
မင်းနဲ့ တို့ ချစ်တာ တစ်လောကလုံးသိချင် သိစမ်း..
ဒါတွေဂရုစိုက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စိတ်အေးအေးထားပါကွယ်
စိတ်မချဘူးအချစ်ရယ် ကိုယ့်ရဲ့ အသည်းလေးထဲလာ နေစမ်း
အလုံခြုံဆုံးက ရင်ထဲမှာ .. စိတ်ချနေလိုက်ပါ တသက်လုံးပဲ .. ချစ်နေမှာ
(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂
မင်းနဲ့ တို့ ချစ်တာ မိဘများသိချင်သိစမ်း
ဒါတွေတွေးကြောက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စုတောင်းလေးပြည့်မှာပါ...
သိပ်ချစ်လို့ မင်းကို .. အနမ်းလေးလည်းပေးမယ်.. ယူစမ်း..
ဒီမယ်ရှက်လို့ မနေနဲ့ လေ.. ခေါင်းငုံ့ မနေနဲ့ ကွာ.. မျက်လုံးလေးမှိတ်နေပါ..
(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂
This comment has been removed by the author.
ReplyDeleteဟို ၀က်ဝံတွေနားမှာ ကော်မန့်မတွေ့လို့ ဒီနားရေးလိုက်တယ် နေနေ...
ReplyDeleteနေနေပေးမယ့် ဂွတ်လဒ်ဝက်ဝံကို ရလိုက်ပါပြီ။
ဝက်ဝံရုပ်ပေါ်က အရွက်သေးလေး ၄ခက်ပါတဲ့ အစိမ်းရောင်အရွက်ကို တွေ့လား...
မြန်မာမှာတော့ ဘာအရွက်ခေါ်တယ် မသိဘူး.. ခြံထဲမှာ အလေ့ကျပေါက်တဲ့ အပင်လေ..
စုပြီးပေါက်တတ်တယ်။ စားကြည့်ရင် ချဉ်စုပ်စုပ်လေး.... အဲဒီအပင်ရဲ့ နဂိုအရွက်က ၃ ခက်ပဲများတယ်...
တကယ်လို့ တစ်ပင်ထဲမှာ အခက်၎ခက်ပါတဲ့ အရွက်ကို ၃ ခုလောက်တွေ့ရင် အရမ်းလဒ်ကောင်း
တယ်တဲ့...နားရှုပ်သွားလား မသိဘူး..ဟားဟား...တရုတ်မှာတော့ လဒ်ကီးရွက်လို့ခေါ်တယ်။
သီချင်းကော ၀က်ဝံကော ကျေးဇူးပါ နေနေး)
ဘယ်လို မှားနှိတ်ပြီး ဟိုပိုစ့်မှာ Comment ပေးလို့ မရ ဖြစ်သွားတယ် မသိပါဘူး။ ခုတော့ ပြန်ဖွင့်လိုက်ပြီ။ Good Luck Bear လေး ပေးတာ ရတယ်ဆိုလို့  ၀မ်းသာပါတယ်။ :)..
ReplyDeleteဒီက ဆိုင်သေးသေးလေးတွေမှာ အဲ့ဒီအရွက်လေးတွေနဲ့  ပစ္စည်းလေးတွေ ရောင်းတာတွေ့ ဖူးတယ်။ ဘာအရွက်မှန်းမသိပေမယ့် အစိမ်းရောင်လေးနဲ့ ပစ္စည်းသေးသေးလေးတွေက ချစ်စရာလေးတွေမို့  သဘောကျလို့ အဲ့ဒီဆိုင်တွေရောက်ရင် အမြဲလိုက်ကြည့်ဖြစ်တယ်။ အဲ့ဒီ ပစ္စည်းလေးတွေကသာ သေးသာသေးတာ၊ ဈေးတွေကတော့ အတော်ကြီးတယ် ဆိုရမယ်။ တစ်ခုကို S$ 40-50 လောက် အနည်းဆုံးဈေးရှိတယ်။ ဒီတော့ ကြည့်ရုံပဲ လိုက်ကြည့်ပြီး၊ ဘာပစ္စည်းကိုမှ ခုချိန်ထိ မ၀ယ်ဖြစ်သေးပါဘူး :D နောက်လည်း ၀ယ်ဖြစ်မယ် မထင်ဘူး။ ခု အဲ့ဒီ အရွက်လေးတွေပါတဲ့ ပုံလေးတွေ လိုက်စုဖြစ်နေတယ်။
နိုင်းနိုင်းပြောမှာပဲ လဒ်ကီးရွက်လေးတွေမှာ အခက် ၄ခက် ပါတာနဲ့  ၃ ခက်ပါတာရဲ့ ကွာခြားချက်ကို သိရတော့တယ်။ အရင်က ၃ ခက်ဆွဲချင်တဲ့ သူက ၃ ခက်ဆွဲပြီး ၄ခက်ဆွဲချင်တဲ့ သူက ၄ခက်၊ စိတ်ကူးပေါက်သလို ဆွဲထားတယ် ထင်နေတာ။ မြန်မာပြည်မှာ ဘယ်လို ခေါ်လည်း နေနေလည်းမသိဘူး။ အင်း.... နောက်ဆို အဲ့ဒီအပင်လေးတွေ တွေ့ ရင် အရွက်လေးတွေမှာ အခက် ဘယ်နှစ်ခက်စီပါလဲ သေသေချာချာကြည့်ကြည့်အုံးမယ်။