Pages

January 07, 2007

ဓမ္မ ဒါန

ခုရက်ပိုင်း သူငယ်ချင်းတွေစီက တဆင့် သိခဲ့ရတဲ့ ဘာသာရေးနဲ့  ပတ်သက်တဲ့ WebSite တချို့ ကို ထပ်ဆင့် မျှဝေချင်ပါတယ်.. အဲ့ဒီ WebSite တွေမှ တရားခွေတွေကို တိုက်ရိုက် နားထောင်နိုင်သလို ၊ Mp3 format နဲ့  လည်း Download လုပ်ပြီး နားဆင်နိုင်ပါတယ်..

အဲ့ဒီ မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မ ဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မ သတင်းများ နဲ့  ဓမ္မ အင်တာနက်ဆိုပြီး အပိုင်းလေးတွေ ခွဲကာ စုံစုံလင်လင် ရှိနေတာ တွေ့ ရပါတယ်။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားခဲ့တဲ့ တရားတော်အများအပြားနဲ့ ၊ ဆရာတော် အရှင် ဆန္နတိက၊ ဓမ္မဒူတ ဆရာတော် အရှင် စန္ဒောဒယ ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်ကြီး (၁၁) သုတ်၊ ကမ္မ၀ါစာ နဲ့  ဂုဏ်တော်ကွန်ခြာ တရားတွေကို နာယူနိုင်၊ Download လုပ်နိုင်ပါတယ်။

ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒဓိက ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့  ထုတ်ဝေခဲ့တဲ့ တရား စာအုပ်တွေ ကို ရယူနိုင်ပါတယ်။

ဒီမှာလည်း နာမည်ကြီး ဆရာတော်တွေ ဟောကြားခဲ့တဲ့ တရားခွေ တော်တော်များများကို မျှဝေထားတာတွေ့  ရပါတယ်။

2 comments:

  1. စိပ်ပုတီးနဲ့ ၇ိပ်ကြီးခိုမလို့

    စိပ်ပုတီးလေးတစ်ကုံးပါ အလှူခံချင်တယ်..
    လောကီေ၇းတွေကို စိတ်ကုန်လို့ပါ..

    တောင်တန်းသာသနာပြုဆ၇ာတော်၇ဲ့
    ပ၇ိတ်အတွက်ကျေးဇူးပဲနေနေ..မမွန်အစ်မ၀မ်းကွဲက
    လိုက်၇ှာနေတာ..

    ReplyDelete
  2. စိပ်ပုတီးဆို နံသာဖြူ စိပ်ပုတီးတစ်ကုံးရှိတယ်။ အနံ့လေးမွှေးလို့  ရန်ကုန်က ထွက်လာတည်းက ယူလာတာ။ မမွန်.. ယူမလား။ လောကီရေးတွေ တကယ်စိတ်ကုန်ပြီး၊ တကယ်ယူမယ်ဆို ပေးမယ်လေ။ :P

    ဒီ site တွေကနေ မမွန်အစ်မလိုချင်တာ ရသွားတယ်ဆိုလို့  ၀မ်းသာပါတယ်။ :).. CD တွေရှိသေးတယ်။ နောက်ဆို လိုချင်တာရှိရင် ပြောလေ။ ကူရှာပေးမယ်။

    ReplyDelete