I'm willing to admit that I may not always be right, but I am never wrong.
-- Samuel Goldwyn
ဒီနေ့  ကြည့်ဖြစ်တဲ့ ပုံတွေထဲက ဒီပုံလေးကို သဘောအကျဆုံးပဲ။ ဟန်အပြည့် ညစ်ကျယ်ကျယ် ရုပ်နဲ့  Garfield ရဲ့ပုံလေး။ Garfield မို့ နှစ်သက်စရာကောင်းနေတာပါ။ တကယ့် လူသာဆို ရိုက်ပေါက်ဖြစ်မယ့် မျက်နှာပေးမျိုး။ ပုံလေးကြည့်ရင်း တွေးမိတယ်.. တချို့ လူတွေလည်း အဲ့ဒီ ပုံထဲက Garfield လိုပဲ ပြောတတ်၊ ကိုယ့်ကိုယ်ကို ထင်နေတတ်ကြပါလား။ "ငါ မမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ ဒါပေမယ့် ငါဟာ ဘယ်တော့မှ မမှားဘူး" ဆိုသလိုပေါ့။ ဒါဟာ လူပီသတာ၊ လူ့ သဘာဝ ပဲလို့  ပြောလို့ ရမလား။ ပြောကြမလား။ အင်း တကယ်ဆို ကျွန်မဟာလည်း ဘာမှ မထူးခြားတဲ့၊ သူများတွေနဲ့  ဘာမှ မကွဲပြားတဲ့၊ လူတွေထဲက သာမန် လူသားတစ်ယောက်ပါပဲ။-- Samuel Goldwyn

အမြဲတမ်း မမှန်ပေမဲ့ မမှားတဲ့သူ ဆိုတော့ ( အနည်းနဲ့အများ ) မှန်အောင် ကြိုးစားနေထိုင်သူ ဆိုရင်တော့ မကောင်းဘူးလား ။ အဲလို မာန နဲ့ ခံယူချက်လေး ရှိရင် မမှားအောင် ပိုထိန်းသိမ်း ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာသားလေးရော ပုံလေးပါ သဘောကျတယ် ။ ကိုယ်တိုင် စာပုံမှန် မရေးနိုင်တော့ အမြဲတမ်း အသစ်တွေနဲ့ ဝေဆာနေတဲ့အတွက် ဒီကိုလာလည်ရတာ စိတ်ချမ်းသာစရာ ကောင်းတယ်။
ReplyDeleteနေနေနိုင်းနဲ့ ဂါးဖီးနဲ့ဆို ဘယ်သူ့မျက်နှာပေးက ရိုက်ချင်စရာ ပိုကောင်းမလဲဟင်...
ReplyDeleteမဂၤလာပါခမ်။ မတွေ့ရတာ ကြာလို့ ၀င်နှုတ်ဆက်တာပါ။ အဟဲ...
I think Nay Nay Naing. haha
ReplyDeletecelf >> ပြောထားတာလေးကို သဘောကျတယ်။ အမှားအောင်ကြိုးစားနေတာကို သဘောကျပါတယ်။ တချို့ တွေက ကိုယ်လုပ်သမျှ မှန်တယ်ကြီးပဲ ထင်နေ၊ ကိုယ်မှန်တိုင်း ၊ သူများမှားနေတယ်ကြီးပဲ ထင်နေကြတာကို စိတ်ပျက်လို့ ပါ။ ကိုယ့်ဘက်က ကြည့်ရင် မှန်သလို၊ သူဘက်ကကြည့်ရင်လည်း မှန်နေတယ်ဆိုတဲ့ ကိစ္စတွေလည်းရှိနိုင်တယ်ဆိုတာကို မေ့နေကြတယ်။ နောက်ပြီး ကိုယ်မှန်တိုင်း သူမမှားသလို၊ သူမှားတိုင်လည်း ကိုယ်မမှန်တာတွေလည်း ရှိတာပဲလေ။ ဒီမှာ လာဖတ်ရတာ စိတ်ချမ်းသာတယ်သိရလို့  ၀မ်းသာပါတယ်။ :)
ReplyDeletefat punk >> မတွေ့ တာကြာပြီနော်.. ဘလော့ပြန်ရေးဖြစ်နေတာ သိရလို့  ၀မ်းသာတယ်။ အမြဲရောက်ဖြစ်ပါတယ်။ နေနေနိုင်နဲ့  ဂါဖီး ဘယ်သူမျက်နှာပေးက ပိုရိုက်ပေါက်ဖြစ်မလဲဆိုတာကို ကိုသီဟကျော်ဇောက သူ့ အထင်ကို ၀င်ပြောသွားပြီးပြီ။ ကိုသီဟတောင် ဒီလိုပြောတယ်ဆိုတော့ နေနေနိုင် ဘယ်လိုလဲဆိုတာ အစ်မ ထပ်ဖြေစရာ လိုမယ် မထင်တော့လို့  မဖြေတော့ပါဘူး။