လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်က နားထောင်ကြည့်ဆိုပြီး Audio File (Mp3) တစ်ခုပေးဖူးတယ်။ ဖတ်သင့်တယ်ပေါ့လေ။ ကျွန်မက Audio File နားထောင်ရတာထက် စာရင် စာအုပ်ဖတ်တာကို ပိုပြီး အားသန်တာကြောင့် အချိန်ရရင်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်ကြရင် ဖတ်လို့ ရနိုင်အောင် PDF ဖိုင်ကို ရှာထားဖြစ်ခဲ့တယ်။ အဲ့ဒီကစပြီး နောက်ပိုင်းမှာလည်း တချို့  ဖတ်ချင်တဲ့ စာအုပ်တွေကိုဆို PDF file တင်မကဘူး၊ Audio File တွေကို လိုက်ရှာတတ်တဲ့ အကျင့်ရသွားတယ် ဆိုရမယ်။
ပြီးခဲ့အပတ် အိမ်မှာ နေရတုန်းက HD ထဲက File တွေကို စနစ်တကျဖြစ်အောင် ပြန်စီဖြစ်ရင်နဲ့ မှ သူငယ်ချင်းပို့ ပေးတဲ့ Audio File နဲ့  PDF File ကို ပြန်တွေ့ တော့တယ်။ ဒီစာအုပ်အကြောင်းတော့ အတော်များများ သိပြီးကြပြီး ဖြစ်မယ် ထင်တယ်။ (Wikipedia) ယောက်ျားတွေ နဲ့ မိန်းမတွေအကြောင်း ရေးထားတာလို့  အကြမ်းဖျင်းပြောရမယ်။ နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်မို့  အသေးစိတ် ဘာတွေရေးထားလည်း သိချင်ရင်တော့ ဖတ်ကြည့်ကြပါ။ စာဖတ်ရမှာ ပျင်းရင် Audio File လေးဖွင့်  နားထောင်ကြည့်လို့ ရပါတယ်။
ဒီမှာတော့ the Simpsons ကာတွန်း ထဲက ပြောပုံလေး..
Homer remarks,
"We're so different! It's like you're from Venus!"
Marge replies,
"And you're from Mars. ."


ကျနော့်မှာရှိတဲ့ ဒီစာအုပ်လေးက ဖွင့်မရပဲ ERR တက်နေတာ။
ReplyDeleteခုတော့ မနေ- ပြန်တင်ပေးထားလို့ ရပြီ။
ကျေးဇူးတင်လိုက်တာဗျာ။
ဟိုးတစ်လောကမှ ၀ယ်လိုက်သေးတယ်။ အကြောင်းအရာတွေက သိပ်မှန်တယ်လို့ ပြောလို့ရသလို သိပ်ကောင်းတဲ့စာအုပ်လို့ပြောရလောက်ပါပေတယ်။
ReplyDeleteကိုစစ်အိမ် .. မတွေ့ တာကြာပြီ၊ အစ်ကို့  ဘလော့ကိုတော့ ရောက်ဖြစ်တယ်။ :)
ReplyDeleteကိုတိုး အဲ့ဒီစာအုပ်ကို ဖတ်ဖို့ လိုနေလို့ ဝယ်လိုက်တာထင်တယ်။ :D