Pages

June 13, 2007

အို... ကျွန်းရွက်

အို... ကျွန်းရွက်
အသင် ဘယ်ဘက်ကို သွားနေသလဲ
ဘယ်ကွေ့ ကို ဘယ်တတ်နဲ့ လှော်
ဘယ်မှော်ကို ဘယ်လိုရှောင်မယ်
ဘယ်သောင်ကို ဘယ်လိုရှဲမလဲ
ဘယ်ဝဲကို ဘယ်လိုဖြတ်မလဲ
ချောင်းဖျားအစ
မလိခက ဆင်းလာတဲ့ သင်ဟာ
ပင်ပန်းချင် ပင်ပန်း
ထွက်လာတဲ့ ခရီးကြမ်းကိုတော့
လမ်းဆုံးအောင် သွားရလိမ့်မယ်။

မြသန်းတင့်
စက္ကူမြင်း၊ တောင်းတွင်းရထား ကဗျာမှ

ပင်ပန်းချင်ပင်ပန်း ထွက်လာတဲ့ ခရီးကြမ်းကိုတော့ လမ်းဆုံးအောင် သွားရလိမ့်မယ်

5 comments:

  1. ကျွန်းရွက် ဆိုတာ ဘာကိုပြောတာလဲ ဟင်
    ကွမ်းရွက်ပဲ သိတယ်။
    သဲသောင် ကျွန်းလေး လား
    floating island?

    ReplyDelete
  2. နေနေရေ.. ဒီကဗျာအတွက် ကျေးဇူးတင်ပါတယ်။ :)

    ReplyDelete
  3. အစ်ကို သံလွင်လည်း. ဒီကဗျားလေးကြိုက်တယ်နဲ့ တူတယ်..

    mayvelous>>
    ဒီကဗျာထဲက ကျွန်းဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ ကုန်မြေ "ကျွန်း" ကို ပြောတာ မဟုတ်ပါဘူး... သစ်ပင် Teak (Tectona) (ကျွန်းပင်) က အရွက်ကို ပြောတာပါ..
    ဒါနဲ့ ညီမလေး မေ.. ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့ စကားလေးကို ကြားဖူးတယ် မဟုတ်လား.. အဲ့ဒီ ထဲက ကျွန်းကတော့ ညီမပြောတဲ့ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကိုပြောတာ..

    ReplyDelete
  4. Oh so that's the leave. My bad, I should have known just by looking at the image on top...But...ကဗျာရဲ့ စာသားတွေ အကုန်လုံးက ရေနဲ့ ချောင်းနဲ့ သောင်နဲ့ ဝဲနဲ့ မလိခ လဲပါလိုက်သေးတယ်...hmmm very confusing meaning. My head can't keep up I think.
    Thanks for explaining ma :)

    ReplyDelete
  5. ကဗျာလေး ကောင်းတယ်။

    ReplyDelete