Pages

October 31, 2008

Mandalay Myanmar Cusine (SG)

"မြန်မာလက်ရာ စစ်စစ် စားသုံးလိုသူများအတွက် မန္တလေးမြန်မာဆိုင်"...

Blk 328, #01-220,Clementi Ave 2, Singapore 120328

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်
နိုဝင်ဘာလ ၂ရက်နေ့  နံနက် ၉:၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ မုန့် ဟင်းခါးဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊
၉ နာရီမှ စတသင်၍ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့်
အထူးဈေးနှုန်းဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ဘယ်နေရာမှာလဲ အတိအကျ သိချင်တယ်ဆို အောက်က ပုံတွေကို click လုပ်ပြီးကြည့်ပါ။
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us

မြေပုံမှ ပြထားတာတော့ အခုအသစ်ဖွင့်မယ့် မန္တလေးမြန်မာဆိုင် က "ကောင်းစုံ" ဆိုင်နဲ့  အတော်လေး နီးကြောင်း တွေ့ လိုက်ရပါတယ်။ ဟိုးအရင် Clementi မှာ နေစဉ်အခါတုန်းကတော့ ကောင်းစုံ ကို တစ်ခါတလေ ရောက်ဖြစ်တယ်။ အခုများတော့ အဲဒီဘက်ကို မရောက်တာ အတော်ကြာပါပြီ။

မန္တလေးမြန်မာဆိုင် အကြောင်း ဒီနေရာမှာရေးတာ ဆိုင်ပိုင်ရှင်နဲ့ သိလို့ ကြော်ငြာပေးတာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက် အီးမေးက တစ်ဆင့် သတင်ပေးလာသည့် အတွက် Clementi Area မှာ နေထိုင်သူများ အခုလာမယ့် တနင်္ဂနွေနေ့  (နိုဝင်တာ ၂ ရက် ) နေ့  မနက် ၉ နာရီ-၁၂ နာရီအတွင်း မှာ ဆိုင်ဖွင့်ပွဲအနေနဲ့  အလကား ကျွေးမယ့် မုန့် ဟင်းခါးကို မနက်စာအဖြစ် သွားစားလိုပါက သွားရောက် စားသောက်နိုင်ရန် နှင့် နောက်ရက်ပိုင်းတွေမှာလဲ သွားရောက် အားပေးနိုင်ရန် အများအကျိုးဆောင်၍ သတင်းပေးခြင်းသာ ဖြစ်ပါကြောင် :-)

October 30, 2008

Top 10 Countries Censoring the Web

မဟုတ်တဲ့ နေရာဆို တို့ မြန်မာပြည်က ထိပ်ဆုံးစာရင်းမှာ အမြဲ ပါနေတာပါပဲ။


10. Pakistan
9. Burma
8. Yemen
7. North Korea
6. Syria
5. Cuba
4. United Arab Emirates
3. Saudi Arabia
2. Iran
1. China

ကိုယ်နဲ့ သက်ဆိုင်တဲ့ မြန်မာပြည်အကြောင်းကိုပဲ ကူးယူဖော်ပြလိုက်တော့တယ်။ တခြားနိုင်ငံတွေအကြောင်း သတင်းအပြည့်အစုံ နဲ့  တခြားသူတွေ ရေးထားတဲ့ ကွန့် မန့် တွေ ဖတ်ချင်တယ်ဆို မူရင်း ဆိုဒ်မှာ သွားဖတ်နိုင်ပါတယ်။
9. Burma
The rundown
Burma, officially the Union of Myanmar, is a country characterized by severe human rights problems, so it would be hard to expect an open and reliable Internet adoption. It is estimated that less than 1% of its population has access to the web, and this happens via a handful of cybercafes, and always under tight surveillance.

How does the censorship work?
Burma relies on a heavy regulatory framework to control the access to the Internet. Computers that want to access the web need to be registered with the Myanmar Posts and Telecom company, and a fee must be paid as well.

The price of the Internet connections is also prohibitive for the largest part of the population, and broadband connections are almost nonexistent among the general public.

Additionally, they also have a filtering system at the ISP level, targeting mainly independent media websites.

What kind of content is blocked?
Myanmar has an official Intranet, which is the only content available for many of its Internet users (the ones using dial-up connections). Only a small number of pre-approved websites are present there.

Free email services are also blocked, so people must use the state-owned service which is always monitored for keywords and sensitive content.

The main target of the censorship is political content that might go against the current government ideology.

October 29, 2008

လူဘ၀နဲ့  စာသင်ခန်း ခြားနားမှု့ 

ပင်ပန်းနေတယ်... အလုပ်က ပြန်ရောက်ကတည်းက ထမင်းစားပြီး သီချင်းတွေလိုက် နားထောင်ဖြစ်တယ်။ ဘာသီချင်းမှ စိတ်ထဲ မတွေ့ ၊ သီချင်းကို ပြီးအောင် နားမထောင်ဘဲ တစ်ပုဒ်ပြီး တစ်ပုဒ် ကျော်ချလာခဲ့တာ ဒီသီချင်းမှ တစ်ပုဒ်လုံး ပြီးအောင် နားထောင် ဖြစ်တော့တယ်။ ငယ်ငယ်က ဒီသီချင်းထဲက စာသားတွေမှာ "ပထမဆု ရယူဖို့ ဟေ့" ဆိုတဲ့ စာကြောင်းကလွဲရင် တခြားဘာ စာသားမှ အလွတ် မရခဲ့ဖူးဘုး။ အခု နားထောင်ရင်း ဒီသီချင်းနဲ့  ကိုယ့်စိတ်နဲ့  တွေ့ သွားတာ သီချင်းစာသားတွေက ခံစားချက်နဲ့  တိုက်ဆိုင်သွားတာကြောင့် မဟုတ်ပါဘူး။ ဒီသီချင်းကြောင့် ငယ်ငယ်က အကြောင်းအရာ အတော်များများကို သတိရသွားပြီး စိတ်ပေါ့ပါး ပင်ပန်းတာတွေ သက်သာသွားတယ်လို့  ခံစားလိုက်ရတာကြောင့်ပါ။ သီချင်းစာသားတွေကလည်း အမှန်တရားတွေပဲမို့  နှစ်သက်ဖို့ ကောင်းပါတယ်။

ဇော်ဝင်းထွဋ် - ပထမဆု
ကောင်းကင်မှာ ငါပျံသန်းရာလဲ
ငှက်တွေကြားမှာ သိမ်းငှက်လို့ နေချင်..
မြိုင်တောယံမှာ ငါကျက်စားရာလဲ
တောကောင်များအလယ် .. ခြင်္သေ့မင်းဖြစ်ချင်..

အိုး.. လောကက နိုင်ရာစား ..
အရှုံးများက သင်ပြသွား
အားကြီးမှ နေသာထိုင်သာ ရှိတာလက်တွေ့ 
ပထမဆု ရယူဖို့ ဟေ...

ကျောင်း.. နေအရွယ် .. အမေရဲ့ ကြိမ်လုံး
ဆုတွေရအောင် ကြိုးစားရန်တိုက်တွန်း
အချစ်ရေ ဒီအရွယ် ခံပြင်းမှု့အစု
ဆုတွေများစွာ ယူဖို့ တွန်းအား..

အစွမ်းကုန် ကြိုးစားတိုင်း အဆင်မပြေတဲ့
လူဘ၀နဲ့  စာသင်ခန်း...
ခြားနားသမျှ .. နာလည်မှု့ အပြည့်..

ပထမဆု ရယူဖို့ ဟေ... ပထမဆုရယူမယ်ဟေ့
ပထမဆု ရယူဖို့ ဟေ....

မိတ်ဆွေရေ.. လူတွေလူတိုင်းအကုန်လုံး
ပြိုင်ဘက်တွေ မှာ အားနည်းသူ အရှုံး
ချစ်သူရေ ဘယ်သူတွေ အပြိုင်လိုက်နေလဲ
တစ်ယောက်သာ ရွေးချယ် ပထမပေးရမှာ

ဟေ.. မင်းအချစ်လည်း ငါပိုင်ဖို့ 
ငါဘ၀ထဲ ငါနိုင်ဖို့ 
စိတ်ဓာတ်အပြည့် ရင်ဆိုင် ယှဉ်ပြိုင်အသက်ရှည်သေးသ၍

ပထမဆု ရယူဖို့ ဟေ.. လိုတာ ပထမဆုပဲဟေ..
ပထမဆု ရယူဖို့ ဟေ.... ပထမဆု ရယူမယ်ဟေ..

ဒီသီချင်းနားထောင်ပြီး ပထမဆုံး အဖေနဲ့ အမေကိုလည်း သတိရသွားတယ်။ အမေက ဆရာမဆိုတော့ ပထမဆုဆိုတာကို အမြဲ ယူစေချင်တယ်။ သီချင်းထဲကလိုတော့ ကြိမ်နဲ့ ရိုက် မခိုင်းပါဘူး။ ပထမ မရလည်း ဘာမှ သိပ်မပြောပါဘူး။ အဖေက ပထမဆု ယူတယ်ဆိုတာ ပင်ပန်းတယ်တဲ့၊ သမီးလုပ်နိုင်ကြောင်း တခါတလေ ပြရင်တော်ပြီ၊ အမြဲ ရအောင် ယူနေစရာမလိုဘူး၊ စာတွေကြီးပဲ အရမ်း မကြည့်နဲ့ လို့  တားတယ်။ အဖေ့သမီး ကျွန်မလည်း အဖေ့စကားအရမ်း နားထောင်ခဲ့ပါတယ်။ အဖေနဲ့  အမေက ကျွန်မကို ဘာဖြစ်အောင် လုပ်ရမယ် ဆိုတာမျိုး အတင်းအကြပ် တိုက်တွန်းလေ့ မရှိဘူး။ ဘယ်အရာမှ မရ မဖြစ်၊ ဒါဆို ဒါမှ ဆိုတဲ့ လိုချင်စိတ်မျိုး မပေါ်စေခဲ့ဘူး။ အခု အချိန်အထိပါပဲ။ ဒီအတွက် အထူး ကျေးဇူးတင်တယ်။

ကျောင်းနေတဲ့ အရွယ် မူလတန်းမှာ ဆုတွေယူအတူယူခဲ့တဲ့ သူငယ်ချင်း၊ အလယ်တန်းနဲ့ အထက်တန်းက သူငယ်ချင်း၊ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းနှစ်ယောက်ကို သတိရသွားတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းနေစဉ်က အကြောင်းတွေ စဉ်းစားပြီး စိတ်ချမ်းသာသွားတယ်။ မူလတန်းက သူငယ်ချင်းနဲ့ တော့ အဆက်သွယ် ရှိတယ်၊ အလယ်တန်း၊ အထက်တန်းက သူငယ်ချင်းက အိမ်ပြောင်းသွားတာကြောင့် အဆက်အသွယ်ပြတ်နေတယ်။ အရင်လို ယုန်လေးနဲ့ တူတုန်း ပဲလား။ ဘာတွေများ ပြောင်းလဲသွား သလဲ။ ၁၀တန်းအောင်ပြီးကတည်းက အသေအချာ မတွေ့ ဖြစ်ကြတော့တာ။ အခွင့်ရရင်တော့ တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် ပြန်တွေ့ ချင်၊ စကားတွေပြောချင် ပါသေးတယ်။

ဒီသီချင်းကို စိုင်းစိုင်းခမ်းလှိုင် နဲ့  မိုးမိုး က နှစ်ပတ်လည်တို့၏ရင်ခုံသံ (CITYFM 6th Year Aniversity) မှာ ပြန်ဆိုထားတာ ရှိတယ်။ ဘယ်လိုနေလည်း သိချင်ရင် နားထောင်ကြည့်ပါ။

ဘာလုပ်မှာလဲ ပြော..... မင်းမကြိုက်ရင် လာမရှုပ်ပါနဲ့ တော့.. အားလုံးက ရှေ့ ဆက်လျှောက်ဖို့  ဇွဲနဲ့ ပေါ့ ... နောက်တစ်ခေါက်လောက် နည်းနည်းအော်.....

*** *** ***
အသက်ကြီးလာလို့ လား မသိဘူး၊ ဟိုး... ငယ်ငယ် ကျောင်းနေတုန်းက အကြောင်းအရာတွေ ပြန်တွေးမိတဲ့ အခါတွေတိုင်း အတော်လေး စိတ်ချမ်းသာတယ်...

Turn Your Name Into A Face

အပျင်းပြေ စမ်းကြည့်ဖို့ ...
စာလုံးတွေနဲ့  အသုံးပြုပြီး မျက်နှာတစ်ခု ရေးဆွဲပေးတဲ့ နေရာတစ်ခု၊ ဆိုဒ့် နာမည်အရဆို ကိုယ်ရဲ့ နာမည်ကို မျက်နှာတစ်ခု အဖြစ် ပြောင်းပေးတဲ့ ဆိုဒ်ပေါ့။ နာမည်မှ မဟုတ်ပါဘူး ကိုယ်ထည့်ချင်တာ စာလုံး အကုန်ထည့်လို့ ရတယ်၊ ထည့်သမျှ စာလုံးတွေကို သုံးပြီး မျက်နှာပုံဖော်ပေးတာ ပါပဲ...

Just for fun!

အဲဒီဆိုဒ်မှာ စမ်းကြည့်တာ အင်္ဂလိပ်လိုသာမကဘူး၊ မြန်မာလိုရော ဇော်ဂျီကုတ်နဲ့  ရေးထည့်ကြည့်တာလည်း အလုပ်လုပ်ကြောင်း တွေ့ ရတယ်။ စာလုံးပုံစံကို ယူတာဆိုတော့ တခြား Langauge တွေနဲ့ လည်း ထည့်ကြည့်ရင်လည်း ရမယ်ထင်ပါတယ်။

ထွက်လာတဲ့ ပုံလေးတွေကြည့်ပြီး သဘောကျသွားတယ်။

October 27, 2008

Trick-or-Treating

အခုရက်ပိုင်းလုံးဝ မအားဘူး။ အရမ်း အရမ်းကို အလုပ်ရှုပ်နေတယ်။ Halloween က နီးလာပြီ။ ညတိုင်း ညတိုင်း အ၀တ်အစား ထူးထူးဆန်းဆန်းတွေ ၀တ်၊ အိမ်တွေရှေ့ သွား တံခါးခေါက်ပြီး Trick-or-treating လုပ်နေတယ်။ တချို့  ညတွေများဆို ၃-၄ နာရီ လောက်မှ အိပ်ဖြစ်တယ်။
Trick-or-treating ဆိုတာ ဒီအချိန် Halloween ရာသီမှာပဲ လုပ်လို့ ရတာမဟုတ်လား။ ဒီတော့ တခြားဟာတွေထက်စာရင် Trick-or-treating သွားခြင်းကို ပထမ ဦးစားပေး အနေနဲ့  လုပ်နေပါတယ်။ ညည အိမ်ရှေ့ တွေသွား တံခါးခေါက်လိုက်ရင် တချို့ အိမ်တွေကတော့ သဘော အရမ်း ကောင်းတယ်။ တံခါးသွားခေါက် လိုက်ရုံနဲ့  သကြားလုံးတွေ၊ တခြား လက်ဆောင်တွေ တစ်ခု မဟုတ်တစ်ခု ပေးတယ်။ တချို့  အိမ်တွေကြတော့ သူတို့ ကို လက်ဆောင် ပေးမှ ကိုယ့်ကို လက်ဆောင်ပြန်ပေးတယ်။ တချို့ အိမ်ရှင်မှာတော့ အိမ်ရှင်တွေ ဗိုက်ဆာနေလို့  သူတို့ ကို အစာအရင်ကျွေးပြီးမှ ကိုယ့်ရမယ့် လက်ဆောင်လေးကို ယူလို့ ရတယ်။ သူ့ စီက တစ်ခုလိုချင်ရင် ကိုယ့်စီက တစ်ခု အရင်ပေးရတဲ့ သဘောပေါ့။ တချို့ အိမ်တွေက ဘာဆို ဘာမှ မပေးဘူး။ စိတ်ပုတ်တယ်။ ကိုယ့်အိမ်ကို လာလည်တာပဲ တစ်ခုမဟုတ် တစ်ခုတော့ ပေးသင့်တာပေါ့။ ဒီလို ဘာမှ မပေးတဲ့ အိမ်က များတယ်။ လက်ဆောင်တစ်ခုခု ပေးတဲ့ အိမ်ကို တွေ့ အောင် အတော်လေး ကြိုးစားပန်းစား အချိန်ပေးသွား အိမ်တံခါးတွေ လိုက်လိုက် ခေါက်နေရတယ်။
ပထမတော့ အပျော်ပေါ့။ Trick-or-treating သွားရင်း သကြားလုံးလေးတွေ၊ စားစရာလေးတွေ၊ လက်ဆောင်လေး တွေရရင် ပျော်တယ်၊ စိတ်ချမ်းသာတယ်။ နောက်ပိုင်းတော့ လောဘက တတ်လာတယ်။ ဒီလို လက်ဆောင်ကလေးတွေ တင်မကဘူး တခြား အရာလေးတွေကိုပါ လိုချင်လာတယ်။ အိမ်တွေ လျှာက်သွားရင်း လက်ဆောင် အခု ၁၀၀ ရခဲ့မယ်ဆို.. အလကား ပေးမယ့် အရာလေး လိုချင်လာတယ်။ ပထမ လက်ဆောင်အရ နည်းနေတုန်းသာ ၃-၄ အိမ်လည်ရင် တစ်အိမ်လောက်က လက်ဆောင်ပေးတယ်။ တစ်ညအတွက် လက်ဆောင်ရတဲ့ ပမာဏက များနေပြီဆို သူတို့ က မပေးချင်တော့ဘူး။ အိမ် ၂၀ လောက် တံခါးခေါက်တောင် လက်ဆောင်တစ်ခု မရတော့ဘူး။ ဒါပေမယ့် ဘယ်ရမလဲ။ မလျှော့သောဇွဲနဲ့  ကြိုးစားပြီး အိမ်တွေတံခါးလိုက် ခေါက်တာ ၂ ည အတွင်း ၁၀၀ ပြည့်လို့  အလကားပေးတဲ့ဟာလေး ရသွားတယ်။ ဒီနေရာမျိုးဆို ဇွဲကတော့ ကြီးသလားမမေးနဲ့ ။

ဒီအလကား ရတဲ့ လက်ဆောင်လေးရသွားပြီး တော်ပြီလားဆိုတော့ မဟုတ်ဘူး။ ၂၀၀ နဲ့ လဲလို့ ရမယ့် ဟာလေး လိုချင်ပြန်ရော။ ငွေပေး ရွှေပေး ၀ယ်လို့ မရ၊ အကောင်လေးကလည်း ချစ်စရာလေးမို့  လိုချင်မိတာပါ။ ဒါနဲ့  ဆက်ကြိုးစားလိုက်တာ ၄ ရက်မြောက်နေ့ မှ ၂၀၀ ပြည့်လို့  လဲလို့ ရသွားတယ်။ တစ်ခု ရတော့ မကျေနပ်ပြန်ဘူး၊ နှစ်ခု လိုချင် ပြန်ရော။ ကိုယ့်အတွက် တစ်ခု၊ တစ်ခြားတစ်ယောက်အတွက် တစ်ခု။ ခွဲခြား ခွဲခြား မလုပ်ချင်ဘူးလေ။ ဒါနဲ့  ၂ ခု ရအောင် ကြိုးစားလိုက်တယ်။

အင်း အခုတော့ လိုချင်တာ နှစ်ခုလုံး ရသွားပြီ။ တခြား လောဘတွေ တက်မလာခင် Trick-or-Treating သွားခြင်းကို ခေတ္တခန ရပ်ပြီး ဒီဘက်ကို တစ်ချက်လှည့်ကြည့်လိုက်မိလိုက်လို့  ဒီဟာလေးကို ရေးဖြစ်ခဲ့ပါတယ်။ နောက်ရက်တွေ ကျွန်မ ပျောက်နေရင် … တခြား ကိစ္စကြောင့်မဟုတ်ပဲ… အိမ်လည် ထွက်နေခြင်း၊ Halloween အတွင်း Trick-or-Treating သွားနေခြင်းကြောင့်သာ ဖြစ်ကြောင်း သူငယ်ချင်းအပေါင်းကို သိစေအပ်ပါတယ်…
၁၀၀ ပြည့်တုန်းက ရတဲ့ လက်ဆောင်


၂၀၀ နဲ့ လဲလို့ ရတဲ့ အကောင်လေး

ညတိုင်း ညတိုင်း ဒီလို ပိတ်ထားတဲ့ အိမ်တံခါးတွေကို သွားသွား ခေါက်ရတယ်..

ဘာမှ လက်ဆောင်မပေးတဲ့ အိမ်

On noes! It's a trick! :(
လက်ဆောင်ပေးတဲ့ အိမ်ရှင်က ဒီလိုမျိုးလေး ထွက်ပေးတယ်..

A treat for you! ^___^
Trick-or-treatingက 1st November အထိ လုပ်လို့ ရတယ်။ Halloween ပြီးရင် Thanksgiving လာပါတယ်။ Thanksgiving ပြီးရင် New Year လာမယ်။ New Year ပြီးရင်.. တခြားတစ်ခု ဆက်လာ အုံးမယ် ထင်ပါတယ်.. လိုချင်တာတွေ ၀ယ်ဖို့ ကလည်း ငွေတွေ ရွှေတွေ ရှာရအုံးမယ်.. တကယ်ပါ.. ကျွန်မ နောက်ရက်ပိုင်းတွေမှာပါ ဆက်ပြီး ပျောက်နေနိုင်ပါသေးတယ်.. အခြေအနေအရပေါ့..

October 23, 2008

တံခါးပိတ်အလွမ်း

တံခါးပိတ်အလွမ်း

ဒီလိုပါပဲ
ဖြတ်ကျော်ရင်း
မသိမှု အမိုက်မှောင်ထဲ
တိုးဝင်နစ်မြုပ်ခဲ့...

မနက်ဖြန်တိုင်းဟာ မသေချာပေမယ့်
လန့် နိုးမသွားခင် အချိန်ထိတော့
ဒီအိပ်မက်လေးကို ဆက်မက်ခွင့်ပြုပါ..

ကိုယ်တိုင် ရွေးချယ်ခဲ့တာလား
ရွေးချယ်ခံခဲ့ရတာလား
ဘ၀ဆိုတဲ့ ဥခွံထဲ
ဖြစ်တည်နေရမှုအပေါ်
တောင်းဆိုပိုင်ခွင့်မရှိခဲ့သူပါလေ...
ဒီထက်ပိုပြီး ပိုင်ဆိုင်ချင်ခဲ့သော်လည်း
ဒီထက်ပိုပြီး ဆုံးရှုံးသွားမှာစိုးလို့ 
ဒီအတိုင်းပဲ သိမ်းထားလိုက်တော့မယ်..

မိုးဟန်
ကလျာမဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၈

October 21, 2008

Hock Lam Beef Noodles

နေ့ လယ်စာစားတဲ့ အချိန် ထမင်း မစားချင်၊ အစပ် မစားချင်၊ ခပ်ရိုးရိုးနဲ့  မြန်မြန်စားလို့ ရတာမျိုး စားချင်တဲ့ အခါတွေမှာ Hock Lam Beef Noodles ကိုသွားစားလေ့ ရှိတယ်။ တခြားသူတွေအတွက် အရသာ ပေါ့မလားမသိဘူး၊ ကျွန်မ အတွက်တော့ အတော်လေး အဆင်ပြေတယ်။ အနံ့ ၊ အရသာ သိပ်မပြင်းဘူး။ ဆိုင်အပြင်အဆင်ကလည်း သပ်သပ်ရပ်ရပ်၊ တစ်ယောက်တည်း သွားစားလည်း ကြောင်တောင်တောင် ဖြစ်မနေဘူး၊ ဒါနဲ့  ခနခန သွားစားဖြစ်နေတာပါ။

အဲဒီဆိုင်မှာ ခေါက်ဆွဲမှာမယ်ဆို ပထမဆုံး Soup လား၊ Dry လား၊ နောက်ပြီး ဘယ်ခေါက်ဆွဲလဲ၊ ဘယ်ဆိုဒ်လဲ၊ ဘယ်လို အသားထည့်မှာလဲဆိုတာကို မှာရတယ်။ ခေါက်ဆွဲကတော့ တခြားပုံမှန်ဆိုင်တွေလိုပါပဲ။ ဆိုဒ်ကတော့ Small, Medium နဲ့  Large ဆို ၃ မျိုးရှိတယ်။ အသားကတော့ Mixed လား၊ အမဲသားလုံးကြီးပဲလား၊ အမဲသားစိမ်း အပြားလေးတွေ လှီးထားတာလာ၊ အူကြမ်းထင်တယ် ပြုတ်ထားတာတွေ၊ အသားပြုတ် ထားတာတွေ၊ အမျိုးမျိုးပဲ။ order မှာတဲ့ ရှေ့ မှာ အသားတွေပြထားပြီး ကိုယ်အရှေ့ မှာပဲ ထည့်တာဆိုတော့ တရုတ်လို မတတ်လဲ လက်ညှိုး ညွှန်ပြီး ထည့်ခိုင်းလို့ ရတယ်။ ကျွန်မ အဲလိုပဲမှာလေ့ရှိတယ်။ အခုဆို အဲဒီဆိုင်မှာ အမြဲလာ စားနေကြဖြစ်တာကြောင် ဘာစားမယ်ဆိုတာ ပြောနေစရာမလိုအောင် ဆိုင်က သိနေပြီ။ တခါတလေ ပြောင်းလဲစားချင်မှသာ ပြောရတာ ရှိတော့တယ်။
Hock Lam Street Beef Kway Teow: Traditional Teochew Recipe since 1911

ဒီဆိုင်က တခြားဆိုင်တွေနဲ့ ယှဉ်မယ်ဆို ဈေးကြီးတယ်လို့  ပြောလို့ ရမယ်။ Small ကို S$ 5.50 ၊ Medium ဆို S$ 6.5 နဲ့  Large ဆို S$ 7.5 ပေးရတယ်။ ဒီမှာ ခေါက်ဆွဲအပြင် အမဲသာလုံး နဲ့  ဟင်းရည်လို မျိုးလည်း မှာလို့ ရတယ်။ ကလေးတွေ အတွက်လည်း Kid Meal ဆိုပြီး ရှိတယ်။ အအေး ဈေးကြီးတယ်။ Lime Juice တစ်ခွက်ကို S$ 2.0 ပေးရတယ်။ အဲဒီဆိုင်မှာ စားရင် နောက်ပိုင်းဆို အအေးမှာ မသောက်တော့ဘူး။ ဒီဆိုင်မှာ ပုံမှန်ဆို ဆိုဒ်အသေး ခေါက်ဆွဲ တစ်ပွဲ စားတယ်။ တခါတလေတော့ Medium စားဖြစ်တယ်။ Large တော့ တစ်ခါမှ မစားဖူးဘူး။ Soup မစားဘူး၊ Dry ပဲ အမြဲစားလေ့ရှိတယ်။ ပြီးရင် အနားက ကော်ဖီဆိုင် ဒါမှမဟုတ် အအေးဆိုင်မှာ သွားသောက် လိုက်တယ်။

အရင် ဒီဆိုင်မှာ စပြီး စားခါစတုန်းက အရွက်မပါသေးဘူး။ အခုတော့ ဘာရွက်မှန်းမသိတဲ့ အရွက်ကလေးတွေ ထည့်ပေးမယ်။ ခါးလို့ မကြိုက်ဘူး။ တခါတလေတော့လည်း အရွက်စားပေးရမယ်ဆို ပြီး စားဖြစ်တယ်။ အဲဒီက ခေါက်ဆွဲပြင်မှာ အရမ်းမြန်တယ်။ ကိုယ်မှာတဲ့ ခေါက်ဆွဲကို ကိုယ့်ရှေ့ မှာပဲ ရေနွေးနဲ့  ထပ်ဖျောတယ်။ ပြီးတော့ အသားတွေ ထည့်ပေးမယ်။ အမဲသား အစိမ်းအပြားလေးတွေကို ရွေးတယ်ဆို ခနပြုတ်ပေးတယ်။ ပြီးရင် Dry ဆို ကော်ရည်လို ဟာတွေ ထည့်လိုက်ရော။ Soup ဆို သူတို့ ပြုတ်ပြီးသား ဟင်းရည်တွေ ထည့်လိုက်ရော။ ပြီးရင် မြေပဲထောင်းထားတာလေးတွေရယ်၊ ကြံမဆိုင်လို အချဉ်တည်ထားတာလေးတွေရယ်၊ နံနံပင် နဲ့  သံပရာသီးအခြမ်းလေးတွေ အပေါ်က ထည့်ပေးတယ်။ ဒါပဲ။ သူတို့ ရဲ့ အသက်က ကော်ရည် ဘယ်လိုစပ်သလဲနဲ့  ဟင်းရည် ဘယ်လိုချက်သလဲဆိုတာ ပေါ်မူတည်မယ် ထင်တယ်။
အခုရေးဖို့  အင်တာနက်မှာ လိုက်ရှာရင်း ဘလော့တစ်ခုမှာ ဖတ်ဖူးတာ အဲဒီဆိုင်ရဲ့ အခု လက်ရှိ မျိုးဆက် ၄ ဆက်မြောက် ဆိုင်ရှင်က အော်ဇီက ဘွဲ့ ရ၊ S$10 K ရတဲ့ ဘဏ်တစ်ခုက အလုပ်ကို ထွက်ပြီး မိဘလက်ရင်းပြီးတဲ့ ဒီဆိုင်ကို လုပ်နေတာဆိုပဲ။ သတိထားမိတာ ဒီဆိုင်က အလုပ်သမားတွေက ပြည်မကြီးက တရုတ်တွေ ထင်တယ်။ အင်္ဂလိပ်လို လုံးဝ မတတ်ဘူး။ Counter မှာ တခါတလေ တွေ့ ရတဲ့ ဆိုင်ရှင်ကတော့ အင်္ဂလိပ်လို တတ်ပါတယ်။ တခြား အလုပ်သမား တွေကိုပြောတာ။ အများစုက လုံးဝ မတတ်တာ။ အဲဒီဆိုင်သွားရင် သူတို့ က ထိုင်ခုံနေရာ ချပေးတယ်။ လုံးဝ တရုတ်လိုပဲ ပြောတာ။ ကျွန်မကို မှတ်မိနေတော့ တခါတလေ စကားတွေ အများကြီးလာ ပြောကြတယ်။ ဘာတွေမှန်း နားမလည်ဘူး။ ဒါပေမယ့် မှန်းပြီး ခေါင်းငြိမ့်၊ ခေါင်းခါ၊ ပြုံးပြတာ၊ Yes/No ၊ လွယ်လွယ်ကူကူ အင်္ဂလိပ်စကားတစ်လုံးတလေ ပြောတာ လုပ်ဖြစ်တယ်။ တစ်ယောက်တည်းသွားတဲ့ အချိန်လာမေးရင် တစ်ယောက်တည်းလားပေါ့၊ တခါတလေ ကုန်အောင်မစားပဲ ထထွက်လာတဲ့ အချိန်စကားပြောရင် စားမကောင်းဘူး၊ ဘာညာပြောတာ နေမှာပေါ့။ အဲဒီမရောက်တာ ကြာရင် မလာတာကြာပြီ၊ ဘယ်ပျောက်နေတာလဲပေါ့.. ဟားဟား.. ကိုယ်ဘာသာပြန်ပြီး သင့်တော်သလို ဆက်သွယ်ပြောဆို နေလိုက်တာပဲ။ အရင်ကဆို တရုတ်လိုမတတ်ဘူးလို့ ပြောမိသေးတယ်။ ဒါလဲ တရုတ်လိုပဲ လာလာ ပြောနေကြတော့၊ ကိုယ်လည်း သင့်တာပြန် response လုပ်လိုက်တာပဲ။ ကျွန်မ ပြန်ပြီး တုံ့ ပြန်တာတွေ အများအားဖြင့် မှန်တယ်။ မှန်တယ်ဆိုတာ ဘယ်လိုသိလဲဆို အတူသွားစားတဲ့ တရုတ်လိုပြောတတ်တဲ့ သူငယ်ချင်းတွေကို ပြန်မေးကြည့်လို့ သိတာပါ။ သူတို့ က ဘေးကကြည့်ပြီး အံ့သြလို့ ၊ ကျွန်မကို ဟိုလူတွေ ပြောတာတွေ ဘယ်လို နားလည်လဲ၊ သူတို့ ပြောတဲ့ တရုတ်စကား တတ်လို့ လား မေးတယ်။ နားမလည်ဘူး။ အခြေအနေနဲ့  အမူအယာကြည်ပြီး ဘာဖြစ်နိုင်တယ်ဆိုတာ သိတာလို့ ပဲပြောလိုက်တယ်။ တကယ့်ကို အမှတ်တရ ရှိပါတယ်။ ဘယ်နေရာ ရောက်ရောက် ဒီဆိုင်ကို မေ့မှာ မဟုတ်ပါဘူး။

Hock Lam Beef (Website)

Far East Square (main branch)
22 China Street, Far East Sq, S 049564
Monday – Friday: 9.30am – 8.00pm
Sat, Sun & PH: 10.30am – 5.00pm

Upper Serangoon Branch
949 Upper Serangoon Road, S 534713
Monday: Closed
Tues – Friday: 5.00pm – 11.00pm
Sat, Sun & PH: 10.00am – 11.00pm

Hock Lam Beef Noodles နဲ့  ပတ်သက်တဲ့ တခြားအချက်အလက်တွေ သိချင်တယ်ဆို ဒီအောက်က လင့်တွေမှာလည်း ဖတ်ကြည့်နိုင် ပါတယ်။

Hock Lam Street Beef Kway Teow: Traditional Teochew Recipe since 1911
Hock Lam Street Beef Kway Teow - Yummy Yummy

October 19, 2008

သရက်သီးစားမလား

အသီးမှာ သရက်၊ အသားမှာ ၀က်
သရက်သီးစိမ်း

သရက်သီးမှည့်


သရက်သီးစိမ်း ၊ နွယ်ချို၊ ငရုတ်သီးမှုန့် ၊ သကြား၊ ဆား

သရက်သီးစားချင်စိတ်ပေါ်တာ နဲ့  ဆိုင်မှာ သွားဝယ်ဖြစ်တယ်။ သရက်သီး အမှည့်၊ သရက်သီး အစိမ်း၊ သရက်သီး အကင်း ကြိုက်တာဝယ်လို့ ရတယ်။ အစိမ်းပဲ စားချင်တာ နဲ့  သရက်သီး အစိမ်း ၂ လုံး ၀ယ်လာခဲ့တယ်။ ပထမ သရက်သီးကို အစိတ်လေးတွေ စိတ်ပြီး စပ်ထားတဲ့ အမှုန့် နဲ့  တို့ စားတယ်။

အမှုန့် ကို ရသာချို လို အဆင်သင့် စပ်ထားပြီးသား အမှုန့် တွေ မကြိုက်ဘူး။ ကိုယ်ဘာသာ လုပ်ပြီး စားတယ်။ နွယ်ချိုမှု့န် နဲ့  ငရုတ်သီးအကျက် လှော်ထားတာကို ရန်ကုန်က အမြဲ ပို့ ပေးထားပါတယ်။ နွယ်ချို့ မှုန့် က ပရဆေးဆိုင်က ၀ယ်လေ့ရှိပြီ၊ ငရုတ်သီးမှုန့် ကိုတော့ အပြင်က ၀ယ်လေ့မရှိတဲ့ အိမ်မှာ လုပ်တာလို့  သိရတယ်။ ကျွန်မတို့ အိမ်မှာ လုပ်တာတော့ မဟုတ်လောက်ဘူး။ ကြီးတော်ကြီးတွေ အိမ်မှာ ဖြစ်မယ်။ အဲဒီအမှုန့် တွေကို ဆားနဲ့  သကြား ရောပြီး ကျွန်မ ကြိုက်တဲ့ အရသာ ရအောင် စပ်ပြီး စားလေ့ရှိတယ်။ ရန်ကုန် အိမ်တုန်းကဆို အဲဒီလို အမှုန့် တွေကို စပ်ပြီး ပုလင်းနဲ့  ထည့်သိမ်းထားတယ်။ အချဉ်စားချင်တဲ့ အခါ ရှိတဲ့ အသီး (ရာသီကို လိုက်ပြီး သရက်၊ မရမ်း၊ ရှောက်သီး) စတာတွေနဲ့  စားလေ့ရှိတယ်။ ကျွန်မ က အချဉ်ကြိုက်ပေမယ့် အပြင်မှာ ရောင်းတဲ့ အချဉ်ထုတ်တွေ သိပ်မစားတတ်ဘူး။ မကြိုက်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားတယ်။ မရမ်းသီး ပေါ်တဲ့ ရာသီဆို မရမ်းသီးစိမ်းကို သကြား၊ ဆားရည်၊ တခါတလေ အမေခွင့်ပြုရင် ဆေးသကြား တစ်ခဲလောက် ထည့်ပြီး ပုလင်းနဲ့  တည်၊ ကိုယ်ကြိုက်လောက်တဲ့ အနေရမှ စပ်ထားတဲ့ အမှုန့် တွေနဲ့ စားတယ်။ တခါတလေ လည်း ငံပြာရည်၊ ငရုတ်သီး စတာတွေနဲ့  သုတ်စားတယ်။
သရက်သီးသုတ်

ဒီနေ့ လည်း အဲဒီလို သုတ်စားချင်စိတ်ပေါ်တာနဲ့  ၀ယ်ထားတဲ့ သရက်သီးစိမ်းကို သေးသေးလေးတွေ ဖြစ်အောင် ပေါက်(လှီး)ပြီး စပ်စပ်လေး သုတ်စားတာ။ စားလို့ ကောင်းသား။ တခါတလေ စိတ်ကူးပေါက်ရင် ဒီလိုပဲ လုပ်စားပါတယ်။

October 17, 2008

Red Polo Tee on T-Shirt Day

ဘာရယ်မဟုတ်ပါဘူး ဒီနေ့  အလုပ်မှာ တစ်နှစ်တရက် လုပ်နေကြထုံးစံအတိုင်း တစ်ရုံးလုံး အင်္ကျီဆင်တူဝတ်ရတဲ့ နေ့  ဆိုတဲ့အကြောင်း ရေးမလို့ ပါ။ သိပ်တို့ မထူးခြားပါဘူး။ အင်္ကျီ ဆင်တူ ၀တ်ပြီး ဘာလုပ်ရလဲဆို Department အလိုက် ဓာတ်ပုံစုပြီး ရိုက်ရတယ်၊ ပြီးတော့ ဘယ် Department က ဓာတ်ပုံပါဆိုပြီး အီးမေးကတစ်ဆင့် တစ်ရုံးလုံး ပို့ တာကလွဲရင် ဘာမှ ထူးထူးခြားခြား လုပ်ရတာ မရှိဘူး။ တစ်နှစ်ကို တမျိုး မရိုးအောင်ပေးတဲ့ အင်္ကျီကလည်း ဒီတစ်ရက်ပဲ တခြားနေ့ တွေမှာ ၀တ်လာခဲ့ဖို့  မှာတာ ခုချိန်ထိ မကြုံဖူးသေးဘူး။ ဒီတော့ ကျွန်မတို့ တွေက ဒီနေ့  ၀တ်ရတဲ့ အင်္ကျီကို ဓာတ်ပုံရိုက်ဖို့  ၀တ်ရတဲ့ အင်္ကျီ နဲ့  ဒီနေ့ ကို အလုပ်ကလူတွေစုပြီး တစ်နှစ်တစ်ခါ ဓာတ်ပုံရိုက်ရတဲ့ နေ့ လို့  ပဲ လွယ်လွယ်ခေါ်လိုက်တယ်။ ဒီနှစ် အတွက် အရောင်က အနီရဲရဲ။ Design က ရိုးရိုးရှင်းရှင်း။

ဒီလို ဆင်တူ တစ်နှစ်မှာ တစ်ခါ ဘာကြောင် ဘာလို့  ၀တ်ခိုင်းတယ်၊ ဘာညာ ပြောပေမယ့် စိတ်မ၀င်စားတာနဲ့  မှတ်မထား မိဘူး။ ဒါမျိုးတွေကို မြန်မာပြည်မှာကတည်းက နားထောင်ရလွန်းလို့  ရိုးနေပြီ။

ဓာတ်ပုံရိုက်တဲ့ နေ့ ဆိုတော့ ဓာတ်ပုံတွေ ရိုက်ထားသေးတယ်..... ဒီနေ့ ရိုက်ဖြစ်တဲ့ ထဲက ပုံတချို့ ..
(အခုအောက်မှာ ရှိတဲ့ ဓာတ်ပုံတွေအားလုံးကို ရိုက်တဲ့သူက ကျွန်မဆိုတော့ ပုံတွေထဲမှာ ကျွန်မပုံ ပါမှာမဟုတ်ဘူး။ လိုက်ရှာရင် မောမှာစိုးလို့  ကြိုပြောထားတာပါ။ )

Red Polo Tee

နေ့ လယ်စာသွား စားတုန်းက ရှေ့ က သွားတဲ့ သူတွေကို ရိုက်ထားတာ။
Before taking ITCA Department Group Photo


၂၀၀၈ နဲ့  ၂၀၀၇ အတွက် အင်္ကျီနှစ်ထည်။


ဒီနေ့ အကြိမ်အများဆုံး အမေးခံရတဲ့ မေးခွန်းက ၀တ်ထားတဲ့ TShirt ရဲ့ Size က ဘာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

October 16, 2008

Thursday Dinner

ဒီနေ့  အလုပ်က သူငယ်ချင်းတွေ နဲ့  အင်းလေးမှာ ညစာ သွားစားဖြစ်တယ်။ ...

ဒီနေ့  ညစာ အတူသွားစားကြတဲ့ အလုပ်က သူငယ်ချင်းတွေ အားလုံးက အင်းလေးက မြန်မာအစားအစားတွေကို စားလို့ ကောင်းတယ်၊ သူတို့  ကြိုက်တယ်၊ နောက်ပိုင်း သူတို့ ရဲ့ တခြား သူငယ်ချင်းတွေကို ခေါ်ပြီး အင်းလေးမှာ လာစားအုံးမယ် ပြောနေတာကြားရလို့  ၀မ်းသာမိပါတယ်။

Return to innocence

** Return to innocence **

Thats not the beginning of the end
Thats the return to yourself
The return to innocence.

Love - devotion
Feeling - emotion

Love - devotion
Feeling - emotion

Dont be afraid to be weak
Dont be too proud to be strong
Just look into your heart my friend
That will be the return to yourself
The return to innocence

If you want, then start to laugh
If you must, then start to cry
Be yourself dont hide
Just believe in destiny

Dont care what people say
Just follow your own way
Dont give up and use the chance
To return to innocence

Thats not the beginning of the end
Thats the return to yourself
The return to innocence

Dont care what people say
Follow just your own way
Follow just your own way
Dont give up, dont give up
To return, to return to innocence.
If you want then laugh
If you must then cry
Be yourself dont hide
Just believe in destiny.


အသံ အရုပ် နဲ့  သီချင်း စာသားတွေပါ ခံစား နားထောင်ကြည့်ပါ။
သီချင်းတွေ နားထောင်ခြင်းဟာလည်း စိတ်သက်သာမှု့ ၊ စိတ်ကြည်လင်မှု့ ၊ စိတ်ချမ်းမြေ့မှု့ ကို ရစေနိုင်ပါတယ်။

ကျွန်မ ဘလော့ကို အမြဲ ဖတ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက် က သူ အမြဲနားထောင်လေ့ရှိတဲ့ သီချင်း၊ နားထောင်ကြည့်ပါ။ ကြိုက်မယ် ထင်တယ် ဆိုပြီး ညွန်းလာတာနဲ့  ဒီသီချင်းကို နားထောင်ဖြစ်သွားတယ်။ အရင်က ဒီသီချင်းကို မသိခဲ့ဘူး။ YouTube မှာ နားထောင်ကြည့်ရင်း ကြိုက်သွားတာနဲ့  mp3 ပါ ရှာပြီး သိမ်းထားဖြစ်သွားတယ်။

Credit to Htoon

October 15, 2008

ဝတ္ထုလိုလို ကဗျာ


ရေနွေးကြမ်း
ကမ်းခဲ့တယ်။
ဆေးလိပ်မီး တောင်းတုန်းကလည်း
ဆေးလိပ်မီး ပေးခဲ့တယ်။
ဗိုက်ဆာတယ်။
လုပ်ရဦးမှာ ရှိသေးတယ်။
စိတ်မပါပဲ စကား ဆုံနေရတယ်။
ပြီးနေပြီလေ။
မပြီးသေးဘူးလား။


အောင်ချိမ့်
သရဖူမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈

Apple New MacBook and MacBook Pro


Mac Notebook အသစ်ဒီနေ့  ထွက်မယ်ဆိုလို တရေးနိုးထကြည့်တာ။ Online ဖြစ်ဖြစ်သွားချင်း ကျွန်မစီကို ပထမဆုံး ၀င်လာတဲ့ Message က Apple ဆိုဒ်သွားကြည့်လိုက်တဲ့... အိပ်မပျော်လို့ လား.. ဘာလာညာလာ ရှည်ရှည်ဝေးဝေး မေးမနေတော့ဘူး... ကျွန်မ အိပ်ယာက ဒီအချိန်ကြီးထပြီး အွန်လိုင်းဝင်လာတာ ဘာအတွက် ကြောင့်လဲဆိုတာ သိနေတာပဲ..

ပြောတဲ့အတိုင့်း Apple Mac ကြည့်လိုက် တယ်။ ပြီးတော့ engadget.com မှာ သွားဖတ်ကြည့်တယ်။ တခြားပေးတဲ့လင့်တွေ ကြည့်တယ်။ Galleries ထဲသွားပြီ ဓာတ်ပုံတွေ အသေအချာကြည့်တယ်။ Notebook အသစ်တွေက အလူမီနီယံနဲ့ လုပ်ထားပြီး ပိုပါးသွားတယ်။ Multi-touch glass trackpad ပါတယ်။ Nvidia chipset ကိုသုံးထားလို့  Graphic အရင်ကထက် အများကြီး ပိုပြီး ကောင်းတယ်။

Apple's all-new MacBook Pro packs new NVIDIA GPUs, glass trackpad
Apple MacBook aluminum and glass super-shiny hands-on

ကြည့်ရင်း ကြည့်ရင်း Mac Notebook ၀ယ်ချင်တဲ့ ရောဂါ ပြန်တတ်လာတယ်။ သတင်းတွေထွက် နေတဲ့အတိုင်း အရင်မော်ဒယ်ဟောင်း 13-inch MacBook (2.1GHz) ဈေးက ၁၀၀၀ အောက် ၁ ဒေါ်လာလျှော့ပြီး ၉၉၉ ဖြစ်သွားတာပဲ။ အဟောင်းတော့ မလိုချင်ဘူး.. ၀ယ်မယ့်ဝယ် အသစ်ထွက်တာလေးပဲ လိုချင်တယ်..

ပထမ စဉ်းစားလိုက်တယ်။ new 13-inch MacBook (2.0GHz) က $1,299.00 ဆိုတော့ မဆိုးဘူး .. တန်တယ်။ ၀ယ်ရင်ကောင်း မလားပေါ့။ Specs တွေ လိုက်ဖတ်ကြည့်တော့ 13-inch (2.0GHz) မှာ illuminated keyboard မပါတာတွေ့ လိုက်ရတယ်။ 13-inch (2.4GHz) မှာ မှ illuminated keyboard ပါတယ်။ ၀ယ်မယ့်မယ် Features အစုံပါတာလေး ရချင်တာမို့  new 13-inch MacBook (2.4GHz) $1,599.00 ကို ပဲဝယ်ရင် ကောင်းမလား။ ၁၆၀၀ ကျော်သုံးပြီးမှ တော့ မထူးတော့ဘူး။ နောက်ထပ် ၄၀၀ လောက်ထပ်ထည့်လိုက် မယ်ဆိုရင် new 15-inch MacBook Pro (2.4GHz) ရနိုင်တယ်။ $1,999.00 တန် 15-inch MacBook Pro (2.4GHz) ကလေး ၀ယ်လိုက်ရင်ကောင်းမလား... ဘာဝယ်ရင်ကောင်းမလဲ... အကြိမ်ကြိမ် အခါခါ စဉ်းစားပြီးနောက် ခေါင်းရှုပ်သွားတာကြောင့် ပြန်အိပ်တာပဲ ကောင်းပါတယ် ဆုံးဖြတ်ပြီး ပြန်လည် အိပ်စက် အနားယူ ပါတော့မယ်...

October 14, 2008

ပုံပြောမယ်


ငယ်ငယ်ကတည်းက နားထောင်ခဲ့ရတဲ့ ပုံပြင်တွေ... အခုအချိန်အထိလည်း နားထောင်နေရတုန်းပဲ..
...
ကလေးဘ၀ကတော့ လူကြီးတွေ ပြောပြခဲ့တဲ့ ပုံပြင်တွေကို ကြိုက်ခဲ့တယ်... အခုတော့ ကြားနေရတဲ့ ပုံပြင်တွေ ငြီးငွေ့ လာပြီ..
...
ပုံပြင်တွေကို မကြားချင်ဘူး.... နားမျက်စိတွေ ပိတ်မထားနိုင်တော့.. ကြားနေရပြန်တယ်..
...
ကဲ.. ရှောင်မရ အတူတူ.. နားထောင်သူ တစ်ယောက် မလုပ်တော့ဘူး.. ကိုယ်တိုင် ပုံပြောသူ တစ်ယောက်ဖြစ်ဖို့  ပဲ ကြိုးစားတော့မယ်..
...
ကိုယ်ဟာ ပုံပြောကောင်းသူ တစ်ယောက် ဖြစ်လာ နိုင်သလား.. ဖြစ်လာ မလား...
...
ဘယ်သူတွေ နားထောင်နေလဲ... နားထောင်သူ မရှိလဲ.. ပုံပြင်တွေ ပြီးဆုံးတဲ့အထိတော့ ဆက်ပြောနေရအုံးမှာပဲ..
...
အခု ... ကိုယ်ပုံပြောနေတယ်..
...

October 13, 2008

Imperial Bak Kut Teh

ဒီနေ့  တနင်္လာနေ့ .. မနေ့ (တနင်္ဂနွေနေ့ ). နေ့ လယ်စာ စားပြီးကတည်းက အိပ်လိုက်တာ ညစာပါ လွတ်သွားတယ်... ဘယ်လို ဘယ်နှယ်ကြောင့် ဒီလောက်ထိအောင် အိပ်နိုင်သွားသလဲ စဉ်းစားမရဘူး.. အံ့သြဘာရဲ့..

ဒီမနက် အလုပ်ရောက်မှ မနေ့ က ညစာ နဲ့  ဒီနေ့ မနက်စာ ပေါင်းစား ဖြစ်သွားတယ်။ စားလိုက်တဲ့ မနက်စာ များသွားလို့  လား၊ မနေ့ က အိပ်ထားတဲ့ အရှိန်မသေသေးလို့ လား မသိဘူး တမနက်လုံး အိပ်ချင်နေတယ်။ အလုပ်လေး လုပ်လိုက် စာလေးဖတ်လိုက် နဲ့  ၁၂ နာရီ ထိုးတာတောင် သတိမထားမိ လိုက်ဘူး။ ထမင်းသွားစာဖို့ လာခေါ်တာကို မလိုက်တော့ဘူး ငြင်းလိုက်တယ်။ အစာမစားချင်ပဲ အိပ်ချင်စိတ်ပဲ ရှိနေတယ်။ နောက်ဆုံး ဒီတိုင်းထိုင်နေလို့ မဖြစ်ဘူး တစ်ခုခုစားမှ ဖြစ်မယ်တွေးမိတာနဲ့  ၁ နာရီလောက်မှ ထမင်းစားထွက်ဖြစ်ခဲ့တယ်။ မိုးကလဲ နည်းနည် အုံ့ နေတယ်။ လူကလည်း မလန်းဘူး။ ထမင်း မစားချင်ဘူး။ ဒါနဲ့  ပူပူလောင်လောင် တစ်ခုခုစားမယ် ဆုံးဖြတ်ပြီး Bak Kut Teh သွားစားဖြစ်ခဲ့တယ်။
Spare Ribs Soup + Rice
စားလို့ ကောင်းတယ်။ ဟင်းရည်က ပူပူ၊ အသားဖတ်တွေကို ငရုတ်သီးလေးနဲ့ စားလိုက်တော့ လူပါပွင့်သွားပြီး အာတွေလျှာတွေ ပူသွားလို့  အအေး ၁ ခွက်နဲ့ မ လောက်ပဲ ၂ ခွက်မှာ သောက်လိုက်ရတယ်။ အဲဒီဆိုင်က ငရုတ်သီက အတော်လေး စပ်တယ်။ စားတိုင်း မျက်ရည်ကျလုနီးပါး မနေနိုင် မထိုင်နိုင်ဖြစ်အောင် စပ်တယ်။ ဒါလည်း အမှတ်မရှိဘူး စားတာပဲ။ တခြားနေရာမှာသာ ငရုတ်သီး သိပ်မစားဖြစ်တာ၊ စားရင်တော့ ငရုတ်သီး အမြဲစားဖြစ်တယ်။ အဲလို စားမှ အရသာရှိတယ် ထင်တယ်လေ။

ဒီဆိုင်မှာ သူငယ်ချင်းတွေနဲ့ သွားစားရင် သူတို့ တွေက Lunch Set ကို မှာစားလေ့ရှိတယ်။ လာစားသူ တော်တော်များများ ကလည်း Set Meal တွေပဲ မှာစားကြတယ်။ ကျွန်မက Set Meal မှာပါတဲ့ အီကြာကွေး၊ မှိုခြောက်၊ ငံတန်တန် တို့ ဖူးပြား တွေကို မကြိုက်လို့  ရိုးရိုးပဲ မှာစားလေ့ ရှိတယ်။ ရိုးရိုးမှာ စားတာနဲ့  Set Meal နဲ့ က ဈေးသိပ်မကွာဘူး။ ဒါပေမယ့် ပုံမှန် ဟာတွေက အသားပိုများတယ်။ Set Meal က အပိုပါ တာတွေ မကြိုက်တဲ့ အတူတူ အသားများတဲ့ ပုံမှန် ဟာတွေပဲ မှာ စားဖြစ်တော့တယ်။ Bak Kut Teh ကို ကျွန်မသူငယ်ချင်းတစ်ချို့ က မကြိုက်ကြဘူး။ ကျွန်မကတော့ ပူပူလောင်လောင် အဆီမပါတဲ့ ဟင်းခါးမျိုးတွေ ကြိုက်တတ်လို့ လား မသိဘူး အတော်လေး ကြိုက်တယ်။ စားလို့ ဝင်တယ် ပေါ့လေ။ ထမင်းမစားချင်တဲ့ အခါတွေဆို စားတတ်တယ်။ မြန်မာအစားအသောက်ဆို ရခိုင်မုန့် တီတို့  ကြာဇံဟင်းခါးတို့  ကြိုက်တယ်။

ဒီပုံက ဟိုတစ်ခါသွားစားတုန်းက သူငယ်ချင်းရိုက်ထားတဲ့ပုံ.. သူငယ်ချင်းစီက ယူထားတာ
Spare Ribs Soup ဒါမှမဟုတ် Pork Ribs Soup တစ်ခုခုမှာ စားလေ့ရှိတယ်။ အဲဒီမှာ ၀က်သား၊ ၀က်သားလုံး၊ ၀က်နံရိုး၊ ၀က်ကလီစာ မျိုးစုံ (အူ၊ အသည်း၊ကျောက်ကပ်) အကုန် ရှိတယ်။ နောက်ပြီး ၀က်မြှီး လဲရှိတယ်။ ၀က်မြှီးကို သူငယ်ချင်း တစ်ယောက် မှာ စားဖူးလို့ သိနေတာ။ အဟား... အရင် စလုံးရောက်ခါစက Ox Tail Soup ရှိတယ်၊ ဒီကလူတွေ ကြိုက်ကြတယ် ကြားဖူးတုန်းက အတော်လေး အံ့သြသွားတာ။ အခု တခါ Pig Tail Soup..

ဒီနေ့  ပိုက်ဆံပေးဖို့  စောင့်နေရင်း ဘေးဝိုင်းက ထသွားတာနဲ့  လက်အငြိမ်နေ ရိုက်လိုက်တာ။ အရင်အခါတွေက သူငယ်ချင်းတွေနဲ့  စားလေ့ရှိတာဆိုတော့ အဲဒီဆိုင်က လူတွေ အင်္ဂလိပ်လို မပြောတတ်တာကို သတိမထားမိဘူး။ ဒီနေ့  ပိုက်ဆံရှင်းမယ်လုပ်မှာ ဆိုင်ရှင် တရုတ်မက ဘယ်လောက်ကျတယ် ဆိုတာကို တရုတ်လိုတွေ ပြောတယ်။ ကျွန်မကလည်း နားမလည်။ သူကလည်း အင်္ဂလိပ်လို Seven တစ်လုံးပဲ ပြောတတ်တယ်။ ၁၀ တန် ထုတ်ပေးတာကို တစ်ခုခု ထပ်ပြောနေတယ်။ အကြွေတောင်းတာ ဖြစ်နိုင်လို့  ရှိသမျှ အကြွေ ချပြလိုက်မှ ၁၀ ပြား ယူသွားပြီး S$3 ပြန်လာအမ်းတယ်။ တကယ်က S$7.10 ကျတာ။ တကယ်ပါပဲ။ မှာတုန်းက ခပ်လွယ်လွယ် Menu က ပုံကို ထောင်ပြလိုက်တာဆိုတော့ ကိုယ့်စကား သူနားမလည်၊ သူ့ စကား ကိုယ်နားမလည်တာကို သတိမထားမိလိုက်ကြဘူးလေ ...
Imperial Bak Kut Teh
90 Circular Road
For Delivery , Please call 65344118

ဒီပိုစ့်ရေးရင်း Google ကြည့်တာ အဲဒီဆိုင်က blogspot မှာ ဘလော့ ရှိနေတာကို တွေ့ ရတယ်။ UpdateToDate တော့ဖြစ်နေဘူး။ ဈေးက အဒီထဲက Menu ကထက် S$1 ကျော်ကျော်ဈေးတတ်နေပြီ။ အရင်က NTU students တွေအတွက် ဈေးသက်သက်သာသာနဲ့  Deliver ရှိခဲ့မှန်း ဘလော့ဖတ်မှ သိလိုက်ရတယ်။ အခုတော့ Deliver ကို ရပ်ထားတယ်။ ဘာလို့ လဲတော့ မသိ... Imperial Bak Kut Teh (Blogspot)

Lunch Set အကြောင်း ဓာတ်ပုံတွေနဲ့  တခြားသူတွေ ရေးထားတဲ့ အကြောင်းတွေ ဖတ်ချင်၊ သိချင်တယ် ဆို.
Imperial Bak Kut Teh in Japanese Bento Style
Imperial Bak Kut Teh, Circular Road
မှာ သွားကြည့်နိုင်တယ်။ ဒီဆိုင်လည်း လူသိများ၊ လူကြိုက်များတဲ့ ဆိုင်တစ်ခု နဲ့ တူပါတယ်။

Bak Kut Teh ဆိုလို့  အမှတ်ရစရာ တစ်ခုက ... ဒီနိုင်ငံရောက်ခါစ Bugis Junction နားက Office မှာ အလုပ်လုပ်တုန်းကဆို အဲဒီနားမှာရှိတဲ့ Bak Kut Teh ဆိုင်တစ်ဆိုင်မှာ ခနခနသွားစား ဖြစ်တယ်။ အဲဒီတုန်းက ကျွန်မ တူနဲ့ မစားတတ်ဘူး။ တူကို လုံးဝ မကိုင်တတ်တာ။ (အခုလည်း သိပ်မကိုင်တတ်သေးပါဘူး)။ ဒီတော့ ဇွန် နဲ့  ခရင်း စားမှ စားလို့ ရတယ်။ ကျွန်မ အမြဲမှာလေ့ရှိတာက Pig Trotter နဲ့  Bak Kut Teh ။ ဘယ်တော့မှ မပြောင်းလဲဘူးလေ။ ထူးထူးဆန်းဆန်း ဇွန် နဲ့ ခရင်း မှာ လေ့ရှိလို့ လား၊ ခနခန လာစားတတ်လို့  လား၊ မှာတိုင်း ဘယ်တော့မှ မပြောင်းလဲလို့ လား မသိဘူး အဲဒီဆိုင်က လူတွေ ကျွန်မကို မှတ်မိနေတယ်။ ဟိုတလောက လမ်းကြုံတာနဲ့ သွားစားမလားလို့ ကြည့်တာ အဲဒီဆိုင်မရှိတော့ဘူး။ အခုတော့ တူနဲ့  စား တတ်လာပါပြီ.... ဟိုအရင်တုန်းက အမှတ်ရစရာ တစ်ခုပေါ့....

October 11, 2008

Oh, why you look so sad?

စိတ်မပျက်ပဲနဲ့  ၀မ်းနည်း အားငယ်မနေပါနဲ့ .. ချစ်သူခင်သူ မိတ်ဆွေများဟာ ကိုယ်အတွက် အမြဲ ရှိနေမှာပါ...
ဒီသီချင်းလေးကို နားထောင်ပြီး သတိရလိုက်ပါ..

ဘယ်အချိန် နားထောင် နားထောင် ခံစားမှု့ တစ်ခု၊ အားအင် တစ်ခုကို ဖြစ်ပေါ်စေတဲ့ သီချင်း တစ်ပုဒ်ပါပဲ။ နှစ်သက်လွန်းလို့  အကြိမ်ကြိမ်နားထောင်ဖြစ်တယ်။ အထူးသဖြင့် အနှောက်အယှက် ဖြစ်စရာတွေ ကြုံတဲ့ အချိန်တွေ၊ တစ်ယောက်တည်း ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိ ဖြစ်နေသလို ခံစားရတဲ့ အချိန်တွေမှာ ဒီသီချင်းလေး နားထောင်မိရင် စိတ်သက်သာရာ ရသွားသလိုပဲ။ ကျွန်မကို နားလည်တဲ့၊ ကျွန်မဘက်က ထာဝရ အမြဲရပ်တည် အားပေးနေမယ့် ကျွန်မရဲ့ မိဘတွေ၊ ကျွန်မရဲ့ ချစ်သူ နဲ့  သူငယ်ချင်း မိတ်ဆွေတွေ ရှိနေတယ် ဆိုတာကို အမြဲအမှတ်ရသွား စေတယ်။


Oh, why you look so sad?
Tears are in your eyes
Come on and come to me now
Don't be ashamed to cry
Let me see you through
'cause I've seen the dark side too
When the night falls on you
You don't know what to do
Nothing you confess
Could make me love you less

I'll stand by you; I'll stand by you
Won't let nobody hurt you
I'll stand by you

So if you're mad, get mad
Don't hold it all inside
Come on and talk to me now
Hey, what you got to hide?
I get angry too
Well I'm a lot like you
When you're standing at the crossroads
And don't know which path to choose
Let me come along
'cause even if you're wrong

I'll stand by you; I'll stand by you
Won't let nobody hurt you
I'll stand by you

Take me in, into your darkest hour
And I'll never desert you
I'll stand by you

And when...
When the night falls on you, baby
You're feeling all alone
You won't be on your own

I'll stand by you; I'll stand by you
Won't let nobody hurt you
I'll stand by you

Take me in, into your darkest hour
And I'll never desert you
I'll stand by you
I'll stand by you

Won't let nobody hurt you
I'll stand by you

ဒီသီချင်းကို ပထမဆုံး သီဆိုခဲ့တဲ့ သူက The Pretenders ။ ၁၉၉၄ မှာ သီဆိုခဲ့တာပြီးဖြစ် Single အနေနဲ့  အတော်လေး နာမည်ကြီးခဲ့တယ်။ ဒီသီချင်းကို UK က Girls Aloud အဖွဲ့  (2004) နဲ့  US က American Idol (season 4) ဆုရ Carrie Underwood (2007) တို့ ပြန်ဆိုတဲ့ အခါတွေမှာလည်း UK/US နှစ်နိုင်ငံလုံးမှာ ထိပ်ဆုံးအဆင့်တွေကို ရောက်ခဲ့တယ်။ ပြန်ဆိုတဲ့ အကြိမ်တွေတိုင်းဟာ Charity Single အခွေအနေနဲ့  ထုတ်ဝေခဲ့တာပါ။

Version 3 မျိုးလုံးကို အကြိမ်များစွာ နားထောင်ဖူးတယ်။ The Pretenders နဲ့  Carrie Underwood ဆိုတဲ့ ဗာရှင်းတွေကို ပိုပြီး ခံစားလို့ ရပါတယ်။ သီချင်းတွေကို နှိုင်းယှဉ်နားထောင်ကြည့်လို့ ရအောင် အပေါ်မှာ ပေးထားပါတယ်။ နောက်ပြီး သူတို့ ရဲ့ Official MTV တွေကြည့်ချင်တယ်ဆို ကြည့်လို့ ရအောင် အောက်မှာ လင့်တွေရှာပေးထားတယ်။ ခံစားကြည့်ကြပါ။

The Pretenders - I will stand by you (MTV)
Girls Aloud - I Will Stand By You (MTV)
Carrie Underwood - I'll Stand By You (MTV)

October 10, 2008

Interestingness Photo Wall

ဓာတ်ပုံလှလှလေးတွေ ကြည့်နေရတာ စိတ်ချမ်းသာဖို့  အရမ်းကောင်းပါတယ်..

အချိန်ရရင် ရသလို Google နဲ့  Yahoo က Image Search တွေကို သုံးပြီး ပုံတွေလိုက်ရှာကြည့်နေဖြစ်တယ်...
ကျွန်မလိုပဲ အင်တာနက်ပေါ်မှာ ဓာတ်ပုံ လှလှလေးတွေ လိုက်ရှာကြည့်ရှု့ ရခြင်းကို နှစ်သက်သူများ နှင့် Photography ၀ါသနာပါသူများ အတွက်...

Interestingness - the power of attracting or holding one's attention

interes.tingness.com : Flickr မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ဆွဲယူပြီး Photo Wall တစ်ခု အနေနဲ့ ပြပေးတဲ့ နေရာ တစ်ခုပါ။ နေ့ စွဲ အလိုက် တည်ဆောက်တဲ့ Photo Wall တစ်ခုစီမှာ ပုံ ၅၀၀ ကျော် ပါရှိတယ်။ ပထမဆုံး ကြည့်မယ်ဆိုရင် ဒီနေ့ အတွက် Photo Wall ကို ပြပေးပါတယ်။ အရင် နေ့ တွေက Photo Wall ကို ကြည့်ချင်တယ် ဆိုရင်လည်း Dateကို ပြောင်းပြီး ကြည့်လို့ ရတယ်။ ကိုယ်ကြည့်ချင်တဲ့ ပုံသေးလေးပေါ်ကို Click လုပ်လိုက်ရင် မူရင်းပုံ ဆိုဒ်အကြီးကို ပြပေးပါတယ်။ တဆက်တည်း မူရင်း Flickr Link (Visit Contributors) ကိုပါ ပေးထားလို့  အဲဒီဓာတ်ပုံကို တင်ထားသူရဲ့ Flickr အကောင့်မှာ ရှိနေတဲ့ တခြားဓာတ်ပုံတွေကိုလည်း စိတ်ဝင်စားရင် စိတ်ဝင်စားသလို လိုက်ရှာကြည့် နိုင်ပါတယ်။

Photo Wall အတွက် ပုံတွေကို ရွေးထုတ်ရာမှာ Interestingness Algoritham (Flickr API) ကို သုံးပြီး ဖော်ပြတယ်လို့  သိရတယ်။ Interestingness Algoritham ဆိုတာလာလဲ စိတ်ဝင်စားလို့  နည်းနည်း လိုက်ဖတ်ကြည့်ဖြစ်တယ်။ Google က Website တွေကို Page Rank ပေးသလိုပဲ Flickr ကလည်း သူစီမှာ တင်ထားတဲ့ ပုံတွေကိုလည်း Interestingness ဆိုပြီး ပုံကိုကြည့်တဲ့ အရေအတွက်၊ ကွန်မန့်  အရေအတွက်.. favourite အနေနဲ့  add ထားတာ ဘယ်လောက်ရှိသလဲ.. စသည်ဖြင့် အချက်အလက် အတော်များများ ပေါ်မူတည်ပြီး Rank ပေးတယ် သိရတယ်။ ခုမှ သိတော့တယ်။ read more ...


A Daily Dose Of Interesting Photographic Inspriation from Flickr

interes.tingness.com မှာ ပထမဆုံး Photo Wall စတင်တဲ့ နေ့ က 1st June 2004 လို့ ဖတ်လိုက်ရလို့ ... ပြောထားတဲ့ အတိုင်း ဟုတ်မဟုတ် သိချင်လို့  အဲဒီနေ့ ထက် စောတဲ့ နေ့  ထည့်ကြည့်တာ မရဘူး။ အစောဆုံး 07-01-2004 (mm-dd-yyyy) ကိုပဲ လက်ခံတယ်။ ဘာရယ်မဟုတ် အကျင့်ပါနေတာနဲ့  စမ်းကြည့်မိသွားတာပါ :"> Photo Wall (07-01-2004) မှာပါတဲ့ ပုံတွေက ခုနောက်ပိုင်းရက်စွဲက ပုံတွေလောက် မလှဘူး။ အဲဒီ အချိန်တုန်းက Flickr ကို သုံးတဲ့သူ နည်းပြီး၊ အခုနောက်ပိုင်းမှ လူသုံးများလာတာကြောင့် ပုံကောင်းကောင်းတွေ များလာတာ ဖြစ်မယ်။

ဒီနေ့ လျှောက်ကြည့်ရင်း သတိထားမိသွားတဲ့ Website (interes.tingness.com) တစ်ခုကို သဘောကျတာနဲ့  ရှယ်ယာ ပြန်လုပ်လိုက်တာပါ။ Photo Wall... ဒီရက်ပိုင်း Wall ဆိုတဲ့ စကားလုံးနဲ့  အတော် နီးစပ်နေတယ်။ ဓာတ်ပုံတွေ ကြည့်ဖြစ်တယ်။ ပုံလေးတွေက လှသလား မမေးနဲ့ ။ ကြည့်ရတာ အရမ်း စိတ်ချမ်းသာဖို့ ကောင်းတယ်။

October 09, 2008

Video Search Engine

ကျွန်မကို မေးကြတယ်။ တချို့ ပိုစ့်တွေမှာ Vedio File တွေကို Embedded လုပ်ပြီးတင်တဲ့အခါ Youtube က file တွေကို မတင်ပဲ တခြားနေရာက file တွေကို ဘာလို့ တင်တာလဲတဲ့။ အများစုက Video File တွေ တင်ရင်၊ Share လုပ်ရင် YouTube ကို သုံးလေ့ရှိကြတယ်လေ။ ကျွန်မလည်း YouTube အသုံးများ ပါတယ်။ ဒါပေမယ့် တခါတလေ YouTube က တချို့  ဖိုင်တွေမှာ Embedded လုပ်ဖို့  Code တွေကို "Embedding disabled by request" ဆိုပြီး ပေးမထားတတ်ဘူး။ အဲဒီလို အခါတွေမှာဆို တခြားနေရာမှာ တင်ထားတဲ့ Video File တွေကို ရှာပြီး ပြန်မျှလေ့ ရှိတယ်။

နောက်တစ်ခုက ဒီနိုင်ငံမှာ ညပိုင်း ၈ နာရီကျော်ဆို YouTube ကို သုံးမရတော့ဘူး။ Loading အရမ်းနှေးတယ်။ ကျွန်မ တစ်ယောက်တည်း ကြုံတွေ့ ရတာတော့ ဟုတ်မယ် မထင်ဘူး။ ကျွန်မ နေဖူးသမျှ အိမ်တွေမှာ ဘယ်သူမှ Download တို့  Upload တို့ အရမ်းလုပ်လေ့ မရှိဘူး။ ဒါပေမယ့် နှေးတာပဲ။ အင်တာနက်က လူသုံးများတဲ့ အချိန်ဆို သိသိသာသာကြီး နှေးသွာတယ်။ ၃ မိနစ်လောက်ရှိတဲ့ သီချင်း တစ်ပုဒ်လောက် ကြည့်ဖို့ ဆို Loading လုပ်တာ ၁၀-၁၅ မိနစ်၊ တခါတလေ ဒီထက်ကြာကြာ စောင့်ရတယ်။ စိတ်မရှည်ဘူး။ အဲဒီလို နှေးနေတဲ့ အချိန်တွေဆို တစ်ခုခု ကြည့်ချင်တယ်ဆို YouTube မသုံးပဲ တခြားနေရာမှာ တင်ထားတာတွေရှိမလား ဆိုပြီး လိုက်ရှာကြည့်လေ့ ရှိပါတယ်။ တချို့ နေရာတွေမှာ ကြည့်လို့  ရတတ်တယ်။ ကျွန်မ ရဲ့ အကျင့်တွေပေါ့။
Video file တွေရှာတဲ့အခါ Google ရဲ့ Vedio search ကိုသာ မက တခြား Video Search Engine တွေကို သုံးပြီး ရှာလေ့ ရှိတယ်။ အဓိက သုံးဖြစ်တာက Blinkx (Video Search Engine) ပါ။ တခြား ( AltaVista, Fooooo ) တွေကိုလည်း တခါတလေ အဆင်ပြေရင်ပြေသလို သုံးပြီးရှာလေ့ ရှိပါတယ်။ ဒါပေမယ့် အချိန် တော်တော်များများ မှာတော့ Blinkx ကိုပဲ သုံးဖြစ်ခဲ့တယ်ပါ။ ဘယ်ကနေ ဘယ်လို စပြီး သုံးဖြစ်သွားလဲ ဆိုတာကို မမှတ်မိတော့ဘူး။ လိုချင်တာတွေ လိုက်ရှာရင် ရှာလို့  တွေ့ တာများတာကြောင့် Blinkx ကို အမြဲ သုံးဖြစ်နေခဲ့တယ်။ ဒီပိုစ့်ရေးမယ် စိတ်ကူးမှ blinkx အကြောင်း နည်းနည်း လိုက်ဖတ်ကြည့် ဖြစ်တယ်။ Blinkx စတင်တာ ၂၀၀၄ ကဆိုတော့ အခုဆို ၄ နှစ်လောက်ပဲ သက်တန်း ရှိသေးတယ်။ ဒီလောက် သက်တန်းလေး အတွင်း Blinkx ကနေ Indexed လုပ်ထားတဲ့ Vedio/Audio က 26 Millions hours ရှိနေပြီး၊ သဘောတူညီမှု့ ရထားတဲ့ ကုမ္ပဏီပေါင်းက ၃၅၀ ကျော်ရှိနေတယ်သိရတယ်။ The largest deep indexed Video Search Engine လို့ ပြောထားတယ်။
Blinkx Search Engine ဟာ Video/Audio files တွေကို ရှာတာအခါမှာ Speech Recognition System ကိုပါ သုံးပြီး ရှာတယ်လို့ သိရတယ်။ ရှာတဲ့သူတွေ ရိုက်ထည့်လိုက်တဲ့ စာလုံးတွေကို Video/Audio file မှာပါဝင်တဲ့ အသံတွေနဲ့  တိုက်စစ်ပြီး တူတာတွေကို ရှာထုတ်ပေးတာပါ။ ပုံမှန်ဆို Search Engine အများစုက File Upload လုပ်တဲ့သူတွေ ထည့်ထားတဲ့ MetaData တွေ၊ File Name တွေ အပေါ် မူတည်ပြီးပဲ ရှာလေ့ ရှိကြတယ်လေ။ Blinkx ရဲ့ Audio/Video file တွေရှာဖွေတဲ့ နည်းပညာ ကို MSN service နဲ့  Live ရဲ့ တချို့ အစိတ်အပိုင်း တွေမှာ 2006 က စပြီးသုံးခဲ့တယ် သိရတယ်။ တခြား Lycos, Infospace, RealPlayer နဲ့  AOL မှာလည်း အသုံးပြုကြောင်း ဖတ်ရှု့ သိရှိခဲ့ရပါတယ်။

ကျွန်မ သုံးလေ့ရှိတဲ့ Video Search Engine တစ်ခုကို Share လုပ်လိုက်တဲ့ သဘောပါ။ တခြား ဒီထက်ကောင်းတဲ့ Video Search Engine တွေလဲ ရှိနိုင်ပါတယ်။ Vedio Search Engine တွေ အကြောင်း သိချင်တယ်၊ စမ်းကြည့်ချင်တယ် ဆိုရင် Wiki- Video Search Engine မှာ ကြည့်လို့  စမ်းလို့ ရပါတယ်။

နောက်ပြီး Blinkx မှာ Wall it ဆိုတဲ့ Feature ကို သဘောကျမိတယ်။ အောက်ကလို မျိုးလေး။ "Lay Phyu" ဆိုတဲ့ စကားလုံးကို ရှာပြီး Wall စမ်းကြည့်ထားတာပါ။

October 08, 2008

Tai Dong Teochew Braised Duck Rice

မနေ့ က နေ့ လယ်စာကို Tai Dong Teochew Braised Duck Rice သွားစားဖြစ်တယ်။ အရင်နေ့ တွေကလောက် စားလို့  မကောင်းဘူး။ အဖျားပျောက်ခါစ အစားအသောက် ပျက်နေတုန်းမို့ လား.. ကျွန်မပြောသမျှ နားထောင်ပေးသူလေး အလုပ်ရှုပ်နေတော့ ပြောချင်တာတွေ မပြောရလို့  စိတ်မကြည်တာကြောင့်လား မသိဘူး.. ထမင်းစားလို့  မကောင်းဘူး။ ဒါတောင် ဘဲသားတွေကုန်ပြီး ထမင်းနည်းနည်း နဲ့  အရွက်နည်းနည်းပဲ ကျန်တယ်။ တခြားမှာ သွားစားရင် အဲဒီလောက်ကုန်မှာ မဟုတ်ဘူး၊ ဒီအချိန် ဒီဆိုင်မှာသွားစားလို့ သာ ဒီလောက်စားဝင်တာလို့ ပြောရမယ်။ :-)

အလုပ်က အစားအသောက်ကောင်းကြိုက်တဲ့ Business Analyst တစ်ယောက် ဒီနားလေးမှာ နာမည်ကြီး Duck Rice ဆိုင်ရှိတယ်၊ စားကောင်းတယ်ဆိုပြီး ညွန်းရာကနေ ဆိုင်ကိုသိပြီး စားဖြစ်သွားတာ။ ကျွန်မ အစားအသောက် ရွေးတာကို အလုပ်က ရင်းနှီးတဲ့သူ အတော်များများက သိကြတော့ စားနိုင်မယ် ထင်တဲ့ ဆိုင်တွေကိုဆို ညွန်းပေး၊ ခေါ်သွား ကျွေးလေ့ရှိတယ်။ ဒီဆိုင်မှာ ပထမတစ်ခါ သွားစားပြီး အားလုံး ကြိုက်ကြတာ နဲ့  နေ့ လယ်စာ စောစော ထွက်စားဖြစ်တဲ့ ရက်တွေမှာ သွားစားလေ့ရှိတယ်။ ပုံမှန်ဆို သွားစားရင် အနည်းဆုံး ၅-၆ ယောက် အတူသွားစားဖြစ်တာ များတယ်။ ထုံးစံအတိုင်း ပွဲကြီးမှာ share လုပ်ပြီး စားလေ့ရှိတယ်။ တစ်ယောက်ကို S$6-7 လောက်ကျတယ်။ ဒီနေ့ ကတော့ တခြားသူတွေ အလုပ်များနေတာနဲ့ ကိုယ်ဘာသာကိုယ်ပဲ သွားစားဖြစ်လိုက်တယ်။ ဒီတော့ ပုံတွေက သိပ်မလှဘူး ဖြစ်သွားတယ်။ မတတ်နိုင်ဘူး မစောင့်နိုင်လို့ ရှိတာလေး တင်လိုက်တယ်။

အဲဒီမှာ စားမယ်ဆိုရင် နည်းနည်းစောစောသွားဖို့ လိုတယ်။ ဆိုင်နေရာအကျယ်အ၀န်းနဲ့  လာစားတဲ့သူနဲ့  မမျှဘူး။ ၁၂ နာရီ ၁၅ မိနစ် ထက်နောက်မကျအောင် ဆိုင်အရောက်သွားမှ သိပ်မစောင့်ပဲနေရ ရနိုင်တယ်။ ဒီထက် နောက်ကျသွားရင် ထိုင်ခုံနေရရဖို့  အတော်အချိန်ကြာကြာကြီးကို စောင့်ရမယ်။ ဒါကြောင့် ကြိုက်ပေမယ့် Chicken Rice လို အမြဲသွားမစားဖြစ်ဘူး။



Teochew Braised Duck

Stewed Cabbage with Tau Kee (Beancurd Skin)

Steamed rice with dollop of sauce


Tai Dong Teochew Braised Duck Rice
No. 9 Lorong Telok, Singapore 049022
City Front Kopitiam (Near Boat Quay),
Tel: 6532 3226
Cuisine: Duck Rice
Operating Hours: Mon-Sat, 10:30 Am to 2:30 Pm
Price Range: Expect to pay around $4 to $6 for an individual portion

SPECIALITY: The braised duck is succulent and glisteningly moist. An order of duck, innards and rice, with a veggie side dish, is a hearty meal. Go early or late to avoid the hungry lunch hordes. Not too late though, their ducks will sell out by 2:30 PM.

စိတ်ဝင်စားတယ်.. သွားစားကြည့်ချင်တယ်.. အသေးစိတ်သိချင်တယ်ဆို အင်တာနက်ပေါ်မှာတွေ့ နဲ့  ဒီနေ ရာလေးမှာ သွားကြည့်ဖို့  ညွန်းချင်တယ်။ အဲဒီကပုံတွေက ပိုလှတယ်။ အစားအသောက်တွေ အကြောင် အသေးစိတ်လည်း ရေးထားတယ်။