သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ StraitsTimes သတင်းစာက Maximise Your Leave 2009 ဆိုတဲ့ Cut-And-Keep Guide ကိုကြည့်ပြီး နောက်နှစ် အတွင်း ဘယ်ရက်တွေမှာ ခွင့်ယူရင်ကောင်းမလဲ စဉ်းစားနေတယ်။ ဖြစ်နိုင်မယ်ဆိုရင်၊ အားလုံးလဲ အဆင်ပြေမယ်ဆိုရင် ၂၀၀၉ နိုဝင်ဘာ လ အတွင်းမှာ ခွင့်ယူဖြစ်မယ် ထင်တယ်။ ခုမှ ၂၀၀၈ နှစ်လယ်တောင် မရောက်သေးတော့ ၂၀၀၉ အတွင်း ခွင့်ယူဖို့  စဉ်းစားနေတယ် ဆိုတာ အရမ်းများ စောနေသလား။ ဘာပဲဖြစ်ဖြစ် ဒီကြားထဲမှာ ရန်ကုန် မပြန်ဖြစ်ခဲ့ရင် ၂၀၀၉ နိုဝင်ဘာမှာ ခွင့်ယူပြီး ပြန်မယ်။
၂၀၀၉ အတွက် စဉ်းစားနေတာ ၂၀၀၈ အတွက်တောင် ခွင့်ယူမယ့်ရက်တွေ မတင်ရသေးဘူး။ ဒီရက်ပိုင်း အတွင်းတော့ ခွင့်တင်မှ ဖြစ်တော့မယ်။ ၂၀၀၈ အတွက် ခွင့်ယူမယ့် Plan က ရှိပြီးသား။ လိုချင်တဲ့ ရက်မှာ ခွင့်ရပါစေ၊ အစစအရာရာ အဆင်ပြေပါစေ ဆုတောင်းနေရတယ်။
Credit to PCheeYong
ဟင်း...မစောလွန်းဘူးလားကွယ်။ ခုမှာ နှစ်လယ်ဘဲရှိသေးတာကို။ နှစ်ကုန် ဘယ်လို ကဲရမလဲဆိုရင် တော်သေးတယ်။
ReplyDeleteအင်းကြည့်ရတာ... ၂၀၀၉ မှာ တစ်ခုခု လုပ်တော့မယ်ထင်တယ်။ ၀မ်းသာမယ့် သတင်းဆိုရင် မြန်မြန်တာပြောချလိုက်။ ဟဲ.. ဟဲ
ကြိုတင် Congr လုပ်ရတာပေါ့။ xP
အဲ့ဒီအချိန် ရန်ကုန်ပြန်ပြီး ရိပ်သာဝင်ရင် ကောင်းမလားလို့ ပါ။ ခွင့်ယူမယ့် အချိန်နဲ့  မွေးနေ့ နဲ့  တိုက်နေတော့ အဲ့ဒီအချိန်သာ ပြန်ဖြစ်တယ် ဆိုရင် မိသားစု နဲ့  အတူတူ တစ်ခုခု ကုသိုလ်ကောင်းမှု့  လုပ်မယ် စိတ်ကူးတယ်။ :)
ReplyDelete