Pages

August 07, 2008

Getting 100-150 years old photos: Bakumatsu Koshashin Generator

ပုံတွေကို ဟိုးလွန်ခဲ့တဲ့ နှစ် ၁၀၀-၁၅၀ လောက်က ရိုက်ထားတဲ့ ပုံအဟောင်းတွေလို့  ထင်ရအောင် ပြောင်းပေးတဲ့ နေရာ တစ်ခုပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုဓာတ်ပုံလေးတွေ ပြောင်းကြည့်လိုက်၊ ဒီဓာတ်ပုံလေးတွေ ပြောင်းကြည့်လိုက် စမ်းကြည့်ပြီး၊ သဘောကျတာနဲ့  မသိသေးတဲ့ သူတွေ သိရအောင် သတင်းပေးလိုက်ပါတယ်။
Bakumatsu Koshashin Generator
"Koshashin" means "old photo". "Bakumatsu" is literally "end of feudal era", the end of Edo shogunate era (circa 1860), when the whole country was facing to its turning point to open for outside of islands, led to Meiji Revolution. So the service name implies "Generator for photos like over 150 years old". Source

အင်တာနက်ပေါ်မှာ ရှာတွေ့ တဲ့ ဒီနိုင်ငံရဲ့ ဓာတ်ပုံတစ်ခုကို ပြောင်းကြည့်ထားတာပါ။
ဓာတ်ပုံတွေဆို ပုံအသစ် လှလှလေးတွေကို သဘောကျသလို ၊ ရှေးခေတ်က ဓာတ်ပုံ အဟောင်းတွေကို ကြည့်ရတာလည်း သဘောကျတယ်။ ဓာတ်ပုံဟောင်းတွေ ကြည့်ရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဓာတ်ပုံ အဟောင်းတွေကို အသစ်လိုဖြစ်အောင် လုပ်ပေးတယ်၊ ဓာတ်ပုံ အသစ်တွေကိုလည်း အဟောင်းနဲ့  တူအောင် လုပ်ပေးတယ် ဆိုတာမျိုး အပြင်က ဓာတ်ပုံဆိုင်တွေမှာ ရေးထားတာ တွေ့ဖူးတယ်။ တတ်တယ်ဆိုရင် Photoshop တွေဘာတွေနဲ့  ကိုယ့်ဘာသာ ပြောင်းရင်လဲ ရမယ် ထင်တယ်။ ကိုယ်မှ မလုပ်တတ်တာ။ အခုလို လွယ်လွယ်ကူကူ ပြောင်းလို့  ရတာလေးတွေတော့ အငြိမ်မနေ စမ်းကြည့် ဖြစ်သွားတယ်။ ပုံကို convert လုပ်ပေးတာ အတော်လေး မြန်တယ်။ ကိုယ့်ကွန်ပြူတာထဲက ပုံကို Upload လုပ်ပေးလို့  ရသလို၊ အင်တာနက် တနေရာမှာ တင်ထားတယ်ဆို Web URL ထည့်ပြီး ပြောင်းလဲရတယ်။

10 comments:

  1. မူရင်းပုံကို အဖြူအမည်းပြောင်းပြီး အပေါ်က Layer တစ်ထပ် ထပ်ခံလိုက်တယ်ထင်တယ်။ ဒါပေမယ့် အဲဒါလေးက အရမ်းလွယ်ပြီး တကယ်အဟောင်းလေးနဲ့လည်းတူလို့ သဘောကျမိတယ်။ ကျေးဇူးပါ။

    ReplyDelete
  2. Thank for share. Really cool site.

    NL :)

    ReplyDelete
  3. ကျွန်မ သတိထားမိတဲ့ အထူးအဆန်းလေးတွေ ပြန်မျှတဲ့အခါ အခုလို ကြိုက်နှစ်သက်တယ်၊ သဘောကျတာ သိရလို့  ၀မ်းသာပါတယ်။ comment တွေ ချန်ထားပေးခဲ့တဲ့ အတွက် Mr.Pooh နဲ့  NL ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ah ma I linked to your post. :D Thank for your write up

    http://www.myokyawhtun.com/2008/08/07/make-vintage-photos.html

    ReplyDelete
  5. တို.လဲကြိုက်တယ် ကလိကြည်.ဦးမယ်။

    ReplyDelete
  6. စမ်းကြည့်ပြီးပြီ...
    မိုက်မှမိုက်...
    ကျေးဇူးပါနော် မနေနေ...

    ReplyDelete
  7. တို.ကလိပြီး ဘလော.ပေါ်တင်ထားတယ်. NNN ကို reference ထည်.ထားတယ်။ ကိုာဘာသာ ကိုယ် ကြည်.မဝဘူး။

    ReplyDelete
  8. ကိုဖြိုး ၊ မခင်ဦးမေ နဲ့  မသက်ဝေ .. ကွန်မန့် တွေ အတွက် ကျေးဇူးပါပဲ။ ကိုဖြိုး နဲ့  မခင်ဦးမေ ဘလော့တွေက ပိုစ့်တွေကို တွေ့ ပါတယ်။ ခုလို သတိတရနဲ့  ရေးထားကြောင်း ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.

    ဒီဘက် မလှည့်ဖြစ်တာနဲ့  reply ပြန်တာ အတော်လေး နောက်ကျသွားတယ်. :)

    ReplyDelete
  9. Thanks for sharing.

    Definitely a great blog.

    ReplyDelete