Native Myanmar Forum မှာ အမြဲဖတ်ဖြစ်တဲ့ တော့ပစ်က MYSELF2005 ID နဲ့  ရေးသားတဲ့
ကိုနဗန ရဲ့ Myself တော့ပစ်ပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ နေးတစ်ဝင်ကြည့်လို့  အဲဒီတော့ပစ်မှာ အသစ်တတ်တယ်ဆို မရမက အချိန်ယူပြီး ဖတ်ဖြစ်အောင် ဖတ်တယ်။ အဲဒီမှာနေရာမှာ ကိုနဗနက သူရဲ့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ဘ၀ အတွေ့ အကြုံတွေကို ရေးထားတာပါ။ အရေးအသား အလွန်ကောင်းပြီး၊ ဟာသလေးနှော ရေးတတ်တဲ့ အတွက် နေးတစ်ဖိုရမ် မန်ဘာတိုင်းနီးပါး သဘောကျနှစ်သက်ကြတဲ့ တော့ပစ် တစ်ခုပါ။ BaganNET forum မှာ ကတည်းက စတင်ရေးသားခဲ့တာလို့  သိရတယ်။ ကျွန်မ Bagan Forum ခေတ်ကောင်းစဉ်က ၀င်လေ့မရှိတော့ မသိဘူး၊ နေးတစ်ရောက်မှ စပြီး ဖတ်ဖူးခဲ့တယ်။ စဖတ်ကတည်းက နှစ်သက်ပြီး ရင်းနှီးတဲ့သူတွေကို ဖိုရမ်မှာ မန်ဘာဝင်ပြီး အဲဒီတော့ပစ်ကို ဖတ်ကြည့်ဖို့  ညွန်းလေ့ရှိခဲ့ပါတယ်။
Believe it or not! This is my life.. my real life.. by Navana
အခု Blog တစ်ခုအနေနဲ့  အသက်သွင်းလာတဲ့အတွက် ဘလော့ဖတ်လေ့ရှိတဲ့ သူတွေ ဖတ်ကြည့်နိုင်အောင် သတင်းပေး လိုက်ပါတယ်။ စာကောင်းပေကောင်း ဖတ်လေ့ရှိသူတွေ ကြိုက်ကြမှာ သေချာပါတယ်။ (မကြိုက်လျှင် မကြိုက်သူဟာ စာကောင်းပေကောင်း မဖတ်တတ်သူလို့  ပြောလိုချင် မဟုတ်ပါဘူး :D ) စာဖတ်သူကို အရသာစုံလင်ပေးနိုင်တဲ့ နေရာတစ်ခု အမှန်တကယ် သေချာလို့ သာ ညွန်းလိုက်ရခြင်း ဖြစ်ပါတယ်။
ဖတ်ကြည့်ပြီး သဘောကျလွန်းလို့ အများကြီးတစ်ခါတည်း ဖတ်ချင်တယ်ဆို နေးတစ်မှာ မန်ဘာဝင်ပြီး သွားဖတ်လည်းရပါတယ်။ ဟိုမှာတော့ အတော်များမျာ တင်ထားပြီး ရှိနေပါတယ်။
native ထဲမှာ မဖတ်မိဘူး။ အစ်မညွှန်းတော့မှ အဲဒီဘလော့ဂ် တစ်ထိုင်ထဲ အကုန်ပြီးအောင် ဖတ်ပစ်လိုက်တယ်။ တော်တော် အရေးအသားကောင်းတယ်နော်။ ဖတ်လို့လဲကောင်းတယ်။ အခုမှ လေးကောင်ဂျင်တွေ သုံးဆယ့်ခြောက်ကောင်တွေ အကြောင်းလည်း ကောင်းကောင်းနားလည်းသွားတယ် =)
ReplyDeleteအလွန်စာရေးကောင်းတဲ့ နဗန လင့်အတွက် ကျေးဇူး အထူးတင်ပါတယ်။။။
ReplyDeleteမနေနေနိုင်ရေ။ အခုမှ ဖတ်မိတယ်။ ဆက်တိုက်မဖတ်ရ မနေနိုင်အောင် အရေးအသား ကောင်းတယ်နော်။ အခုလို ညွှန်ပေးတဲ့ အတွက် ကျေးဇူးပါပဲခ င်ဗျာ။
ReplyDeleteညွန်းထားတဲ့ ကိုနဗနရဲ့ ဘလော့ကို သွားဖတ်ကြည့်ဖြစ်ကြပြီး ၊ သဘောကျ နှစ်သက်တယ် ဆိုတာ သိရလို့  ၀မ်းသာပါတယ်။ စာဖတ်သူ တွေအဖို့  ကိုယ်ဖတ်မိတဲ့၊ ကိုယ်နှစ်သက်တဲ့၊ ကိုယ်အရသာတွေတဲ့ စာပေတွေကို တခြားသူတွေကို ဖတ်ကြည့်စေချင်လို့  ညွန်းကြ၊ ဖတ်ပြီး ကြိုက်တယ်ဆိုတာ သိရတဲ့အခါ ၀မ်းသာကြတာ သဘာဝပဲနဲ့ တူတယ်။ အားလုံးပဲ ဖတ်ပြီး နှစ်သက်တယ်ဆိုတဲ့ အကြောင်း ကွန်မန့် တွေ ချန်ထားပေးတာ ကျေးဇူးပါပဲ။ :)
ReplyDeleteအခုမှ သတိရလို့ ကွန်မန့် ပြန်လာပေးတာ..မနေနေနိုင်လိုပဲ ကိုယ်ဖတ်တာလေးတွေသဘောကျရင် ပြန်ညွန်းချင်လို့ .www.myanmarfamily.org မှာ ဘ၀ဟူသည်ဆိုတဲ့ forum ခေါင်းစည်း အောက်မှာ ကျနော့်အတွေ့ အကြုံများ ဆိုတဲ့ တော့ပစ်နဲ့ကိုမိုးပေါင်ဆိုတဲ့ လူရေးထားတာတွေတော်တော်ဖတ်လို့ ကောင်းတယ်.ကိုနဗန လောက်တော့ စာတွေမများသေးဘူးပေါ့...ဒါပေမယ့် ဗဟုသုတ ရစရာလေးတွေရှိပါတယ်..အချိန်အားရှိရင်သွားဖတ်ကြည့် စေချင်ပါတယ်..
ReplyDeletejurassic >> ကျွန်မ မြန်မာမိသားစု ဖိုရမ်နဲ့  အဲဒီ တော့ပစ်ကို မသိခဲ့ဘူး။ ခုလို သတင်းပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီ ဖိုရမ်ကို မန်ဘာဝင်ပြီး ညွန်းထားတဲ့  တော့ပစ်လိုက်ရှာတာ ရှာမတွေ့ ဘူး... နည်းမျိုးစုံရှာကြည့်တယ်.. မရဖြစ်နေတယ်.. ဘ၀ဟူသည်ဆိုတဲ့  ဖိုရမ်ကို တောင်ရှာမရ ဖြစ်နေတယ်.. ဖတ်ကြည့်ချင်လို့  ကူညီပါအုံး. ဖြစ်နိုင်မယ်ဆို လင့်အတိအကျလေး ညွန်းပေးစေချင်ပါတယ်.. ကျေးဇူးပါ..
ReplyDeleteစောရီးပါဗျာ...ကျနော်လည်းအခုမှ သတိရလို့ပြန်လာကြည့်တာ..ဖတ်လို့ရမရ...ဖိုရမ်ထဲမှာ.ဆွေးနွေးကြမယ် ဆိုတဲ့  ကွပ်ပျစ်ဝိုင်း..အဲဒီထဲမှာ ဘ၀ဟူသည် ဆိုတဲ့ ခေါင်းစဉ် ရှိပါတယ်.အောက်ကလင့်ကို ၀င်ကြည့်ပါလား...ရမလားတော့ မသိဘူးးး
ReplyDeletehttp://www.myanmarfamily.org/forum/forumdisplay.php?f=32
မရ ရင်ပြန်ပြောပါနော်...ကျနော်ကူရှာပေးပါ့ မယ်
ပေးထားတဲ့ လင့်ကနေသွားလိုက်တာ.. ရသွားပြီး ...
ReplyDeleteနေလို့ မကောင်းတာနဲ့  စာများများ မဖတ်နိုင်ဘူးဖြစ်နေလို့  အစအဆုံး အကုန်လုံးတော့ မဖတ်ရသေးဘူး..
ဖတ်မိသလောက် စိတ်ဝင်စားဖို့ ကောင်းတယ်.. အမြဲသွားဖတ်ဖြစ်မှာ သေချာပါတယ်...
ကျေးဇူး အထူးတင်ပါတယ်..
:) take care ur health and be happy!
ReplyDeletehave a nice day!
mm.. luv this post..
ReplyDelete