Pages

July 24, 2007

Yesterday - 23 July 2007

မနေ့ က... တနင်္လာနေ့ ...

သောကြာ၊ စနေ နှစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ရတော့ မနေ့ က မနက်မှာ အလုပ်မသွားချင်ခဲ့ဘူး။ ဒါပေမယ့် မသွားမဖြစ် သွားရမယ့် အလုပ်လို့ တွေးပြီး သွားလိုက်တော့လည်း အလုပ်ရောက်သွားတာပါပဲ။

အလုပ်ရောက်တော့ အိပ်ရေးမ၀တာနဲ့  ပင်ပန်းနေတယ် ခံစားနေရပြီး အလုပ်မလုပ်ချင်ဘူး။ ဒါပေမယ့် ညနေအတွက် မပြီးမဖြစ် လုပ်ရမယ့် အလုပ်တွေကို အာရုံစိုက်လုပ်လိုက်တော့လည်း ပြီးသွားတာပါပဲ။

နေ့ လယ် ထမင်းစားချိန်ကြတော့ အိပ်ရေးမ၀တာရယ်၊ ပင်ပန်းတာတွေရယ်ကြောင့်ထင်တယ် နေ့ လယ်စာစားချင် စိတ်မရှိဘူး။ မစားမနေရ စားရမှာပဲ တွေးပြီး စားလိုက်တော့လည်း စားလို့ ဝင်သွားတာပါပဲ။

ကိုယ့်စိတ်နဲ့ အခန့် မသင့်တာတွေ တွေ့ ရ၊ မြင်ရ၊ ကြားရတော့ တစ်ခုခု ပြောလိုက်ချင်ပေမယ့် ကိုယ်ဝင်မပါသင့်၊ မပြောသင့်တဲ့ အရာတွေပဲမို့ ကိုယ့်စိတ်ကိုချုပ်တည်း နေတတ်အောင်ကြိုးစားနေလိုက်တော့လည်း နေလို့ ရသွားတာပါပဲ။

ညနေ ၆ နာရီထိုးတော့ အိမ်ပြန်လို့ မရ။ အလုပ်ပြန် မစခင်စပ်ကြား ခန နားမယ် စိတ်ကူးပေမယ့် အားလုံး Team Dinner သွားကြမယ် ဆိုလာတော့ စိတ်ပျက်သွားမိတယ်။ ၂ နာရီလောက် စကားတွေ အပိုပြောရတဲ့ အလုပ်ကို မလုပ်ချင်ပေမယ့်လည်း မလုပ်လို့ မရ လုပ်ရမယ့် ကိစ္စလို့ တွေး၊ စိတ်ကိုလျှော့ အများနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေရင်း အစားအသောက်ကို အာရုံစိုက်လိုက်တော့လည်း ၂ နာရီဆိုတာ ခနလေးပါပဲ။

ည ၈ နာရီ အလုပ်ပြန်ရောက်ချိန်ကြတော့လည်း အလုပ်လုပ်ဖို့  စိတ်မပါပေမယ့်လည်း အမှားမခံတဲ့ အလုပ်တွေမို့  အတင်း အာရုံစိုက်လုပ်နေလိုက်တော့လည်း ည ၁၂ ကျော်အထိ အလုပ်လုပ်ရမယ့် ရက် တစ်ရက်ဟာ အလွယ်တကူ ကုန်ဆုံးသွားတာပါပဲ။

3 comments:

  1. N3 ရေ၊ နင့်အစား ငါမောလိုက်တာဟာ။ နင်ဒါတွေဖြစ်နေတာ ငါနဲ့စကားပြောတာ တောင်နင်ငါ့ကို ပြောမပြဘူး။ ဟီးဟီး ပြောပြတော့လဲ ငါဘာလုပ်ပေးနိုင်မှာလဲ။ နင့်ဟာနင် မလုပ်မဖြစ်တဲ့ ဟာတွေ စဉ်းစားလိုက်တော့ အားလုံး ပြီးသွားတာပေါ့။ သာယာသော အလုပ်လုပ်ရက်တွေ ကြုံတွေ့ရပါစေ၊ သာယာသော တနင်္ဂလာနေ့တွေ များများတွေ့ပါစေဟာ

    ReplyDelete
  2. Hi Nay,

    lemme add some salt to ur wound :D
    u allow anon. comment, yes?
    what is ur take on ppl writing negative things?
    negative <> criticism
    negative = x-rated
    to be frank,i'm mad as hell now coz i found such things in my blog X-(

    ReplyDelete
  3. SMA >> ဘာရယ်လို့ မဟုတ်ပါဘူး.. စကားမစပ်မိလို့  မပြောမိတာပါ။
    Su>> Message ပြန်တာ နောက်ကြသွားတယ်။ Sorry ပါ။ သူများတွေ မကောင်းလာပြေားတာတွေကို သိပ်ပြီး ဂရုစိုက်မနေပါနဲ့ ။ ဒီလိုပဲ ပြောကြတာပါပဲ။ လစ်လျူရှု့ ထားလိုက်ပါ။ :)

    ReplyDelete