Pages

November 01, 2006

Happy November - ရောက်ပြန်ပြီးပေါ့ နိုဝင်ဘာ

ဘာလိုလို နဲ့  မျှော်သူတို့  အလိုကျ နိုဝင်လာလ ရောက်ခဲ့ ပြန်ပြီ။ ၁၂ လရှိတဲ့ အထဲက ကျွန်မ အကြိုက်ဆုံး လတွေကို ပြောပါဆို နိုဝင်ဘာ နဲ့  ဒီဇင်ဘာ က ထိပ်ဆုံးမှာ ရှိနေပြီး၊ အောက်တိုဘာ နဲ့  စက်တင်ဘာ က နောက်က လိုက်နေတယ်လို့  ပြောရမယ် ထင်တယ်။ နောက်လ ကုန်ရင် ၂၀၀၆ ကုန်လို့  ၂၀၀၇ ရောက်ပြန်တော့မယ်။ နှစ်ဟောင်းကုန်လို့  နှစ်သစ်စတော့မယ်။ တစ်နှစ် တစ်နှစ် ကုန်တာကလည်း မြန်လိုက်တာလို့  ပြောရမယ်ထင်တယ်။

ဘာပဲ ဖြစ်ဖြစ် ခုချိန်ဆို ဒီနှစ်အတွင်း ပြီးအောင်လုပ်မယ် ကြံထားတာတွေ ပြီးလုပြီးခင် ဖြစ်နေသင့်ပြီ။ မဖြစ်သေးဘူးဆိုရင်လည်း ပြီးအောင်လုပ်ဖို့  ဖြစ်နိုင်မဖြစ်နိုင် ပြန်စဉ်းစားပြီး တစ်ခုခုတော့ လုပ်သင့်နေပြီး ထင်တယ်။ plan ရှိ၊ အကြံ ရှိနေသူများကို သတိပေး စကားလေး ပြောချင်တာပါ။

အားလုံး ဒီ နိုဝင်ဘာလမှာ ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကျွန်မလည်း ပျော်ရွှင် နိုင်ပါစေ။ သူငယ်ချင်းများ အားလုံးလည်း ပျော်ရွှင်ကြပါစေ။ သက်ရှိ သတ္တ၀ါများ အားလုံး အစစ အရာရာ အဆင်ပြေ ချမ်းမြေ့ ပျော်ရွှင် နိုင်ကြပါစေ။

Happy November


Song for November : Guns n' Rose - November Rain , Lyrics

3 comments:

  1. ကျနော့ဆီမှာ ခင်များတွေ ဗျာတွေနဲ့ ရေးထားတော့ ယောက်ျားလေး လို့ထင်ခဲ့တယ်၊ ဟားဟား.. လမ်းမှားရင်းဝင်လာ တာပါ၊ နောက်လည်း လာဖြစ်မှာပါ။ ကောင်းသော နေ့တနေ့ပါ မနေနေနိုင် ခင်ဗျား။

    ReplyDelete
  2. နိုဝင်ဘာလကို..၁၂လမှာအကြိုက်ဆုံးပါ။

    ReplyDelete
  3. ကို TZA , လာလည်တာ ကျေးဇူးပါ။ ဒီလိုပဲ ထင်တတ်ကြပါတယ်... ။ နောက်လည်းလာလည်မယ်ဆိုလို့  ကျေးဇူး ထပ်ဆင့်တင်လိုက်ပါတယ်။

    a, thank for your comment.

    ကိုချို. ... နေနေလည်း သေချာ မသိဘူး။ ဒီသီချင်းက နိုဝင်ဘာပါလို့  ကြိုက်တာ။ ပြီးတော့ စာသားတွေက ကောင်းတယ်။ :D

    ReplyDelete