Pages

November 15, 2006

Free International Call From U.S.A - Futurephone

ယူအက်စ်ကနေ တခြားနိုင်ငံတွေ (နိုင်ငံပေါင်း 50 ကျော်ကို ၊ မြန်မာနိုင်ငံတော့ မပါပါဘူး) ကို free ခေါ်လို့ ရတဲ့ Site ပါ။ User အကောင့်တွေဘာတွေ ဘာမှ create လုပ်စရာမလို သလို ၊ Internet ကိုလည်း သုံးနေစရာမလို ပါဘူး။ ကြိုက်တဲ့ နေရာက နေ ဖုန်းခေါ်လို့ ရပါတယ်။ ကိုယ့်မှာ ဖုန်းလေး တစ်လုံးတော့ ရှိနေဖို့  လိုတာပေါ့နော်။



ကိုယ့်ရဲ့ ဖုန်းကနေ အဲ့ဒီ Site မှာ ပေးထားတဲ့ Ph no. ကို ဖုန်းခေါ်လိုက်ရင် အဲ့ဒီကနေပြီး ပြန်ခေါ်ပေးတယ်လို့  သိရပါတယ်။ ပြီးမှ ကိုယ်ခေါ်ချင်တဲ့ Ph no. ကို dial ပြီး ခေါ်လို့ ရတယ် ပြောထားတယ်။ သိသလောက်တော့ U.S က HandPhone ကိုင်တဲ့သူ တော်တော်များများ ယူထားတဲ့ Service Plan တွေက Incoming Call တွေ အတွက်ကိုပါ ပိုက်ဆံပေးရတယ်ဆိုတော Daytime( Peak Time) ဆို သူတို့ တွေ သုံးရတာ အဆင်ပြေမယ် မထင်ဘူး။ ဒီနိုင်ငံလို Incoming Call ဆို တစ်ပြားမှ မပေးရတဲ့ တိုင်းပြည်မှာသာ ဒီလို အလကား ဖုန်းခေါ်လို့  ရတဲ့  Service မျိုး သာရလို့ ကတော့ ဘယ်ပြောကောင်းလိုက်မလဲ။ ဒါပေမယ့်လည်း သူတို့ စီမှာ ဖုန်းအများစုက ဒီမှာလို မဟုတ်ပဲ Off-Peak Time တွေမှာ Incoming Call ရော၊ Outgoing Call ရော free ဆိုတော့ ညနေနဲ့  ညဖက်တွေမှာ ဒီ Site က Ph no. ကိုသုံးပြီး Oversea Call ခေါ်ရင်တော့ အဆင်ပြေလောက်တယ်။ ဘာပဲ ပြောပြော အလကားခေါ်လို့  ရတယ်ဆိုတော့ ကောင်းတာပေါ့။

ကျွန်မတို့  ဒီနိုင်ငံမှာ သုံးလို့  မရပေမယ့် သုံးလို့ ရတယ်သူများ သုံးနိုင်အောင် မျှဝေလိုက်တာပါ။ ယူအက်စ်က သူငယ်ချင်းတစ်ယောက်ကတော့ ဒီ Site ကို သူတို့ ဆီက သတင်းစာတွေမှာလည်း ကြော်ငြာထားတာ တွေ့ တယ်လို့ ပြောပါတယ်။

Source : FuturePhone.com

3 comments:

  1. မနေ-ရယ် သူများသွားရေယိုအောင်လုပ်တယ်.. မြန်မာပြည်ကသုံးလို့ရမယ့် ဖရီးအိုင်ဒီဒီကောလေးတစ်ခုလောက် ရှာပေးပါလားဗျ။ :P :P :P

    ReplyDelete
  2. ကျွန်တော်တော့ မြန်မာပြည်က ခေါ်လို့ ရတာ မသိဘူး။ ကိုစစ်အိမ်သိရင်ပြောပြသွားပါဦးဘား။ :P နောက်တာပါ. ကျွန်တော် မြန်မာပြည်က ခေါ်လို့ ရတာ ရှားမတွေ့ ဘူးဗျာ။ နောက်တွေ့ ခဲ့ရင် ပြောပါမယ့်။

    ဟိုညီမလေးလည်း ဖုန်းခေါ်တဲ့ ဆိုက်သိပြီဆို အလကားရတာကို တန်အောင်သုံး။

    ReplyDelete