Pages

September 26, 2013

Singapore Daisy

မိုးရွာအပြီးမှာ.. တွေ့ လိုက်ရတဲ့ စင်္ကာပူ ဒေစီ...
From Nature


From Nature


ဒီလို ပန်းလေးတွေမြင်ရင် လက်ထဲမှာရှိနေတဲ့ ဖုန်းကို အသုံးမချပဲ မနေနိုင်ဘူး။

[Wiki] Sphagneticola trilobata, commonly known as the Singapore Daisy, Creeping-oxeye, Trailing Daisy, and Wedelia.

September 15, 2013

10 Things Sisters Are Good For

From Others

 10. Loving..

ညီမ၊ အစ်မ ရှိတဲ့သူတွေ ဒီထဲက တစ်ခု ထက်မကကို ကြုံဖူး၊ ပြုလုပ်ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ညီမ၊ အစ်မ မဟုတ်ပါဘူး၊ မောင်နှမ ရှိတဲ့သူတိုင်း ဒီထဲက အချက်တွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ ကျွန်မတို့ အိမ်မှာ မောင်နှမတွေ အတူရှိချိန်တွေမှာ ၁၊ ၂၊ ၄၊ ၅၊ ၆၊ ၉ ကို လုပ်နေကြပဲ။ အနေနီးနီး ဝေးဝေး အမြဲမှန်တာက နံပါတ် ၁၀ ပါပဲ။

We all love our brothers and sisters. Yes, I love my brothers and sister :-)

September 12, 2013

20130912

From Everything

ဒီနေ့ နေ့ လည်စာ ထမင်းဘူး ယူဖြစ်တယ်။ ထုံးစံအတိုင်း ခပ်လွယ်လွယ်ပဲ။ စားတာများသွားလား မသိဘူး၊ နေ့ လည်စာစားပြီး အိပ်ချင်နေတယ်။

September 05, 2013

Rainy day in Singapore

စင်္ကာပူမှာလည်း ဒါမျိုးတွေ ကြုံရတယ်။
From Singapore
ဒီမနက် အလုပ် အလာလမ်းမှာ ကြုံလိုက်ရတာ။ အောချက်လမ်းမှာ ရေကြီးတယ်ဆိုတဲ့ ဓာတ်ပုံတွေ မြင်ဖူးပေမယ့် ကိုယ်နေတဲ့ နေရာ၊ အလုပ်အသွားလမ်းမှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။

September 02, 2013

Avocado Juice

From Everything
ဒီနေ့  နေ့ လည် သိပ်မဆာတာနဲ့ ထောပတ်သီး ဖျော်ရည်တစ်ခွက်နဲ့  မာလကာသီး နည်းနည်းစား ဖြစ်တယ်။ ထောပတ်သီး ဖျော်ရည်ဆိုတာ အမေနဲ့  ညီမလေးက အကြိုက်ပဲ။

ရန်ကုန်မှာ ထောပတ်သီး ပေါ်ချိန်ဆို ထောပတ်သီး စိမ်းတွေ ၀ယ်ပြီး နို့ ဆီနဲ့ ခေါက်ပြီး စားကြ၊ ဖျော်ရည် ဖျော်သောက်ကြတယ်။ သူတို့ ဘယ်လို တိုက်တိုက် အီလို့ ဆိုပြီး သောက်လေ့ မရှိခဲ့ဘူး။ အမြဲ ငြင်းခဲ့တယ်။ ခုတော့လည်း တခါတလေ ထမင်မစားချင်စိတ်မရှိရင် သောက်ဖြစ်တယ်။

NUS PGP Canteen က ထောပတ်သီး ဖျော်ရည်သောက်လို့  ကောင်းတယ်။ တခြား တွေ၊ တခြား ကင်တင်းတွေက ထောပတ်သီးဖျော်ရည်တွေလို ထောပတ်သီး အနံ့  ပါတယ်ဆိုယုံ ထည့်ထားတာမျိုး မဟုတ်ဘူး။ ထောပတ်သီး အရသာပေါ်တယ်။ တစ်ခွက်ကို SG$2.80။ ချောကလက် မပါနဲ့  မပါတာဆို နှစ်မျိုး ရှိတယ်။ ဈေးတူတူပဲ။ ချိုတာ မကြိုက်လို့ ချောကလက်မပါတာပဲ သောက်လေ့ ရှိတယ်။

ပုံက ဒီနေ့  ရိုက်တာ မဟုတ်ဘူး၊ ရိုက်ထားတာ အတော်ကြာပြီု။ ဘာမှ မပါတာထက်စာရင် ချောကလက်ပါတဲ့ ခွက်က ပိုလှတယ်ထင်လို့  သူများတွေ သောက်တုန်း ရိုက်ယူထားဖြစ်ခဲ့တယ်။