Pages

April 03, 2008

MyanmarNetworkNews (Free eBooks for all Myanmar)

မင်းသီလ မှာ ရုပ်ရှင်တွေ ဒေါင်းလုပ်ယူဖို့ ကြည့်ရင်း ကနေ မြန်မာ မဂ္ဂဇင်း၊ ဂျာနယ် ၊ ကာတွန်း နဲ့  ၀တ္ထုစာအုပ်တွေကို အခမဲ့ (Free) ဖတ်ရှူ့ နိုင်တဲ့ မြန်မာဆိုဒ် တစ်ခုကို တွေ့ တယ်။
>>>>>>Free eBooks for all Myanmar<<<<<<
Myanmar Network News

ကျွန်မ အကြိုက်ဆုံးကတော့ ကာတွန်း စာမျက်နှာ ပါပဲ။ အင်တာနက်ပေါ်မှာ မြန်မာကာတွန်းစာအုပ်တွေ ဖတ်လို့  ရတဲ့ နေရာမျိုးဟာ မရှိသလောက် ရှားပါတယ်။ Myanmar Network News ရဲ့ ကာတွန်းစာမျက်နှာမှာ ကာတွန်း မောင်ဝဏ္ဏ ရဲ့ သမိန်ပေါသွပ်၊ ဆွေမင်း (ဓနုဖြူ) ရဲ့  မြိုင်ရာဇာ တွတ်ပီ၊ ကာတွန်း အောင်ရှိန်ရဲ့  ထီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ကာတွန်း တင်အောင်နီရဲ့ ပြာကလောင် ပြာလချောင် ၊ ကာတွန်း ပိုဇာရဲ့  လေးမွန် ထွေးမွန်၊ ကာတွန်း မြေဇာရဲ့  စိန်မျောက်မျောက်၊ ကာတွန်း သစ်ထွဏ်းရဲ့  မောင်တီထွင်၊ ကာတွန်း သန့် စင်ရဲ့  ဘဲဥ၊ ကာတွန်း မောင်စိန်ရဲ့  ကာတွန်းတွေ၊ ကာတွန်း ငွေကြည်ရဲ့  ဟာသတွေ၊ ကာတွန်း အော်ပီကျယ်ရဲ့ ကာတွန်းတွေ၊ ပန်ချီ စောတင်မောင်ရဲ့ ပျံလွှာ၊ ကာတွန်း ၀ဇ္ဖာရဲ့ ကာတွန်းတွေ နဲ့  တခြား ကာတွန်း ဆရာတွေရဲ့ စာအုပ်တွေ တော်တော်များများကို တွေ့  လိုက်ရတဲ့ အတွက် အရမ်း ၀မ်းသာသွားတယ်။ ကာတွန်း စာအုပ်တွေ မဖတ်ရတာ အတော်လေးကြာနေပြီ။

အဲ့ဒီမှာ တင်ထားတဲ့ ကာတွန်းတွေမှာ တစ်ချို့ ကို ဖတ်လို့ ရပေမယ့် တချို့ လင့်တွေက အလုပ် မလုပ်ဘူး ဖြစ်နေတယ်။ တင်ပေးထားတဲ့ စာအုပ်တွေ အကုန်လုံးကို လွယ်လွယ်ကူကူ ဖတ်လို့ ရရင် ပိုပြီး ကောင်းမယ်။

ခုလို စာအုပ်တွေကို အင်တာနက်ပေါ်မှာ ကူးယူဖော်ပြတာ စာအုပ်တွေ ရေးသားတဲ့သူ၊ ထုတ်ဝေသူတွေဘက်က ကြည့်ရင် နစ်နာပေမယ့် ကျွန်မတို့ လို အဝေးရောက်နေသူတွေ ကတော့ ဒီလိုဆိုဒ်တွေရှိမှာသာ စာအုပ်တွေ ပြန် ဖတ်ခွင့်ရမှာပါ။ ဒီအတွက် ခုလိုမျိုး စာအုပ်တွေကို စုစည်း ဖော်ပြပေးတဲ့ Myanmar Network News အဖွဲ့ သားတွေကို အထူးကျေးဇူးတင် ပါတယ်။ အစစအရာရာ အဆင်ပြေ အောင်မြင်ကြပြီး၊ နောင်ပိုင်းမှာလည်း စာအုပ်အသစ်တွေကို အထူးသဖြင့် ကာတွန်းစာအုပ်တွေနဲ့  တခြား ရှားရှားပါးပါး မြန်မာစာအုပ်တွေကို စုစည်း မျှဝေပေးနိုင်ခွင့် ရကြပါစေ။

16 comments:

  1. ကျေးဇူးပဲ နေနေ။ ဒေါင်းလုပ်ဘယ်လိုလုပ်ရလဲ ။ ညီပုလေး စာအုပ်တစ်အုပ် ဆွဲချကြည့်တာ download link မတွေ့ပဲ ရွာလည်နေလို့

    ReplyDelete
  2. ma nay, thank for the link. But how do i download ? It always opens Adobe captivate instead of giving download link.

    Thank

    ReplyDelete
  3. ကျေးဇူးပဲ မနေ။ ပျော်သွားတာပဲ..ကာတွန်းဖတ်ရတော့မှာမို့။ မနေလည်း ပျော်ရွှင်ပါစေ။

    ReplyDelete
  4. right click -> save target as လုပ်ခိုင်းတဲ့နေရာမှာ status bar ကလင့်ခ်ကို အရင်ကြည့်လိုက်ရင် link က download လုပ်လို့ရတဲ့ဟာဆိုရင် pdf file extension နဲ့ဆုံးပြီး htm extension နဲ့ဆုံးတဲ့ဟာဆို demo ဆိုတာပဲ ပွင့်တယ်။အဲဒါဆို download လုပ်လို့မရဘူး။

    ReplyDelete
  5. ညီမ p_spirit နဲ့  ToMMyGirl .. download လုပ်နည်းတွေကို ပြောပြတဲ့အတွက် .. ကျေးဇူးပါပဲ... :)

    ReplyDelete
  6. almost all the file are end with html extension. How to download with flashget? Can download those html file also?

    thanks...

    ReplyDelete
  7. မနေနေနိုင်

    အစ်မပြောတဲ့ site က ကျနော် စမ်းကြည့်သလောက်တော့ အားလုံးက ဖတ်လို့မရတာတွေပဲ ဖြစ်နေတယ်ဗျ။ ဖတ်လို့ ရတယ်ဆိုတဲ့ စာအုပ်နာမည်လေးဖြစ်ဖြစ် link လေးဖြစ်ဖြစ် ပေးပါလားဗျာ။ ကျနော် တော့ တော်တော်များများ links တွေကို လိုက်နှိပ်ကြည့်ပြီးပြီ။ တစ်အုပ်မှ ဖတ်လို့ မရသေးဘူး : (

    ဘယ်လိုဖတ်ရမလည်းဆိုတာ ကူညီနိုင်ရင် ကူညီပါအုံး။

    ReplyDelete
  8. Shin>> HTML ကို ဒေါင်းလုတ်လုပ်တာ မဟုတ်ပါဘူး။ ဒီလင့် http://www.flashget.com/en/download.htm က (Flashget) ကို သွင်းပြီး demo ပွင့်လာတဲ့ အခါမှာ swf ဖိုင်ကို ဒေါင်းလုတ်လုပ်ယူတာပါ။ ဒါဆို အဆင်ပြေမှာပါ။ အခက်အခဲရှိသေးတယ်ဆို ကျွန်မ စီကို အီးမေးပို့  ရင် အသေးစိတ် ဘယ်လို လုပ်ရတယ်ဆိုတာကို ပြန်ပြောပေးပါမယ်။ အခု အဲ့ဒီက ဖိုင်တွေ ဒေါင်းလုတ်လုပ်ရတာ သိပ်မခက်သေးဖူး။ ဒီမှာကြတော့ အသေးစိတ်ရေးလို့  မကောင်းဘူး ထင်လို့ ပါ။ :)

    ဂုလု >> ကာတွန်းစာမျက်နှာ အပေါ်ပိုင်းမှာရှိတဲ့ ကာတွန်းတွေ (ဖိုးဆိတ်ဖြူကာတွန်း) တွေက ဖတ်လို့ ရတာ သေချာပါတယ်။ နောက်ပိုင်းကျတဲ့ ဟာတွေကြတော့ ဖတ်လို့ မရတာ များတယ်။ စာအုပ်တွေလဲ ဖတ်လို့ ရတယ်။

    ဒါကို စမ်းကြည့်ပါလား...
    http://www.myanmarnetworknews.com/c/c172.htm
    " Press your mouses right click ...... "ဆိုတဲ့ အပေါ်မှာ Click လုပ်လိုက်ပါ။
    နောက်ထပ်ပွင့်လာတဲ့ widnow မှာ Click here to Open demo in Full Screen Window ဆိုတာကို click ထပ်လုပ်ပါ။
    flash demo တခြား widnow တစ်ခုနဲ့  ပွင့်လာပါလိမ့်မယ်။

    flash file တွေ ဆိုတော့ loading လုပ်တာ နည်းနည်းကြာပါတယ်။ အခက်အခဲ ရှိသေးတယ်ဆို ပြောပါ။ တချို့ ဖိုင်တွေကိုတော့ ကျွန်မ ဒေါင်းလုတ်လုပ်ထားတယ်။ လိုချင်တယ်ဆိုလည်း ပို့ ပေးနိုင်ပါတယ်။

    ReplyDelete
  9. ကျေးဇူးတင်ပါတယ် မနေရေ...
    တွတ်ပီတို့ ပေါသွပ်တို့နဲ့ ပြန်ဆုံရပြီဗျို့။

    ReplyDelete
  10. ကျေးဇူးတင်ပါတယ် မနေနေနိုင်။ ကျနော်က link ကိုထောက်ပြီး status bar မှာ *.pdf ဆိုတာကိုလိုက်ကြည့်နေမိပြီး html ဆိုရင် ဆက်မclick မိတာပါ။ အခုတော့ ရသွားပါပြီ :)
    အခုလို ပြန်ရှင်းပြပေးတာ ကျေးဇူးပါ။ :)

    ReplyDelete
  11. I'm able to download now.... Thanks for the help....:)

    ReplyDelete
  12. ကျေးဇူးပဲဗျို့။

    ReplyDelete
  13. Mr. Programmer >>
    အစ်ကိုကြီး မတွေ့ တာကြာပြီနော်... အားလုံးနေကောင်းကြတယ် မဟုတ်လား။ ဒါနဲ့ ကာတွန်းတွေက ဘယ်သူဖတ်မှာလဲ။ ခုလို သတိတရ ကျေးဇူးတင်ကြောင်း comment လေး ရေးသွားပေးတဲ့အတွက် အထူးဝမ်းသာမိပါကြောင်း :D

    ReplyDelete