Pages

November 07, 2008

Have You Heard?

ဒီနေ့ သောကြာနေ့ .. အပြင်မှာ မိုးတွေအုံ့ နေတယ်..
ရာသီဥတုကြောင့် အလုပ်လုပ်ဖို့ စိတ်မပါပဲ.. အိပ်ငိုက်နေပါတယ်..
မနက်စာ စားထားပေမယ့် ဗိုက်ကလည်း ဆာနေတယ်..
နေ့ လယ်စာ စားပြီးမှပဲ အလုပ်စလုပ်တော့မယ်..
လုပ်စရာ သိပ်မရှိဘူးဆိုတော့ ပြီးလောက်ပါတယ်..
အခု အပျင်းပြေ၊ အိပ်ချင်ပြေ.. website တွေ လျှောက်ကြည့်နေတယ်..
ဒါလေး သိကြလားမသိဘူး..
အပျင်းပြေပေါ့..

8 comments:

  1. မသိဘူး အဲဒါဘာလဲ

    ReplyDelete
  2. မသိရင် ပုံပေါ်ကို Click လုပ်ကြည့်လိုက်လေ..

    ReplyDelete
  3. လုပ်လိုက်တယ်။ ပြုံးချင်စရာလေးးး

    ReplyDelete
  4. ဤဘလော့ဂါသည် ပို့စ်အတော်များများတွင် အစားအသောက်အကြောင်း၊ ဗိုက်ဆာသည့်အကြောင်းတို့ကို ထည့်ရေးတတ်လေသည်တကား။ အခုအချိန်မှာ သောကြာနေ့ ညနေ ငါးနာရီ ရှိပြီ။ ပို့စ်ကို အချိန်အခါမဟုတ် လာရောက်ဖတ်ရှုမိသူ ကျွန်ုပ်မှာလည်း ယခုပင်လျှင် ဗိုက်ဆာခြင်းကို ကူးစက်ခံစားရချေပြီတကား။း-)

    ReplyDelete
  5. Sin Dan Lar >> ပြုံးလိုက်ရင် ပျင်းနေတာလေးတွေ လျှော့သွားတယ်။
    ဒါနဲ့  YES လား၊ NO လား။ ကျွန်မတော့ ပထမ NO click လုပ်ကြည့်ပြီး၊ နောက် YES ဆို ဘာဖြစ်မလဲသိချင်တာနဲ့  ထပ်နှိပ်ကြည့်သေးတယ်။

    ကိုပေါ >>နေ့ လယ်စာ စားတုန်းက လက်အငြိမ်မနေ ရိုက်ထားတဲ့ စားစရာပုံတွေ ပိုစ့်တင်အုံးမလို့  စိတ်ကူးမိသေးတယ်.. အလုပ်ရှုပ်သွားတာ နဲ့  မတင်အားဘူးဖြစ်သွားတာ။ :"> နေ့ လယ် ၄ နာရီ ၅၀ လောက်က ဗိုက်ဆာလာတာနဲ့ Tea Break ယူအုံးမယ်ဆိုပြီး ထွက်သွားဖြစ်သေးတယ်။ အခု ၅ နာရီ ၁၄ မိနစ်မှာ ပြန်အရောက်၊ ကိုပေါရေးထားတဲ့ ကွန်မန့် တွေ့ လိုက်ရတာပဲ။ ဒီနေ့  Tea Break မှာ ပေါင်မုန့် ကြော်စားပြီး အအေးသောက်ဖြစ်ခဲ့ပါတယ်။

    ReplyDelete
  6. အစား အတော် ဝါသနာ ပါသလို အင်တာနက် ကိုလည်း အတော် ကလိနိုင်ပါတယ်။

    ReplyDelete
  7. နည်းနည်းပါ အစ်မရယ်.. :D

    ReplyDelete
  8. link ကို click ပြီးရီသွားတယ် နေနေရေ :)

    ReplyDelete