Pages

September 18, 2008

ရယ်စရာ ကာတွန်းများ

"IT cartoons" from MyanmarCupid forum နဲ့  "Myanmar Internet Jokes" by Hla Htut Oo ဆိုပြီး အီးမေးက လက်ခံရရှိတဲ့ ကာတွန်းတွေပါ။ ရီရတယ်။ အဲ့ဒီလို တစ်ကွက် ကာတွန်းလေးတွေ ဖတ်ရတာ ကြိုက်လွန်းလွန်းလို့  ပျောက်ပျက် မသွားရအောင် PDF files လုပ်ပြီး သိမ်းထား လိုက်တယ်။ ဖြစ်နိုင်ရင် ကာတွန်းစာအုပ်တွေနဲ့  တစ်မျက်နှာ ကာတွန်းတွေကို ၀ယ်ပြီး စုထား ချင်တာပါ။ အခုအခြေအနေနဲ့ က မလွယ်ဘူး။ တချို့ လည်း ဒီကာတွန်းတွေကို ဖတ်ပြီးကြမယ် ထင်ပါတယ်။ မဖတ်ရသေးလို့  ဖတ်ချင်တယ်ဆို အောက်က လင့်တွေမှာ ဖတ်လို့ ရပါတယ်။ ကာတွန်းတွေ ဖတ်ပြီး မရီဖြစ်တောင် အနည်းဆုံးပြုံးဖြစ်သွားမှာ သေချာပါတယ်။


Credit to May11 and Original Uploaders

ဒီရက်ပိုင်းက အင်တာနက်ပေါ်မှာ သတင်းတွေလောက် ကလွဲရင် တခြားဟာတွေ လိုက်မကြည့်ဖြစ်ဘူး။ မနက်စောစော စိတ်ကြည်လင်မှု့ကို ဖြစ်စေခဲ့တဲ့ မမေကို အထူးကျေးဇူးတင်ပါတယ်။

6 comments:

  1. နေနေ အခု တင်ထားတဲ့ ကာတွန်းကို မမေဖတ်လိုက်တုန်းက ကိုယ့်ကလေးလေးတွေကြောင်း ရေးတတ်တဲ့ ဘလော့ဂါတွေကို ချက်ချင်းပဲ သတိရသွားတယ်။ (ကိုအန်ဒီတို့၊ ကိုလကလေးတို့၊ ရာဇာကျော်တို့ပေါ့):D

    ReplyDelete
  2. မမေ ပြောသလိုပါပဲ အဲဒီ အကြောင်းတောင် တစ်ခါ ရေးဖူးသေးတယ်။
    Andy

    စကားမစပ် ညီမရေ ညီမ Feed တွေက Yahoo Pipe မှာကြောင်နေလို့ ခဏ ဖြုတ်ထားရတယ်။ Feed တွေ ပြင်နေလား မသိ။ တလောကလည်း ၁၀ ခုလောက် တက်နေတယ်။

    ReplyDelete
  3. မမေ..
    နေနေလဲ အဲလိုပဲ သတိရသွားတယ်။ :D ဒါကြောင့်လည်း ကာတွန်းတွေ အများကြီးထဲက ဒီပုံလေး ရွေးတင် ဖြစ်သွားတာပါ။

    ကို Andy,
    အစ်ကို့  ဘလော့မှာ အသစ်တတ်ရင် Reader က ချက်ချင်းဖတ်ဖြစ်သလို၊ အချိန်ရတဲ့ အခါတွေမှာဆို ဆိုဒ်မှာလည်း သွားဖတ်ဖြစ်တယ်။ ကလေးတွေရဲ့ ဓာတ်ပုံတွေလဲ flicker မှာ အမြဲ လိုက်ကြည့်ဖြစ်တယ်။

    Feed မှာ တခြားဟာ မပြင်ဖြစ်ဘူး။ ဒါပေမယ့် ဟိုတလောက Feed ကို ပိတ်ထားဖြစ်တယ်။ ခု ရက်ပိုင်းမှ ပြန်ဖွင့် လိုက်တာပါ။ အဲဒါကြောင့် ဖြစ်တာလားတော့ မသိဘူး။ ဒါမှ မဟုတ် သီချင်း post တွေ အများကြီး တက်တာလား။ ဒါဆိုရင်တော့ ဟိုရက်ပိုင်းက အင်တာနက်ပေါ် တင်ထားတဲ့ mp3 တွေကို နေရာရွေ့ လိုက်လို့  ပိုစ့်အဟောင်းတွေမှာ ရှိနေတဲ့ လင့်တချို့ ကို ပြန်ပြင်လိုက်တာကြောင့် ဖြစ်မယ် ထင်ပါတယ်။

    ReplyDelete
  4. မမွန်ကတော့ လတရနဲ့ ပန်းနွယ်ကိုပဲပြေးမြင်တယ်။ ဟီးဟီး

    ReplyDelete
  5. ကာတွန်းတွေကြည်.သွားတယ်။နေ. :D

    ReplyDelete
  6. မမွန် >> မမွန် နဲ့  ကိုပေါက်ကိုလည်း ဒီလို ကာတွန်းမျိုးလေးတွေ ဖတ်ပြီး ပြေးမြင်ကြည့်ချင် လိုက်တာနော်.. :D

    မခင်ဦးမေ >> အစ်မရေ.. အမြဲလာဖတ်ပြီး ကွန်မန့် တွေ ထားပေးခဲ့တာ ကျေးဇူးပါ။ ကာတွန်းတွေ ဖတ်ကြည့်ပြီး ကြည့်မယ် ထင်ပါတယ်။ ဒါပေမယ့် အစ်မဖတ်ပြီးသားတွေတောင် ဖြစ်မယ် ထင်တယ်။ အစ်မဘလော့မှာ အဲဒီထဲက ကာတွန်းတစ်ခု တင်ဖူးတာ သတိထားမိတယ်။:)

    ReplyDelete