Pages

December 04, 2007

4th December 2007

တန်းဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ .. ဒီနေ့ အမျိုးသားနေ့ တဲ့..

၂၀၀၇ ဒီဇင်ဘာ ၄ ရက်... အင်္ဂါနေ့ ..
ကျွန်မအတွက်တော့ ဒီနေ့ ဟာ အဆင်မပြေမှု့တွေ စုပြုံကြုံတွေရတဲ့ နေ့ တစ်နေ့ ပါပဲ..
မနက်မိုးလင်းထဲက ခုအချိန်ထိ ကြုံတွေရသမျှ တစ်ခုမှ အဆင်မပြေဘူး..
စိတ်ပင်ပန်း လူပင်ပန်း... အော်ဟစ်ပေါက်ကွဲ ပစ်လိုက်ချင်နေပြီ...
ဟင်း.... မလွယ်ဘူး... မလွယ်ဘူး...
စင်္ကာပူမှာနေရတာ အတော်လေး မလွယ်ဘူး...
သူငယ်ချင်း ပြောသလိုပဲ.. ကိုယ်မှ ဘာမှ မတတ်နိုင်တာမျိုးတွေပဲလေ..
စိတ်လျှော့... စိတ်လျှော့ပြီး ဖြစ်သမျှ လက်ခံ၊ အဆိုးထဲက အကောင်းရှာပြီး အဆင်ပြေအောင် ကြိုးစားရုံသာ ရှိတော့တာပေါ့..
ဘာကြောင့်များ အဆင်မပြေတာတွေကို တစ်ချိန်ထဲမှာ စုပြုံကြုံတွေ့ ရတာပါလိမ့်...
ခံနိုင်ရည်ကို စမ်းသပ်နေတာလား..
ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ အဆင်ပြေသွားမယ်ထင်ပါတယ်..
ဒီမနက်ဖြန် အဆင်မပြေလည်း နောက်မနက်ဖြန်ပေါ့...
ကောင်းသော မနက်ဖြန်များကို မျှော်လင့်ရင်းနဲ့ ပဲ.....

4 comments:

  1. အိမ်ပြောင်းတာ အဆင်မပြေသေးဘူးလား နေနေရေ
    ကူညီပေးနိုင်တာရှိရင်ပြောပါနော်

    ReplyDelete
  2. ကျေးဇူးပါပဲ မထက်။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှ ရမယ့်ဟာတွေ ဖြစ်နေတယ်။ :)

    ReplyDelete
  3. အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် နေနေရေ၊ အိမ်ရှာ အိမ်ပြောင်းရတဲ့ ဒုကခ ဘယ်လောက်ကြီးတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ အဆင်ပြေပါစေ

    ReplyDelete
  4. မချစ်လေပြေ..
    ကျေးဇူးပါ။ အခု အိမ်ပြောင်းလို့ တော့ ပြီးသွားပါပြီ.. ဒါပေမယ့် နောက်တစ်ခါ ပြောင်းရင် ပြန်ပြီး သိမ်းရအုံးမယ် ဆိုတာလေး တွေးမိနေလို့  အခု ပြောင်းလာတဲအထုတ်တွေထဲက ပစ္စည်းတွေကို အပြင်ထုတ်၊ နေရာချထားရေ လုပ်ချင်စိတ် မရှိတော့တာနဲ့  လိုတာလေးပဲထုတ်ပြီး အထုတ်တွေကြားမှာပဲ နေနေပါတယ်။ :D..

    ReplyDelete