Pages

October 31, 2008

Mandalay Myanmar Cusine (SG)

"မြန်မာလက်ရာ စစ်စစ် စားသုံးလိုသူများအတွက် မန္တလေးမြန်မာဆိုင်"...

Blk 328, #01-220,Clementi Ave 2, Singapore 120328

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်
နိုဝင်ဘာလ ၂ရက်နေ့  နံနက် ၉:၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ မုန့် ဟင်းခါးဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊
၉ နာရီမှ စတသင်၍ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့်
အထူးဈေးနှုန်းဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ဘယ်နေရာမှာလဲ အတိအကျ သိချင်တယ်ဆို အောက်က ပုံတွေကို click လုပ်ပြီးကြည့်ပါ။
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us

မြေပုံမှ ပြထားတာတော့ အခုအသစ်ဖွင့်မယ့် မန္တလေးမြန်မာဆိုင် က "ကောင်းစုံ" ဆိုင်နဲ့  အတော်လေး နီးကြောင်း တွေ့ လိုက်ရပါတယ်။ ဟိုးအရင် Clementi မှာ နေစဉ်အခါတုန်းကတော့ ကောင်းစုံ ကို တစ်ခါတလေ ရောက်ဖြစ်တယ်။ အခုများတော့ အဲဒီဘက်ကို မရောက်တာ အတော်ကြာပါပြီ။

မန္တလေးမြန်မာဆိုင် အကြောင်း ဒီနေရာမှာရေးတာ ဆိုင်ပိုင်ရှင်နဲ့ သိလို့ ကြော်ငြာပေးတာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက် အီးမေးက တစ်ဆင့် သတင်ပေးလာသည့် အတွက် Clementi Area မှာ နေထိုင်သူများ အခုလာမယ့် တနင်္ဂနွေနေ့  (နိုဝင်တာ ၂ ရက် ) နေ့  မနက် ၉ နာရီ-၁၂ နာရီအတွင်း မှာ ဆိုင်ဖွင့်ပွဲအနေနဲ့  အလကား ကျွေးမယ့် မုန့် ဟင်းခါးကို မနက်စာအဖြစ် သွားစားလိုပါက သွားရောက် စားသောက်နိုင်ရန် နှင့် နောက်ရက်ပိုင်းတွေမှာလဲ သွားရောက် အားပေးနိုင်ရန် အများအကျိုးဆောင်၍ သတင်းပေးခြင်းသာ ဖြစ်ပါကြောင် :-)

8 comments:

  1. clementi မှာ မြန်မာဆိုင် ၂ဆိုင်တောင် ရှိပြီ။ ဟိုတလောလေးကမှ ကံကောင်းဆိုတာ ဖွင့်သွားသေးတယ်။ 325 မှာ

    ReplyDelete
  2. ဒီတပတ်တော့ breakfast တနပ်စာအိုကေသွားပြီ။
    :)

    ReplyDelete
  3. ဆိုင်ဖွင့်ပွဲက ဘယ်သူလာစားစားရလား ငှင်....

    ReplyDelete
  4. ဟာ၊ ၂ ရက်နေ့ မနက် ၁၁ နာရီ ၄၄ မိနစ်တိတိမှာမှ ဖတ်မိတယ်လို့... သွားပြီကွာ..

    ReplyDelete
  5. မမေ >> ဟုတ်လားမမေ။Clementi မှာက မြန်မာတွေ နေတာများလို့  ဆိုင်တွေ အပြိုင်အဆိုင် ဖွင့်ကြတာ ထင်တယ်။

    တက်တူ >> သွားစားဖြစ်လား။ မုန့် ဟင်းခါးက စားလို့ ကောင်းလား။

    sin dan lar >> ဒီက မြန်မာ ဆိုင်တွေမှာ ဆိုင်ဖွင့်ပွဲတွေဆို ဘယ်သူလာစားစား ကျွေးကြတာများတယ်။ သူတို့  ချက်ထားတာတွေ မကုန်ခင်အထိပေါ့။

    TZA>> အခွင့်အရေးကြီးတစ်ခု လက်လွတ်သွားရတာပေါ့..
    ဒါနဲ့  ကို TZAက ..တနင်္ဂနွေနေ့ မှာ အစောကြီးနိုးနေတာပဲ။ ကျွန်မဆို တနင်္ဂနွေက နေ့ လယ် ၁ ချက် ထိုးခါနီးမှ နိုးတယ်။

    ReplyDelete
  6. မ Nay ရေ... ကျေးဇူးတင်ပါတယ်။
    I will drop by for a try on မန္တလေး cuisine :)

    ReplyDelete
  7. ကို Alvin >> ဒီမှာရေးထားတာကို ဖတ်ပြီး အဲဒီမှာ သွားဝယ်ဖြစ်လို့  လိုချင်တာလေးတွေ အဆင်ပြေပြေ ၀ယ်လိုရခဲ့တယ်ဆို သတင်းပေးတဲ့ ပိုစ့်ရေးရတာ တန်သွားပါပြီ..

    ReplyDelete
  8. မ Nay ရေ... haha, that's too difficult for me to read... I'll probably take more than an hour searching the dictionary for each word.

    I'm non-burmese... and my burmese language is still very much like baby-talk. I will copy-and-paste your message and then check my မြန်မာ-အင်္ဂလိပ် အဘိဓာန် (Myanmar-English Dictionary) when I'm free later.

    Learning from all of you :) Thanks again!

    ReplyDelete