Pages

October 03, 2008

03 September 2008

မနက်က အကောင်းကြီး။ အခုတော့ မကောင်းဘူး ဆိုရမယ်။ ထမင်းစားပြီး နေ့ လယ် မေမေမှာတဲ့ ပစ္စည်းတွေ လူကြုံနဲ့  ထည့်ပေးဖို့ သွားဝယ်ဖြစ်တယ်။ နီးနီးနားနား Central မှာပဲ သွားဝယ်တာပါ။ အသွားတုန်းကလည်း အကောင်း။ အဲဒီက အပြန်လမ်းမှာ နှာရည်တွေ ကျလာတာ။ အတူသွားတဲ့ သူတွေ ဘာမှမဖြစ်ဘူး။ နေပူထဲသွားတာကလည်း လမ်းကူးတာတဲ့ အချိန်လောက်ပဲရှိတာပါ။ ဘာတွေမှားပြီး ဘာအဆင်မပြေဖြစ်သွားလဲ မသိဘူး။ အလုပ်လဲ ရောက်ရော တရှုံ့ ရှုံ့ နဲ့  ဖြစ်နေပြီ။ Tissue တွေလည်း ကုန်ပြီ။ မသိရင် ငိုနေတဲ့ အတိုင်းပဲ။ နောက်ပြီး အခု အနွေးထည် ၀တ်ထားတာတောင် စိမ့်ပြီး ချမ်းနေတယ်။ ဘေးကလူတွေဆို အနွေးထည်တောင် ၀တ်မထားဘူး၊ မေးကြည့်တာတော့ ဒီနေ့  အဲယာကွန်းက သိပ်မအေးဘူးတဲ့။ နေရ ထိုင်ရ ခက်နေတယ်။ အခု ကိုယ်ပူပြီး မျက်လုံးတွေပါ စပ်လာတယ်။ ဖျားတော့ မလားမသိဘူး။ ကိုယ်ပူပြီး ဖျားတာ မဖြစ်တာကြာပြီ။ အစာစားပြီး ဆေးသောက်ထားလိုက်တယ်။

မဖျားချင်ဘူး။ ဖျားရင် အစားအသောက်ကလည်း ပျက်သေးတယ်။ ခုရက်ပိုင်း ရာသီဥတုက ပူတယ်။ ပူတဲ့အချိန်မှာ ဖျားနေရင် နေရထိုင်ရခက်တယ်။ နောက်ပြီး ဒီနေ့  သောကြာနေ့ ။ မနက်ဖြန် နဲ့  သဘက်ခါက အားလပ်ရက်။ နားရက်ကလေး ဖျားလို့ မဖြစ်ဘူး။ တကယ်ဆို ဘယ်ရက်မှ ဖျားတာတော့ မကောင်းပါဘူး။ ဒါပေမယ့် မဖျားမနေရ ဖျားရမယ် ဆိုတောင်မှ WeekDay တွေမှာ ဖျား ခံသာသေးတယ်။
ဒါက ဆေးမသောက်ခင် စားတဲ့ အစားအစာတွေ၊ ဒါတွေစားပြီးမှ ဆေးသောက်လိုက်တာပါ။ လိမ္မာလာပြီ။ KopiHut မှာ စားတာ။ ခေါင်းကိုက်လို့  ဝေးဝေးမသွားချင်တာနဲ့  နီးတဲ့ဆိုင်မှာ စားလိုက်တာ စားလို့ လဲ မကောင်းဘူး။ အစားစားပြီးမှ ဆေးသောက်လို့ ဖြစ်မယ်တွေးမိလို့ သာ စားလိုက်ရတယ်။ အဲလိုတွေးပြီး စားလိုက်တော့လည်း ကုန်သွားတာပါပဲ။

9 comments:

  1. N^3

    Takecare dude, fever is like tat one. if u know early ake medicine better. Enjoy ur weekend....

    ReplyDelete
  2. ဆေးမှန်မှန်သောက်ပါ...။
    စောစောအိပ်ပါ...။
    အစာပျော့ များများစားပေးပါ...။
    ဘလော့ဂ်မရေးပါနှင့်...။
    သင်၏ စနေနှင့် တနင်္ဂနွေနေ့များကို အိပ်ရာပေါ်တွင် နွေးနွေးထွေးထွေး နေခြင်းဖြင့် ကုန်လွန်ပါစေ...။
    အကျွန်ုပ် အဖို့မှာမူကား Connected ဟူသည့် ဇာတ်ကားကို သွားရောက်ကြည့်ရှုမည် ဖြစ်သည့်အကြောင်း...၊
    ၎င်းနောက် Larvender တည်းဟူသော ယိုးဒယားတို့ ပျော်စံရာ အရပ်တွင် ငရုတ်ဆုံတွင် ထည့်ထောင်းသည့် သဘောင်္သီးထောင်း စပ်စပ်ကို ဖါးကလေး ကြက်သွန်ကြော်နှင့် သွားရောက် တွဲဖကါ သုံးဆောင်မည် ဖြစ်သည့်အကြောင်း အိမ်မှာနေရင်း သွားရည်ကျစေရန် မောင်းတီးလိုက်သည်...။
    နောင် နောင် နောင်....

    ReplyDelete
  3. စင်္ကာပူက အစားအသောက်တွေ လွမ်းရင် ဒီမှာ ဓာတ်ပုံတွေ လာလာကြည့်တယ်.....စားချင်လိုက်တာ...ပုံမြင်ရတာနဲ့ ဝသလို ခံစားရတယ်....:P

    ReplyDelete
  4. ပုံကလေးတွေ ချစ်စရာ. အပြာရောင် ကောင်းကင် အောက်မှာ..

    ReplyDelete
  5. PhyoPhyo, Ko Boyz, DOX, Ma Khin Oo May,
    အားလုံးကို ကျေးဇူးပါ...
    ဒီနေ့  တနင်္လာနေ့ မှာပါ အလုပ် မသွားနိုင်ဘူး။ ဆေးခွင့်ယူလိုက်ရတယ်။
    မနက်ဖြန်လောက်ဆိုရင်တော့ ကောင်းသွားမယ် ထင်ပါတယ်။

    Exit of Thinking Mind>>
    စားစရာပုံတွေ ထပ်တင်ဦးမှာ :D
    ပုံတွေ မြင်ရတာနဲ့  ၀သွားတယ်ဆိုတော့ အပြင်မှာ weight ကျသွားမှာပဲ... :P
    အားပေးတာ ကျေးဇူးပါ...

    ReplyDelete
  6. စစ် ခဏခဏ မဖျားအောင် ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    အဟီး postpone လုပ်ကြည့်လေ
    (စတာနော်)

    ReplyDelete
  7. ဒီလို ကိုယ်ပူပြီး မဖျားတာ အတော်ကြာပြီ.. အိပ်ပျက်အားနည်းတဲ့ အချိန် .. ဘာအခန့် မသင့် ဖြစ်သွားလဲ မသိပါဘူး... သတိထားမိသလောက် နှစ်ကုန်ပိုင်းဆို ဖျားတတ်တယ်.. ရာသီဥတုကပူပူမှာ ကိုယ်ပူပြီး ဖျားရတာ အတော်နေရခက်တာ..

    ဒါနဲ့ ဖျားတာကို Postphone လုပ်လို့ ရလဲ ကောင်းသားပဲနော် .. အဲလို လုပ်ဖို့  နည်းလေးသိတယ်ဆိုရင် ပေးပါအုံး.. :P

    ReplyDelete