Pages

October 06, 2008

ကွဲသွားတဲ့မှန်

ကွဲသွားတဲ့ မှန်တစ်ချပ်ကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး....


မှန်တစ်ချပ် ကွဲသွားခဲ့တယ်..
အစိတ်စိတ်အမွှာမွှာကွဲကျေသွားခဲ့တာပါ..
သူ့ ကြောင့် ဘယ်သူ့ ကိုမှ မထိခိုက်စေခဲ့ဘူး..
အစိတ်စိတ်အမွှာမွှာ.. ကွဲနေတဲ့ ဒီမှန်ကို ဆက်ပြီး အသုံးပြုဖို့ ဆိုတာ..
မဖြစ်သင့်ဘူး.... မဖြစ်နိုင်ဘူး.....

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် စိတ်ထိခိုက် မနေပါနဲ့ ...
ပြူတင်းပေါက်တစ်ခုရဲ့ လိုအပ်ချက်ဟာ မှန်တစ်ချပ်သာ ဖြစ်ခဲ့တာပါ..
ကွဲသွားတဲ့ ဒီမှန်ရဲ့ နေရာမှာ....
အစားထိုးဖို့  တခြားမှန်တွေ အဆင်သင့်ရှိနေမှာပါ..
ကွာလတီအမျိုးမျိုး.. အရောင်အမျိုးမျိုးနဲ့ ...
အဖြူရောင်ယူမလား.. အညိုရောင်ယူမလား....
သင်လောကကြီးကို ဘယ်လိုမြင်ချင်ပါသလဲ...
အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ မှန်တစ်ချပ်ကို..
စိတ်တိုင်းကျ .. အမြန်ဆုံး..
ရွေးချယ်လိုက်ပါ...

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် .....
စိတ်ထိခိုက် မနေပါနဲ့ ... စိတ်ထိခိုက်မနေပါနဲ့ ..
စိတ်ထိခိုက်မနေပါနဲ့ ..

မြ

10 comments:

  1. i want a colourful mirror. can you find one 4 me? :P

    ReplyDelete
  2. မှန်ကွဲရတဲ့ အကြောင်းရင်းကို သိချင်တယ်...။

    ReplyDelete
  3. ဖြစ်သမျှအကြောင်း အဟောင်းချည်းပါပဲ....
    အဓိက က စိတ်ချမ်းသာဖို့ပါပဲနော်.......
    ကွဲသွားတဲ့မှန်ကို ပြန်သုံးလို့မရပေမဲ့.....
    မှန်အကောင်းကိုပဲ အဟောင်းလို သဘောထားရင် ရပါသေးတယ်......
    သေသေချာချာ စဉ်းစားပါ....

    ReplyDelete
  4. တိဲု့လဲစဉ်းစားနေတာဘဲ.ဘာကြောင်.လဲလို.။ ဒါမှမဟုတ် ကုန်ကြမ်းရှာတာလား။ ဒါ မှမဟုတ် ပေါက်ကွဲသွားတာလား။ ဒါမှ မဟုတ်မြင် တာ ကို ခံစားလိုက်တာလား။ ခံစားချက် ကတော.ရေရေ လည် လည် ပြီ့ပင်တယ်။

    ReplyDelete
  5. ကွဲသွားတဲ့မှန်ကို ဆက်သုံးမရပေမယ့်
    ထုခြေပြီး အချပ်လေးတွေကို အရွယ်အမျိုးမျိုးရအောင်လုပ်။
    ပြီးရင် ပုံဖော်ပြီးအင်္ဂတေနဲ့ဖြစ်ဖြစ်ကပ်။
    အလှဆင်တဲ့နေရာမှာသုံးလို့ရတယ်လေ။
    ဒီလိုမျိုးလေးလေ..
    http://bp3.blogger.com/_3L_228DNIRQ/R9tzcSAdbiI/AAAAAAAAB_o/K-Gqgj4nBCI/S660/quartet.jpg

    ReplyDelete
  6. မြရေ..

    ကျန်းမာရေး ဂရုစိုက်ပါနော်။

    ReplyDelete
  7. DOX >> SiS, Colourful Mirror လိုချင်တယ်ဆို ကိုယ်ဟာကိုသာရှာဝယ် ..:> ရှာပေးရင်လည်း ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် ဂျီးများမယ့်ဟာ ကြိုသိနေတယ်..

    Ko Boyz >> ရှင်းပြဖို့ တော်တော်ခက်ပါတယ်..

    Exit of thinking mind >> ဟုတ်ပါတယ်.. စိတ်ချမ်းသာဖို့ က အဓိကပါ.. :)

    Khin Oo May >> အစ်မ သိပ်ပြီး မစဉ်းစားနဲ့ .. ခေါင်းရှုပ်သွားလိမ့်မယ်.. :D

    မမွန် >> မှန်ကွဲလေးတွေကို ပြန်အသုံးချဖို့  နည်းလမ်းပေးတာ ကျေးဇူးပါပဲ :-).. လှတယ်..
    အခုမှန်က စိတ်စိတ်အမွှာမွှာ ကြေပြီး အပိုင်းသေးသေးလေးတွေ ကွဲသွားတာ.. ငယ်ငယ်ကလုပ်သလို မှန်ကွဲတွေကို ထုထောင်း.. ထမင်းရည်နဲ့ ရော.. အပ်ချည်ကြိုးကို မှန်စာတိုက်ပြီး စွန်လွှတ်ရင် ကောင်းမလား စဉ်းစားနေတာ..

    မထက် >> ဟုတ်ကဲ့.. ဂရုစိုက်ပါ့မယ်...
    ပြောတာလည်း မင်းပါပဲ ဖြစ်နေသလား မသိဘူး :D

    ReplyDelete
  8. good poem!
    After reading ur post, my mind is clear coz i'm also facing some kinda situation.
    yes..it should be the way.

    ReplyDelete
  9. မှန်ကွဲသွားတာလား။ ဘယ်သူ ခဲနဲ့ ထုလိုက်လဲ မသိဘူး။ ဒါမှမဟုတ် ငှက်တစ်ကောင်ကပဲ ၀င်တိုးမိတာလား။ ဘာလား ညာလား... လားပေါင်းများစွာ ခေါင်းထဲမှာ စီကာ စီကာ...

    ReplyDelete
  10. Khinl2k>> ကျေးဇူးပါ။ ကဗျာမရေးတတ်ပါဘူး။ စိတ်ထည်ဒီတိုင်းပေါ်လာတဲ့ စာလုံးတွေ ချရေးပြီး ကြည့်ကောင်းအောင် စီထားတာပါ။

    ဘာတွေများကြုံတွေနေရလဲ မသိဘူး.. ဘာပဲဖြစ်ဖြစ် အစစ အရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပေးပါတယ်. :-)

    NMA (JulyDream) >> မှန်ကွဲ သွားတာ ကွဲချိန်တန်လို့  ကွဲတယ်မှတ်လိုက်.. သိပ်မတွေးနဲ့ .. ခေါင်းထဲမှာ စီကာ စီကာ ... တွေးတာတွေ များသွားလို့  ရုပ်ကြီးရင့်လာရင် အသက်ငယ်ငယ်နဲ့  ကောင်မလေးတွေက ဦးလေးကြီး ခေါ်တာခံနေရအုံးမယ်..

    ReplyDelete