Pages

March 26, 2008

နောင်အခါလာ နောင်အခါဈေး လုပ်လို့မရ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်
( ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
နိုင်ငံရေးဖြေရှင်းမှု ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ချုပ်ဆို ကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာ ပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည် မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီးဘူး။ တဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေး ဆိုရင် တဖက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မယ်လို့ သူက ပြောထားတယ်။ အဲဒီတော့ နောင်တချိန် ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေကလည်း အသက်နဲ့ လဲပြီးတော့ ပြင်ကြ ဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။
(---- ဘီဘီစီ၏ " မြန်မာ့အရေး ကမ္ဘာ့အရေး" အစီအစဉ်တွင် ဖြေကြားချက်)

Credit to THKZ
Source : DrLunSwe's Blog

1 comment: