Pages

June 06, 2008

ShweRooms.Com

နောက်လ ဆန်း(1st July) လောက်မှာ အိမ်ပြောင်းမယ် စိတ်ကူးလို့  လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စပြီး အိမ်ခန်းရှာတဲ့အလုပ် စလုပ်ပါတယ်။ ဟိုးရှေ့ ပိုင်းကလို အနီးကပ်မှ အသေအလဲလိုက် ရှာတာမျိုးမဖြစ်အောင် အိမ်ပြောင်းမယ် စိတ်ကူးထဲက နီးစပ်ရာ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို အကြောင်းကြား၊ သူတို့ သတင်းပေးတဲ့ အိမ်ခန်းတွေ လိုက်ကြည့်ဖြစ်တယ်။ ခုချိန်ထိလဲ ကြည့်နေတုန်း၊ ရှာနေတုန်း ပါပဲ။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် သတင်းပေးလို့  သိရပြီး၊ အခုရက်ပိုင်း အခန်းရှာရာမှာ ကြည့်ဖြစ်နေတဲ့ Website တစ်ခု အကြောင်း သတင်းပေးချင်တယ်။ တချို့ လဲ သိပြီးကြမယ် ထင်တယ်။ ဒီနိုင်ငံမှာ အိမ်ရှာသူတွေ၊ အိမ်ငှါးချင်သူတွေ အတွက် အတော်လေး အသုံးဝင်တယ်။ ကိုယ့်မှာ ငှါးဖို့ အခန်းရှိပါကလည်း အဲ့ဒီမှာ ကြော်ငြာလိုက်လို့  ရပါတယ်။ Australia, Japan, Malaysia, Myanmar, Singapore, Thailand, United Kingdom နဲ့ United States လို့  နိုင်ငံတွေ ခွဲဖော်ပြထားပေမယ့် စင်္ကာပူနိုင်င်က အခန်းကြော်ငြာတွေပဲ ရှိပါသေးတယ်။ နောက်ပိုင်းတခြား နိုင်ငံတွေအတွက် ကြော်ငြာတွေပါ ရှိလာမယ် မျှော်လင့်ပါတယ်။

စင်္ကာပူက အခန်းငှါးတဲ့ သတင်းတွေ Update အမြဲဖြစ်နေတယ်။ တဆင့်တဆင့်နဲ့  ShweRooms ကို သိတဲ့သူများပြီး အသုံးပြုသူတွေလည်း များနေပြီ ထင်တယ်။ အခန်းငှါးဖို့ ကြော်ငြာတွေမှာ Long Term အခန်းတွေသာ မက Short term အိမ်ခန်းတွေပါ ကြော်ငြာထားတာတွေ့ ရလို့  မြန်မာပြည်ကနေ ဒီမှာ အလုပ်လာရှာတဲ့ သူတွေ အတွက်လည်း အသုံးဝင်မှာပါ။


နောက်တစ်ခုကြည့်မိတာကတော့ freead4you.net ပါ။ အဲ့ဒီမှာတော့ အခန်းငှါးဖို့ ကြော်ငြာတွေ ShweRooms လောက် မရှိဘူး။ ဒီဆိုဒ်က မြန်မာတွေ အတွက် အိမ်ခန်းငှါးတဲ့ သတင်းတွေ သီးသန့်  မဟုတ်ပဲ Electronics၊ Computer နဲ့  တခြား အသုံးအဆောင်ပစ္စည်းတွေ ရောင်းချငှါးရမ်းမယ့် သတင်းတွေကို ဖော်ပြထားတာလည်း တွေ့ ရပါတယ်။

Links:
ShweRooms.com
Freead4you.net

Credit to TT

13 comments:

  1. if u are looking for a single room,in downtown, near Concourse, Suntec, ...there might be one room. i am not sure they will rent it out or not. but they used to rent it with SGD 400, -internet, including PUB. just no aircon. are u interested ?

    ReplyDelete
  2. Anonymous : ဖြစ်နိုင်မယ်ဆို ဘယ်လို contact လုပ်ရမလဲ သိချင်ပါတယ်။ ဒီမှာ contact info မချန်ထားချင်ရင် အီးမေးပို့ လို့ ရပါတယ်။ ကျေးဇူး တင်ပါတယ်။

    ReplyDelete
  3. Ma Nay
    Can I know ur mail adress to contact u for room rent .
    I cant find ur mail in ur blog .I'm the one talking abt room rental in downtown.

    ReplyDelete
  4. my email is same as my blog's name.. :) ဂျီမေး

    ReplyDelete
  5. နေနေ..အိမ်ခနခနပြောင်းနေရတယ်နော။်

    ReplyDelete
  6. ဟုတ်ပါ့ မမွန်ရယ်.. ခုထိ ရှာနေတုန်းပဲ.. အိမ်ရှာရတာလဲ မလွယ်ပါဘူး..

    ReplyDelete
  7. ကျုပ်တို့လဲ အိမ်ရှာနေတယ်ဟယ်.ဘ၀တူပဲ

    ReplyDelete
  8. အိမ်ဝယ်ဖို့ ရှာနေသူနဲ့  အိမ်ခန်ငှါးဖို့ ရှာနေသူကို ဘ၀တူ လို့ ပြောလို့ ရလား ဟင် :P
    မမွန် အိမ်ဝယ်ဖို့ ကိစ္စတွေ အမြန်ဆုံး အဆင်ပြေပါစေ... စစအရာရာ အဆင်ပြေတဲ့ အိမ်ကောင်းကောင်းလေးကို အသက်သာဆုံးဈေးနဲ့  ၀ယ်လို့ ရပါစေ :)
    ဒါနဲ့  မမွန်တို့  အိမ်ဝယ်ပြီးရင် လာလည်လို့ ရမလား. :D

    ReplyDelete
  9. ဘ၀တူပေါ့ဟယ်။
    ရှာရတာလဲတူတာပဲ။ မပိုင်သေးတာလဲတူတာပဲဟယ်။
    နေနေပေးတဲ့ဆုနဲ့ပြည့်ပါစေဟယ်။
    မမွန်တို့ဝယ်မယ့်အိမ်က သေးသေးလေး။
    နေနေ့တစ်ယောက်ထဲဆိုရင်တော့ တည်းဖို့အဆင်ပြေတယ်။
    ဟို..ခပ်ချောချော မောင်လေး လူဖြူထွားကြီးနဲ့ပါဆိုရင်တော့ ဆန့်မယ်မထင်ဘူး။ ဟိဟိ

    ReplyDelete
  10. ဒါဆို တစ်ယောက်တည်းပဲ လာလည်မယ် ;)

    ReplyDelete
  11. အိမ်ခဏ ခဏ မပြောင်းဘူး ဆို။

    ReplyDelete
  12. ဘေးနားမှာ ရပ်နေခဲ့သူဆိုတာ ဟိုတစ်ခါ သံရုံးမှာ မဲပေးတဲ့ ကိစ္စတုန်းက comment ရေးတဲ့ တစ်ယောက်လား မသိဘူး...

    အိမ်ခဏ ခဏ မပြောင်းဘူးလို့  ကျွန်မ မပြောခဲ့ပါဘူး။ လိုအပ်ရင်တော့ ပြောင်းရမှာပေါ့။
    ဟိုတစ်ခါပြောတာကလည်း သံရုံးရှေ့ မှာ ကျွန်မက အိမ်ခဏ ခဏ ပြောင်းဖြစ်တယ်လို့  မပြောခဲ့ဘူးလို့  ပြောတာပါ။

    ကျွန်မ ဒီနိုင်ငံမှာ ရောက်ကတည်းက ပုံမှန်ဆို ၁ နှစ်တစ်ခါတော့ အိမ်ပြောင်းဖြစ်နေခဲ့တယ်။ အခု နောက်ပိုင်း ဒီမှာက အားလုံးသိကြတဲ့အတိုင်း အိမ်လခတွေ အရမ်းတက်တာ မှန်ပေမယ့် ၆ လ တစ်ခါလောက် အိမ်ခန်းငှါးခဟာ ကိုယ် မပေးနိုင်လောက်တဲ့ ပမာဏမျိုး တိုးတောင်းလာမယ် ဆိုရင်တော့ ပြောင်းသင့်ရင် ပြောင်းရမယ်လေ။ အခန်းခခြင်း အတူတူဆိုရင်တောင် အလုပ်နဲ့ နီးတာကို ပြောင်းရင် အချိန်ကုန်သက်သာ ရထားခ အကုန်သက်သာတာပေါ့။ မိဘအိမ်၊ ဆွေမျိုးအိမ်၊ ကိုယ်တာဝန်ယူ ငှါးထားတဲ့ အိမ်မျိုးမှာ နေတာမှ မဟုတ်တာ။ အခုလကုန်က ခုနေတဲ့ အိမ်ကနေ တခြားပြောင်းမှာပါ။ နောက်နှစ်ထဲမှာ အလုပ် ပြောင်းရင်ကောင်းမလားလဲ စိတ်ကူးနေမိတောာ့၊ အလုပ်ပြောင်း ဖြစ်ခဲ့လို့  အဲဒီအချိန်မှာ ရခဲ့တဲ့ အလုပ်နဲ့  အခု ပြောင်းမယ့် အိမ်နဲ့  အရမ်းဝေးခဲ့ရင် နောင်အိမ်ထပ် ပြောင်းသင့်တယ်၊ ပြောင်းဖို့ လဲ အားလုံး အဆင်ပြေနေတယ်ဆို ကျွန်မ ထပ်ပြီးပြောင်း ဖြစ်နေအုံးမှာပါ။ အဆင်ပြေသလိုပေါ့။

    ReplyDelete
  13. Hello,

    Thank you for your blog post on shwerooms.com!

    We are glad that you find the site useful.

    Thank you again.

    ShweRooms.com Team

    ReplyDelete