Pages

September 12, 2007

အလုပ်မှာ - 12 Sept 2007



ပြီးခဲ့တဲ့ လတုန်းကတော့ အလုပ်တွေ အရမ်းရှုပ်တယ်။ အခုရက်ပိုင်းကြတော့ အလုပ်မှာ လုပ်စရာ သိပ်မရှိဘူး ဖြစ်နေတယ်။ တစ်နေ့ လုံးနေမှ အလုပ် အသေအချာ လုပ်ရတာဆိုလို့ ၁ နာရီ အလွန်ဆုံး ၂ နာရီလောက်ပဲ ရှိမယ်။ ဒီနေ့ ဆို လုပ်ရတဲ့ အလုပ်က နာရီဝတ်တောင် မကြာဘူး။ မရှိရှိတာ ရှာကြံလုပ်ပြီး ၈ နာရီဆိုတဲ့ အချိန်ကို ကုန်အောင်လုပ်ရတာ ပင်ပန်းလိုက်တာ။

လဆန်းကစပြီး ညနေ ၆ နာရီထိုးတာ နဲ့  အိမ်ပြန်ဖြစ်နေတယ်။ ဒီနေ့ တော့ Production Deployment ရှိတယ်ဆိုတော့ စောပြီး ပြန်လို့ ရမှာတော့ မဟုတ်ဘူး။ တကယ်ဆို ဒီနေ့ ၊ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူချင်တယ်။ ဒါပေမယ့် Deployment day ဆိုတော့ ခွင့်ယူလို့ မရဘူး။ ပုံမှန် Shedule မှာမပါတဲ့ Deployment ပဲ။ ဒါလည်း သိပ်တော့ကြာမယ် မထင်ပါဘူး။ အရင် Deployment တွေတုန်းကဆို Packages အားလုံး ၉၀ ကျော် ၁၀၀ နီးပါ ရှိတာဆိုတော့ Deployment လုပ်ပြီး သူများတွေ Testing လုပ်တာ အားလုံး အဆင်ပြေလို့  ပြန်လို့ ရပြီဆိုတဲ့အချိန်က အမြဲ ၁၂ ကျော်နေတာ များတယ်။ အခုတစ်ခါတော့ Package က ၂ ခုပဲရှိတယ်၊ Testing လုပ်ရမှာကလည်း Module တစ်ခုတည်းဆိုတော့ အိမ်စောစောပြန်ရမယ် ထင်ပါတယ်။

နောက်ရက်တွေတော့ အလုပ်နည်းနည်း ရှိမယ် ထင်တယ်။ Tranining Server မှာ Deployment လုပ်ပေးစရာတွေ ရှိတယ်။ တခြား ပြသနာမရှိဘူးဆို အဲ့ဒီနေ့ တွေမှာလည်း အချိန်မှန် အိမ်ပြန်ရမယ် ထင်ပါတယ်။ အခုလတွေမှာ ကျွန်မ ယူထားရတဲ့ Position က Deployment Lead ဆိုတော့ တခြားအလုပ်တွေ လုပ်စရာ မလိုဘူး။ အဲ့ဒီနေရာ လုပ်နေရသူကို Deployment နဲ့ သက်ဆိုင်တဲ့ အရာတွေကလွဲရင် တခြားဟာတွေကို ဘယ်သူမှ မလုပ်ခိုင်း ရဘူးဆိုတဲ့ ကန့် သတ်ချက်ကြောင့် Deployment မရှိရင် အလုပ်မရှိ အားနေတာပါ။ အလုပ်ရှုပ်ပြီဆိုလည်း အမှားမခံနိုင်တဲ့အရာတွေမို့  အတော်လေး အာရုံစိုက်ပြီး အမှားအောင် လုပ်ရတာကြောင့် စိတ်ပင်ပန်းပြီး အားလုံးပြီးမှ နောက်ကြမှ ပြန်ရလို့ လူပင်ပန်းတယ်။ ဒီနေရာမှာ လုပ်နေတာ ၃ လလောက် ရှိပြီဆိုတော့ နောက် လလောက်ဆိုရင် တခြားနေရာ ပြောင်းလုပ်ရမယ် ထင်တယ်။

အလုပ်ချိန်မှာ ရှုပ်ချင်သလောက် အလုပ်ရှုပ်ပါစေ၊ ညနေ ၆ နာရီကျော်လို့  ကိုယ်ပြန်ချင်တဲ့ အချိန်မှာ အိမ်ပြန်နိုင်တယ်ဆို ပြီးတာပဲ။ အလုပ်ချိန်တွင်းမှာ လုပ်စရာမရှိလို့  ရှာကြံပြီး ရှုပ်အောင် လုပ်နေရတာထက် စာရင် လုပ်စရာတွေအပြည့်နဲ့  အလုပ်ရှုပ်နေတာ အကောင်းဆုံးပါပဲ။

4 comments:

  1. ခေါင်းစဉ် ၁၉ စက်တင်ဘာ ဆိုတာ တမင်ရေးတားလား... မှားပဲ ရေးတာလားတော့ မသိ...။ ဒီနေ့မှ ၁၂ ရက်ပဲ ရှိသေးတယ် မလား...။

    ReplyDelete
  2. 12 Sept ရေးတာကိုဘွိုင်းရေ.. အင်း.. တစ်နေကုန်ရေးတဲ့ Document တွေမှာ 12 Sept ရေးနေပြီး ဒီမှာတော့ ဘယ်လိုမှားသွားလဲ မသိပ့ဘူး။ ကျေးဇူး အထူးတင်ပါတယ် ။

    ReplyDelete
  3. အလုပ်ချိန်တွင်းမှာ လုပ်စရာမရှိလို့  ရှာကြံပြီး ရှုပ်အောင် လုပ်နေရတာထက် စာရင် လုပ်စရာတွေအပြည့်နဲ့  အလုပ်ရှုပ်နေတာ
    လဲကောင်းပါတယ် အလုပ်မရှိ အားနေတာလဲ ဘလော့ ရေးလို့ ဖတ်လို့ မကောင်းဘူးလား အဟိ :P

    ReplyDelete
  4. မကောင်းပါဘူး.. ဘာမှ လုပ်စရာမရှိ အားနေတာဟာ လကုန်လို့  တစ်လစာ Timesheet ဖြည့်ရတဲ့ အခါ၊ ၂ ပတ်တစ်ခါ Team Meeting မှာ တစ်ယောက်စီ လုပ်နေတာတွေ ရှင်းရတဲ့ အခါ၊ တစ်လတစ်ခါ လုပ်တဲ့ Department Meeting မှာ အဖွဲ့ လိုက်လုပ်နေတာတွေ ပြောရတဲ့အခါ တွေမှာ လုံးဝ အဆင်မပြေပါဘူး။ တကယ်ဆို ဘလော့ရေးတာ၊ ဘလော့ဖတ်တာ၊ သတင်းတွေဖတ်တာက အလွန်အကျွံ့ မဟုတ်ပဲ၊ ပုံမှန် အလုပ်ရှုပ်တဲ့ အချိန်မှာလည်း လုပ်လို့ ရနေပါတယ်။

    ReplyDelete