လာမယ်ဆိုစောင့်မယ် - ဇော်ဝင်းထွဋ်
တေးရေး - သုခမိန်လှိုင်

ဆူးခင်းလမ်းများ ပန်းခင်းလမ်းလို့ ထင်ကာရယ်
အချစ်ရေ အရောက်လှမ်းခဲ့မယ်
အချစ်သာကြိုလို့ စောင့်တော့ ....
မိုးကြိုးပစ် လျှပ်ထစ် တားဆီးလို့ နေစေကွယ်
အရောက်လှမ်းခဲ့ပါမယ်
အချစ်သာကြိုလို့ စောင့်မျှော်တော့ ....

လာမယ်ဆို စောင့်မယ့် ... ကြင်နာသူပြောတယ်
လာသူကို အားပေးစကားရယ်... အချိန်မှန်ကြား...
လာမယ် ဆိုစောင့်မယ်တဲ့ ... အကြင်နာဆုံးစကားကြောင့်
ဘယ်လိုလမ်းများဆိုးပါစေ နောက်မဆုတ်တမ်း

အချစ်က အချစ်နဲ့ ထွေးလို့  စောင့်လို့ ကြိုမယ် ဆိုတယ်
ပြည့်စုံပြီပေါ့ အချစ်ရယ်
လူတကိုယ်လုံး အားတွေ ပြည့်လို့ 
ပင်လယ်ခြားလဲ လက်ပစ်ကူးလို့ လာနိုင်တယ်...
တိမ်ပေါ်ပျံသန်းခဲ့ပါမယ်
ချစ်သူစကားက အားဆေး

အိုး.... လာမယ်ဆို စောင့်မယ်... ကြင်နာသူပြောတယ်

Mp3 credit to Ma May11
This comment has been removed by the author.
ReplyDeleteအစ်မရေ... ဒီသီချင်းလေးကို Greengirl လည်းသဘောကျတယ်။ ဘလော့ခ်မှာ Source : N3 ဆိုပြီး ပြန်တင်ထားတယ်နော်။ ကျေးဇူးပါအစ်မ...:)
ReplyDeletereply ပြန်တာ နောက်ကျသွားတယ်။ အခုအချိန်ဆို GreenGirl ရန်ကုန်ပြန်ရောက်ပြီး မိသားစုနဲ့  တွေ့ လို့  အရမ်း ပျော်နေပြီ ထင်တယ်။ :)
ReplyDeleteဒါလည်းကြိုက်တာဘဲ ... အထူးသဖြင့် စာသားတွေမြင်ရလို့ သီချင်းနဲ့တွဲပြီး သေခြာခံစား နားထောင် ဖြစ်ပါတယ်..။
ReplyDeleteMr.MBA >> ဒီကိုလာတိုင်း.... ကျွန်မ တင်ထားတဲ့ သီချင်းတွေကို ဂရုတစိုက် နားထောင်ဖြစ်နေတယ်၊ စာသားတွေကိုပါ အသေအချာဖတ်ဖြစ်တယ် သိရလို့  အထူး ၀မ်းသာမိပါတယ်။
ReplyDeleteတချို့ သီချင်းတွေက စာသားနဲ့ အတူ အသေအချာ ခံစားနားထောင်ရင် ပိုပြီး နှစ်သက်ဖို့ ကောင်းတယ် ထင်လို့  အဲလို သီချင်းတွေတင်တိုင်း စာသားနဲ့ တွဲပြီး တင်ဖြစ်နေခဲ့တာပါ။ :)