Pages

April 04, 2007

စိတ်ချချင်တယ် - အီတိုး

ကျွန်မမှာရှိနေတဲ့ တစ်ပုဒ်တည်းသော အီတိုးရဲ့ သီချင်းပါ။ ဟိုနေ့ က စတိတ်ရှိုးမှာ အီတိုး သီချင်းဆိုရင် ဒီသီချင်း ပါလိမ့်မယ်လို့  ကြိုထင်နေခဲ့တယ်။ ဘာလို့ လည်းဆိုတော့ အီတိုးဆိုတဲ့ သီချင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုပဲ လူတော်တော်များများ သိကြလို့ ပါပဲ။

ဒီသီချင်းကို ပထမဆုံး နားထောင်ဖြစ်တုန်းက သဘောကျသွားတာနဲ့  MyanmarMP3.net ကနေ mp3 file ကို Download လုပ်ပြီး သိမ်းထား ဖြစ်ခဲ့တာပါ။ "ရေပျော်ငှက်တို့  ရင်ခုန်သံ (၂)" အခွေထဲကပါ။ ဒီသီချင်း ကျွန်မကွန်ပြူတာထဲမှာ ရှိနေတာကြာပြီဆိုတော့ မကြာမကြာ နားထောင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီသီချင်းကို စာသားလိုက်ရေးမယ်ဆိုပြီး သေချာနားထောင်ကြည့်တော့မှ တချို့ နေရာတွေမှာ ဘာတွေဆိုသွားမှန်း မသိဘူး ဖြစ်နေတယ်။ အထူးသဖြင့် နောက်ဆုံးလေးတွေမှာ ... "မှာ".. "ပါ"... "ကွာ".... ဘာဆိုသွားမှန်း သေချာ မကြားရပါဘူး။ ကျွန်မ့ ကြားမိသလောက်တော့ လိုက်ရေး ထားလိုက်တယ်။ အီတိုးက သူ့ သီချင်းတွေကို သူကိုယ်တိုင်ရေးလေ့ရှိတယ်ဆိုတော့ ဒီသီချင်းက သူရေးထားတာလား မသိဘူး။ ကျားပေါက်ကလည်း အီတိုးဆိုဖို့  သီချင်းတချို့ ရေးပေးဖူးတယ် သိရတယ်။

စိတ်ချချင်တယ် - အီတိုး
တစ်ယောက်တည်းနေတဲ့ အခါ သတိရလိုက်တာ
အိပ်မက်တွေထဲမှာ မင်းပျော်နေမှာပါ

ငါ ဝေးနေခိုက်မှာ မင်းစိတ်ချပါ
ဘယ်သူမှ ငါ ချစ်သလို .. မချစ်နိုင်ပါ

ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါ
ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါကွာ..
အရင်အတိုင်းပဲ ချစ်နေပါကွာ

ငါ့သတင်းတွေကြားရင် မင်းစိတ်မရှုပ်နဲ့ 
ဘယ်သူမှ ငါ မချစ်နိုင် .. မင်းလိုပါပဲ

ငါ့အတွေးတွေထဲမှာ မင်းပဲရှိတယ်..
နင်စကားသံမဟုတ်ရင် မကြားနိုင်ပါကွာ

ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါ
ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါကွာ..
အရင်အတိုင်းပဲ ချစ်နေပါကွာ

ဒိုးလုံး ရဲ့ ကြင်နာလို့  ချစ်ပါရစေ ဆိုတဲ့ သီချင်းကို အီတိုး ပြန်ဆိုထားတာကိုလည်း နားထောင်ဘူးပါ သေးတယ်။ မဆိုးပါဘူး။ ဒါပေမယ့် အီတိုး ဆိုတာက ဒိုးလုံးကိုတော့ ဘယ်မှီနိုင်ပါ့မလဲ။
အီတိုး - ကြင်နာလို့ ချစ်ပါရစေ

1 comment:

  1. Good Good Good
    Hay
    do you have a buddy who is good at C?
    I am a student of Python and Ruby.
    But I still cannot handle Algorithm of C.
    So I wonder if you can introduce me.
    This is my mail account: achitkyithu@gmail.com

    ReplyDelete