Pages

September 16, 2008

ကိုယ်မေးမယ် .. ဘာဖြစ်ဦးမလဲ

ကျွန်မ ကဗျာတွေ မစပ်တတ်ဘူး.. ဒီသီချင်းဆိုမယ်ဆို ကဗျာတွေဆိုတဲ့ နေရာမှာ ဘလော့မှာ စာတွေ လျှောက်ကာ ရေးတယ်လို့ များ ထည့်ဆိုရမလားတောင် မသိဘူး... တခြားစာသားတွေက ပြောစရာမရှိ... အင်း.. တကယ်ဆို သီချင်းလည်း မဆိုတတ်ပါဘူး.. သီချင်းတွေပဲ နားထောင်တတ်တယ်.. ဒီတော့ ဘာမှ ပြောင်းလဲစရာ မလိုတော့ပဲ .. ထွန်းအိန္ဒြာဗိုလ် ဆိုထားတဲ့ သီချင်းကိုပဲ ထပ်ခါထပ်ခါ နားထောင်နေ လိုက်တော့တယ်..

ထွန်းအိန္ဒြာဗို - ဘာတွေဖြစ်ဦးမလဲ
ထွန်းအိန္ဒြာဗို - ဘာတွေဖြစ်ဦးမလဲ (live)

အချိန်တွေကုန်အောင် ကဗျာတွေရေး
ပြောင်းလဲလွန်းတဲ့ မိနစ်နေ့တိုင်းကို .. ကိုယ့်ရဲ့စိတ်တွေ မြုပ်နှံ
နေ့နဲ့ည ရေရင်လေ ၂၈နှစ် (အမြဲ)
ပြတင်းပေါက်ရဲ့ တံခါးများကို ဖွင့်တဲ့ မနက်တိုင်းမှာ
မနက်ဖြန်ဟာ အရင်အတိုင်းလေ

ယုံကြည်တယ် ဘုရားဟောထားတဲ့ ကျမ်းများလို
ကိုယ်လေ တကယ် နေထိုင်ရင်းနဲ့ .. ကိုယ် တည်ဆောက်ခဲ့
အခုများ .. ကြမ်းတမ်းတဲ့ ခရီး ၀ဋ်ကြွေးများ ချာချာလည်

ရင်ဆိုင်မယ် ကိုယ့်အတွက် နေ့သစ်များရဲ့ မနက်သစ်မှာ
ကျန်တာ မေ့ကာထားခဲ့ .. မသေချာတဲ့ နေ့များ..
ကိုယ်လေ လောကဓံကြီးကို အော်မယ်...နောက်ရက်များအတွက်

ကိုယ်မေးမယ် ... ကိုယ်မေးမယ် .. ဘာဖြစ်ဦးမလဲ
နေ့တိုင်းအတွက် ... ကိုယ်မေးမယ် ... ဘာတွေဖြစ်ဦးမလဲ

လိုချင်တယ်... ကိုယ်ဘာတွေ ရခဲ့သလဲ
အချိန်တွေပဲပြောင်း သောင်ပြင်ရယ်နေရာ မရှိတယ်
ဒီကဗျာတွေ ဒီရင်မှာ ပြည့်ကျပ်လို့ နေ
ဘယ်နားမှာ သွားသုံးမလဲ .. ဆုံးရှူံးတဲ့ နေ့...

.....
.....

ကိုယ်မေးမယ် ကိုယ်မေးမယ် ဘာတွေဖြစ်ဦးမလဲ
မနက်တိုင်းအတွက် ကိုယ်မေးမယ် အနှောင့်အယှက်များထဲ
ကိုယ်မေးမယ် ကိုယ်မေးမယ် ဘာတွေဖြစ်ဦးမလဲ
ကိုယ်မေးမယ် နာရီတွေ ဘာဖြစ်ဦးမလဲ

အချိန်ကုန်ခံကာ ကဗျာတွေရေး
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့
မနက်ဖြန် ကိုယ်ဘာဖြစ်မလဲ

ဒီနေ့ မနက်.. ဒီသီချင်းကို နားထောင်ချင်စိတ်ပေါက်တာနဲ့  အတော်လေး လိုက်ရှာလိုက်ရတယ်။ လိုချင်တာ အရင်ဆိုထားတဲ့ ဗားရှင်းအဟောင်း။ အင်တာနက်ပေါ်မှာ ရှာလို့ မတွေ့ ဘူး။ ဒီတော့ တွေ့ တာလေးပဲ တင်လိုက်တယ်။ ထွန်းအိန္ဒြာဗို - ဒိုင်ယာရီ Live Show 2 (mp3.mmblogs.net) သီချင်း နာမည်က ဘာတွေဖြစ်မလဲလား.. ဘာတွေဖြစ်ဦးမလဲလား...

Update
: သီချင်းနာမည် အမှန်က "ဘာတွေဖြစ်ဦးမလဲ"
မမွန် နဲ့  ကိုဘွိုင်းဇ်ကို ကျေးဇူးတင်ပါတယ်။ :)

5 comments:

  1. ဘာတွေဖြစ်ဦးမလဲ.. ထင်တာပဲ။

    ReplyDelete
  2. ကျေးဇူးပဲ မမွန်။

    ReplyDelete
  3. အော်ရီချင်တယ် ယူထု....
    "What's up" by 4 Non Blondes
    http://www.youtube.com/watch?v=LiDpMfEeo3Q

    ReplyDelete
  4. မနေ

    ထွန်းအိန္ဒြာဗိုလ် ရဲ့ ဗားရှင်းအဟောင်း အောက်မှာယူလိုက်နော်..
    http://www.mediafire.com/?rxjdyqrqzmf

    မိုးကြယ်

    ReplyDelete
  5. မိုးကြယ်... ဒီသီချင်း ဘယ်က သွားရှာရမယ်မှန်း မသိဖြစ်နေတာ။ ကျေးဇူးပါပဲ..

    ReplyDelete