Pages

October 14, 2007

A Day at the Singapore Zoo

ဒီနေ့  Zoo ကိုသွားဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့  နောက်နေ့ ကြအတိုင်း ပြောရမယ်ဆိုရင်တော့ ဒီနေ့  အမျိုးတွေ သွားကြည့်ဖြစ်ခဲ့တယ်ပေါ့လေ။ ဒီနေ့ နဲ့ ဆို အဲဒီကို ရောက်တာ ၂ ခေါက်ရှိပြီပေါ့။ လွန်ခဲ့တဲ့ ၃ ကျော်က ပထမ တစ်ခေါက် ရောက်ခဲ့ဖူးတယ်။ ဒီနိုင်ငံက ကျဉ်းရတဲ့ အထဲ သွားစရာ နေရာကလည် များများ စားစားမရှိဘူး။ ဟိုလတွေထဲက တစ်နေရာရာ သွားဦးမယ် စိတ်ကူးနေတာကနေ zoo သွားဖို့  admission tickets အလုပ်ကနေ လျှောက်လို့ ရသွားတယ်လေ။

ဇွဲကြီးတယ်ဆိုရမလား မိုးတွေရွာနေတဲ့ အကြားက ထီးဆောင်းပြီး အနှံ့ လျှောက်ကြည့်ခဲ့ပါတယ်။ ဆိုးလိုက်တဲ့မိုး ၊ မနက်တည်းကစပြီး တနေ့ လုံး တဖွဲဖွဲ ရွာနေလိုက်တာ ညနေပိုင်း အိမ်ပြန်ခါနီးမှပဲ မိုးစဲသွားတော့တယ်။ ဓာတ်ပုံတွေလည်း အတော်များများ ရိုက်ဖြစ်တယ်။ မိုးရွာထဲဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ မိုးရွာနေလို့  လူရှင်းနေတယ် မထင်ပါနဲ့ ၊ သွားစရာမရှိ၊ ရတဲ့ အားလပ်ရက်လေး အချိန်လုပြီး လာကြရတယ် ထင်ပါတယ်၊ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာပါပဲ။

အချိန်ရတယ်ဆိုရင်တော့ ကျွန်မသူငယ်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတချို့ နဲ့  ကျွန်မ မြင်သမျှလေးတွေ မှတ်မိသလောက် ချရေးထားတာကို ဖတ်ကြည့်နိုင်ပါတယ်။

A Day at the Singapore Zoo - 13 October 2007

ဓာတ်ပုံတွေ အားလုံးကို ကျွန်မရဲ့ သူငယ်ချင်းကြီး SMA ရိုက်ထားတာပါ။ သူ ရိုက်ထားတဲ့ ပုံအများကြီးထဲက ကျွန်မ စိတ်ကူးပေါက်ရာ ပုံတွေကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ပုံအကြီးတွေ တခြားပုံတွေ ကြည့်ချင်တယ်၊ လိုချင်တယ်ဆို သူစီမှာ တောင်းယူကြည့်ရှု့ နိုင်ပါတယ်။

All Photos Credit to Soe Moe Aung

Related Link: Singapore Zoo, Singapore Zoo (Wiki)

4 comments:

  1. လွန်ခဲ့တဲ့ ၁လခွဲလောက်က Zoo ကိုရောက်သေးတယ်။ ခြေထောက်ညောင်းလိုက်တာ :P
    နေနေ ပေးထားတဲ့ A Day at the Singapore Zoo - 13 October 2007 လင့်ခ်က ၀င်လို့မရဘူး။ ဓာတ်ပုံတွေလား။ ဟိုတခေါက် ရိုက်တာ သစ်ကုလားအုတ်နဲ့ ပိုလာဘဲ မပါလို့ သူတို့ပုံလေးတွေ လိုချင်လို့။

    ReplyDelete
  2. I also really want to go.
    And I'm really sorry about that Nay Nay! :(

    ReplyDelete
  3. လည်လည်တွေသွားလို့ တယ်ဟုတ်နေပါလား။

    ReplyDelete
  4. မမေ ပုံတွေကြည့်လို့ ရမယ် ထင်ပါတယ်။

    မထက် စိတ်မကောင်းမဖြစ်ပါနဲ့ ။ အဆင်မပြေလို့ မလိုက်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ နောက်ရက်ပိုင်း အားလုံးအားမှ တခြားတစ်နေရာရာ သွားကြတာပေါ့။

    clef ရေ... ပျင်းတာနဲ့  ဟိုသွားဒီသွား လုပ်မယ် စိတ်ကူးနေတာကြာနေပေမယ့် အခုမှပဲ တကယ်သွားဖြစ်တော့တာပါ။ နောက်ပိုင်း အားရင် လျှောက်သွားဦးမယ်။ :D

    ReplyDelete