ဆေးခန်းအတွေ့ အကြုံလေး။ ဘာကိစ္စလဲမေးတော့ ဒေါက်တာနဲ့ တွေ့ ချင်လို့ ပါလို့  ဖြေလိုက်တာပေါ့။ ထုံးစံအတိုင်း ပြဖူးလား စမေးတာပေါ့။ တစ်ခါမှ ဒီဆေးခန်းမှာ မပြဖူးဘူး။ ဒါပထမဆုံးအကြိမ်လို့ ဆိုတော့ လိုတဲ့ အင်ဖော်မေးရှင်းတွေ ဖြည့်ရတယ်။ အားလုံးလဲ ပြီးရော.. ဒေါက်တာက ၉း၃၀ မှလာမှာပါတဲ့။ ဒီတော့ အိမ်ပြန်ပြီးမှ နောက်တစ်ခေါက် ပြန်လာပါတဲ့လေ။ ကျွန်မက အလုပ်အတွက် MC ယူရမှာ၊ ဒေါက်တာနဲ့ တွေ့ ပြီးမှ ဆေးခွင့်တောင်း အလုပ်ကို အကြောင်းကြားရမှာ ဆိုတော့ ( ကျွန်မကိုယ် ကျွန်မ သိပ်ဖျားတယ်လို့  မထင်တော့ စိုးရိမ်တာ) ရပါ့မလားပေါ့။ ရပါတယ်တဲ့၊ အကြောင်းကြားလိုက်ပါ၊ ဒေါက်တာကို ၁၂ မကျော်ခင်ပြန်လာတွေ့ ရင် MC အဆင်ပြေမှာပါတဲ့။ ကောင်းရော။ ကျွန်မက ပုံမှန်ဆို နေမကောင်းရင် မနက်စောစော ဆေးခန်းပြ၊ ဆေးခွင့်ရမှ အလုပ်ကို အကြောင်းကြားပြီး အလုပ်မသွားပဲနေလေ့ရှိတာ။ ခုတော့ ဆရာဝန်နဲ့ တောင် မတွေ့ ရ သေးဘူး ဆေးခွင့်လို့ ပြောလိုက်ရမှာ စိတ်မသန့် ဘူးပေါ့။ ဒါတွေကြောင့် လည်း သူငယ်ချင်းတွေက ကျွန်မကို အတော်ကြောင်တယ်ပြောတာဖြစ်မယ်။ ဒီနိုင်ငံမှာ MC ယူတာ အရမ်းလွယ်တယ်တဲ့။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြဆို ခွင့်တစ်ရက်က တော့ အေးဆေးပဲ၊ ဆရာဝန်တွေကလည်း သဘောပေါက်နေပြီလို့  ပြောကြတာဖြစ်မယ် ထင်တယ်။ ကျွန်မကတော့ တကယ်နေမကောင်းမှပဲ ဆေးခွင့်ယူဖြစ်တယ်။ မဟုတ်ရင် တခြား လုပ်စရာ ရှိနေရင် Annual Leave ဒါမှမဟုတ်၊ Un-Paid Leave ပဲယူဖြစ်တာများတယ်။ သူများတွေ ပြောသလို စင်္ကာပူပါး မ၀သေးဘူးလို့ ပြောရမယ် ထင်တယ်။
အိမ်ပြန် ခနအိပ်ပြီး၊ ၁၀ ကျော်လောက်မှာ ဆေးခန်းပြန်သွားဖြစ်တယ်။ အိမ်နဲ့ ဆေးခန်းနဲ့ က အတော်လေးနီးလို့  တော်ပါသေးတယ်။ မဟုတ်ရင် ဆေးခန်းသွားပြန်ပြဖြစ်မယ် မထင်မိဘူး။ ဟိုရောက်တော့ ဆရာဝန်လည်း ရောက်နေပြီဖြစ်လို့  ခနစောင့်ပြီး ၀င်တွေ့ ခွင့်ရတယ်။ ဆရာဝန်မလေးက ငယ်ငယ်လေး၊ ချောချောလေးပဲ။ သဘောလည်း ကောင်းမယ့် ပုံမျိုးလေး။ ဟိုမေးဒီမေး လုပ်တာလေးဖြေ၊ ဖြစ်နေတာလေးတွေ အမှန်အတိုင်း ပြောပြလိုက်တော့ အလုပ်မသွားပါနဲ့ ၊ အိမ်မှာပဲ နားပါဆိုပြီး ဆေးခွင့် ပေးလိုက်ပါတယ်။
Blogger is on MC for 2 days
(Today and Tomorrow)
ကျွန်မ ကျန်းမာရေး အသိမှာ အတော်ညံ့သေးတာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကို မဖျားဘူး၊ ဘာမှ မဖြစ်လောက်ဘူး ထင်တာကို ဆရာဝန်က ၂ ရက်လောက် အိမ်မှာပဲ အနားယူလိုက်ပါလို့  ပြောတာ ခံလိုက်ရပါတယ်။ ပေးလိုက်တဲ့ ဆေးတွေကလည်း မနည်းဘူး။ အားဆေးတွေလည်း ပါတယ်။ အင်း.. တကယ်လို့ သာ Bus ကား ပေါ် တတ်တတ်ခြင်းမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်မသွားခဲ့ရင် ခုချိန်ဆို ကျွန်မ အလုပ်ရောက်နေပြီး အလုပ်တွေရှုပ်၊ ခေါင်းတွေရှုပ် ဖြစ်နေလောက်ပြီပေါ့။ ခုတော့ အိမ်မှာ ဆေးသောက်ပြီး အနားယူနေပါတယ်။ အရမ်း မဖျားပေမယ့် အဖျားက တက်လိုက်ကြလိုက် ဖြစ်နေလို့  ဒေါက်တာက စိုးရိမ်သွားတာဖြစ်မယ် ထင်ပါတယ်။ စနေ နေ့ အထိ ဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဆေးခန်းပြန်လာပါ၊ Blood Test လုပ်ကြည့်ဖို့  လိုမယ်လို့  ပြောတယ်။ Dengue တွေကလည်း ခုတလော ဒီနိုင်ငံမှာ အဖြစ်များနေတယ် မဟုတ်လား။၂ ရက်လောက်တော့ အိမ်မှာပဲ အနားယူလိုက် ပါဦးမယ်။ စနေ၊ တနင်္ဂနွေနဲ့ ပေါင်းဆို ၄ ရက်နားရတာပါ။ ကျန်းမာရေးကတော့ ဘာမှ မဖြစ်လောက်ဖူးလို့  ထင်ပါတယ်။ ဒီလိုပါပဲ။ ခုနောက်ပိုင်း ချူချာတယ် ဆိုရမယ်။ အင်း.. ဘာမှ မဖြစ်ပါစေနဲ့ လိုပဲ ကိုယ်ကိုကိုယ် ပြန်ဆုတောင်းပေး လိုက်မိတယ်။
နေနေနိုင်ရေ…ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ… အထူးသဖြင့် နိုင်ငံခြားမှာ မိဝေးဖဝေး နေရတော့ နေမကောင်းဖြစ်လဲ ကိုယ်အားကိုကိုး ရတာ…
ReplyDeleteဆရာလုပ်တာမဟုတ်ပါဘူး နော်…မြန်မြန်နေကောင်းပါစေ…
get well soon, sis..
ReplyDeleteso aren't u coming tomorrow?
ဆရာဝန်မ ငယ်ငယ်ချောချောလေးဆိုတာ နင့်အိမ်နားကပေါ့နော်။ ဟီးဟီး နောက်တစ်ခေါက် MCယူရင် နင့်အိမ်နားအထိ လာယူမယ်။ နင်လည်း နေကောင်းအောင်နေဦး။
ReplyDeleteမြန်မြန်နေကောင်းပါစေ၊ မနက်ဖြန် တနေကုန် အိပ်ပြီးညကျရင်တော့လာခဲ့ပါ။
ReplyDeleteနေနေ ...
ReplyDeleteဘယ်လိုနေသေးလဲ။
အိမ်မှာ နားနားနေနေ နေပြီး၊ စားလို့ရတာတွေ၊ စားချင်တာတွေ အ၀စားနော်။ နေကောင်းရင်တော့ မနက်ဖြန် သို့ စနေနေ့ တွေ့ရအောင်။
အားဆေးလိုနေလား။
ReplyDeleteဂရုတစိုက်မေးကြ၊ အားပေးကြသူတွေအားလုံးကို ကျေးဇူတင်ပါတယ်။
ReplyDeleteခုထိတော့ မသက်သာသေးဘူး။ ဒီတခါတွေ့ တာကိုတော့ မလာနိုင်တော့ပါဘူး။ နောက်တစ်ခေါက်မှ တွေ့ ကြတာပေါ့ :)
Nay! Wish You Get Well Soon.
ReplyDeleteGet well soon ma. I feel you. Being sick is the worst to cope with. Take this time to rest well and get better soon.
ReplyDeleteTakecare ma.
မိုး>> ကျေးဇူးပါပဲ။ Gtalk က ပို့ ပေးထားတာလည်း ရတယ်။ ဒါပေမယ့် ဘာမှ ပြန်မပြော ဖြစ်လိုက်ဘူး၊ Sorry ပါ။ Computer ဖွင့်ထားပြီး လူက Computer ရှေ့ မှာမရှိနေတာများတယ်။
ReplyDeletemayvelous >> ကျေးဇူးပဲညီမရေ၊ ညီမလည်း ဟိုရက်ပိုင်းက ဖျားနေတယ်ဆိုတာ ဖတ်လိုက်ရတယ်။ ဖျားတာအတော်ခံရခက်တယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဖျားတော့ ပိုဆိုးတာပေါ့။ အင်း.. ခုတော့ နေလို့ ကောင်းသွားပြီလို့ ထင်ပါတယ်။