲ့ နေရာတွေကြီးပါပဲ။
eSnips မှ မြန်မာစာအုပ်များ...
တကယ်ဆို မှတ်ထားတဲ့ website တွေက အများကြီး၊ ဒီနေ့  တစ်ခုခြင်း ပြန်ကြည့်လိုက်မှ တချို့ ဆိုဒ်တွေ လုံးဝ မရှိတော့တာ တွေ့ လိုက်ရတယ်။ ချယ်ရီသစ္စာ ဆို အရင်က နာမည်ကြီးတဲ့ နေရာတစ်ခု.. အခုတော့ ဘာမှ မရှိဘူး.. နာမည်လေးရှိသေးတယ် ဆိုတော့ နောက်တစ်ချိန်မှာ ပြန်ရှိချင်လည်း ရှိလာနိုင်တယ်။

ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။

16 comments:

  1. ဖတ်ချင်ရင် ဖတ်လို့ ရအောင် နေနေရဲ့ URLတွေ အကုန်ကူးသွားပါတယ်။ ကျေးဇူး :-)

    ReplyDelete
  2. Hi Ma Nay,

    Thank a lot for sharing.
    These links are of great value to me.

    Rgds,

    Ko Myo(SG)

    ReplyDelete
  3. eSnips ကလင့်တွေအလုပ်မလုပ်တော့ပါ..
    ကျနော့် အတွက်တော့ ဝိညာဉ်သစ်ရဲ့ နေရာလေး တခုနဲ့ တင်တော်တော်ပြည့်စုံသွားပါပြီ..အဲဒီမှာတခြားလင့် တွေပါအကုန်ထည့် ပေးထားလို့ ပါ..
    ကျေးဇူးတင်ပါတယ်
    take care n b happy!

    ReplyDelete
  4. မသိသေးတဲ့ လင့်ခ်တွေ မှတ်သွားတယ် အစ်မ.. ဘလော့ဂ် sidebar က list မှာ ထပ်ဖြည့်မို့။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. မသိသေးတဲ့ Link တွေကို မှတ်သွား ပါတယ်၊၊ ကျေးဇူးတင်ပါတယ်၊၊

    ReplyDelete
  6. မသိသေးတဲ့လင့်တွေ သိလိုက်ရတယ်၊ အသုံးဝင်တယ် သိရလို့  ၀မ်းသာပါတယ်..
    eSnips ကလင့်တွေစမ်းကြည့်တာ တချို့ ဖိုင်တွေ error တတ်ပေမယ့် တချို့ ဖိုင်တွေ ဖွင့်လို့ ရနေတုန်းပဲ။ အရင်တင်ထားတဲ့ PDF တွေကို အခု Scribd က iPaper နဲ့  ဖွင့်ပေးတာဆိုတော့ တချို့  PDF တွေမှာ convert လုပ်တာတာမှာ error တတ်လို့  ဖွင့်မရတာဖြစ်မယ်။ Scribd မှာ ဖိုင်တင်ရင် အဲလိုပြဿနာမျိုး ကြုံဖူးတယ်။

    ReplyDelete
  7. thanks, i really like to read, i get many web address from you.... thanks a lot



    ReplyDelete
  8. တာရာမင်းဝေရှာရင်းဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ဘာရယ်လို့တော့မဟုတ်ပါဘူးသူတို့ရေးထားတာတွေ့လို့ကျေးဇူးပဲလို့ရေးထားခဲ့ပါတယ်နော့။

    ReplyDelete
  9. ‌ကျေးဇူးပဲအမ‌ရေ

    ReplyDelete
  10. မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှူ နဲ့ပတ်သက်တဲ့လမ်းညွန်စာအုပ်တွေရှိရင်ညွန်းပေးပါခင်ဗျား

    ReplyDelete
  11. မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှူ လမ်းညွန်စာအုပ်ရှိရင် ညွန်းပေးပါအုံးခင်ဗျား

    ReplyDelete
  12. ကျောင်းသုံးစာအုပ် Ebooks တွေ မရှိဘူးလားဗျာ....။

    ReplyDelete