Pages

September 29, 2007

28 Sept 2007

ဒီနေ့  နေ့ လယ်ပိုင်းက စလို့  မြန်မာပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေအားလုံးကို ဖြတ်တောက်လိုက်ပြီ ဆိုတဲ့အကြောင်း သိလိုက်ရတယ်။ MTP ကတော့ Server Maintenance လုပ်ဖို့ ပိတ်ရခြင်းဖြစ်တယ်ဆိုပြီး အကြောင်းပြ ပြောဆိုတယ်လို့ ကြားသိရတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေကို ဒီစစ်အစိုးရက ဖြတ်ပစ်တာ ဘာကြောင့်လဲဆိုတာ အသိသာကြီးပါ။
God of the rain is Tearing,
White courage is in Blooding,
Monks and Peoples are Running,
Junta are Killing.
Internet is cutting.
All sites are banning.
I'm crying!,
UN man to Burma will be Lying.
Tomorrow how many lives will be dying.

ဒီစာသားတွေကို သူငယ်ချင်းတစ်ယောက် သူ့ ဘလော့မှာ ရေးထားတာကို တွေ့ လို့  ကူယူဖော်ပြလိုက်တာပါ။

ဒီလို ဆက်သွယ်မှု့ လမ်းကြောင်းတွေ အကုန်ဖြတ်တောက်ပြီး စစ်အစိုးရက ဘာလုပ်တော့မှာလဲ... ဆက်ပြီး မတွေးရဲအောင် ပါပဲ.. အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်သောကတွေ အပြည့်နဲ့ ဖြစ်နေပါပြီ... အရင်ကလည်း စိုးရိမ်ကြပေမယ့် သတင်းတွေရနေတော့ ဘာတွေဖြစ်နေလဲ သိရသေးတယ်လေ။ ဒီနေ့  တစ်နေ့ လုံး သတင်းတွေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြတယ်.. ဒီနေ့  ပြည်တွင်းကလာတဲ့ သတင်းတွေဟာ အရင်နေ့ တွေကထက် နည်းသွားပါတယ်.. ဒီလို သတင်းနည်းသွားတယ်ဆိုတာ ပြည်တွင်းမှာ ဘာမှမဖြစ်ဘူး၊ ငြိမ်းချမ်းနေတယ် ဆိုတာမျိုး မဟုတ်ကြောင်း အားလုံးသိနေတယ်။ အားလုံးရဲ စိုးရိမ်မှု့ တွေ၊ သောကတွေ တိုးလာတာပဲရှိတယ်..

သူငယ်ချင်းတစ်ယောက် ပြတာနဲ့  Singapore Changi International Airport မှာ က ဒီနိုင်ငံက The Straits Times သတင်းစာကနေပြီး မြန်မာပြည်ကပြန်လာသူတွေ၊ မြန်မာပြည်ကို သွားမယ့်သူတွေ နဲ့  အင်တာဗျူးလုပ်ထားတဲ့ 2 min 10 sec စာ အပိုင်းလေး ကြည့်လိုက်ရပါတယ်။ ဘာကြောင့် အမှန်အတိုင်း မပြောရဲကြတာလဲ။ ကြောက်ရွံ့ မှု တွေကို နားလည်ပါတယ်။ ဒါပေမယ့် မသိဘူးလို့ ဖြေလိုက်တာ၊ မဖြေချင်ဘူးလို့ ငြင်းလိုက်တာဟာ ဒီလို ဖြေတာထက် ပိုကောင်းပါလိမ့်မယ်။ ကိုယ်မဖြေချင်တာကို အတင်းဖြေခိုင်းမယ် မထင်ပါဘူး။ ဒီနိုင်ငံမှာ ဒီလောက်တော့ ငြင်းဆန်ခွင့်၊ ကိုယ့်သဘောအတိုင်းလုပ်ခွင့် ရှိမှာပါ။ ဒီ စင်္ကာပူသတင်းစာ ကိုလည်း သိပ်မယုံကြည်ရပါဘူး။ အခြေအနေ မကောင်းဘူး ပြောသူတွေနဲ့  အင်တာဗျူးခဲ့ရတာတွေကို မပြပဲ၊ အားလုံးကောင်းပါတယ်ဆိုတဲ့ သူတွေနဲ့  ဗျူးတာတွေကိုပဲ ရွေးပြတာလဲ ဖြစ်နိုင်ပါတယ်။ [Straits Times' Interview (Myanmar crackdown: Panic? Not Us) ]

ဒီနေ့  ည ၇ နာရီမှာ စင်္ကာပူနိုင်ငံ Toa Payoh ဘုန်းကြီးကျောင်းမှာ ၀တ်ရွတ်၊ ဆုတောင်းပွဲလုပ်တယ်။ ဒီနေ့ တင်မကဘူး နောက်ရက်တွေ ( စနေနေ့  နဲ့  တနင်္ဂနွေနေ့ ) မှာလည်း ပွဲတွေရှိတယ်လို့  သိရပါတယ်။ ဒီနေ့ တော့ စုစည်း လာရောက် သူတွေကို "မြန်မာနိုင်ငံတွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်" ဆိုတဲ့ စာရွက်တွေ၊ လက်မှာ ပတ်ဖို့ အနီရောင် ပိတ်စတွေ နဲ့  ရှေ့ နဲ့  နောက်မှာ "STOP Bloodshed in Myanmar" အနီရောင်စာလုံးတွေ ရေးထားတဲ့၊ အနီရောင် မြန်မာပြည်ပုံလေး ပါဝင်တဲ့ အဖြူရောင် T Shirt တွေ ဝေပေးတယ်။ "သံဃာနှင့်လူထု သွေးစွန်းခြင်း အထိမ်းအမှတ်" အနေနဲ့ အနီရောင် ၀တ်စုံတွေ ၀တ်ဆင်ကြပါလို့  နှိုးဆော်ချက် အတိုင်း လူအများစုဟာ အနီရောင် အ၀တ်အစားတွေ ၀တ်ဆင်လာကြပါတယ်။ ဘုန်းကြီးကျောင်းတစ်ခုလုံး ရဲရဲတောက်သွားခဲ့တယ်။ လူတွေအများကြီးပါ။ ဘာသာခြားတွေလည်း ပါပါတယ်။ လာရောက်သူ အနည်းဆုံး တစ်ထောင်ကျော်လောက် ရှိပြီး အားလုံး စုပေါင်းကာ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွက်၊ မောရသုတ်ရွက်ပြီး သေဆုံးသွားသူတွေအတွက် မေတ္တာပို့  အမျှဝေခဲ့ကြတယ်။ တရားတိုင်ပေးတဲ့ ဘုန်းတော်ကြီးက လက်ရှိ မြန်မာ နိုင်ငံထဲက လှုပ်ရှားမှု့တွေ၊ သေဆုံးမှု့ တွေနဲ့ ပတ်သက်ပြီး ဘာမှ သိပ်မပြောဘူး။ ရှေ့ ပိုင်းပြောတဲ့ စကားတချို့ မှာ ရည်ရွယ်ကြတဲ့ လှုပ်ရှားမှု့ တွေ အောင်မြင်ပါစေ ဆိုတဲ့ သဘောမျိုးလေး နည်းနည်းပါတာလောက် ရှိပေမယ့်၊ ဆုတောင်းမေတ္တာပို့ ချိန်မှာ သေဆုံးသူတွေ အားလုံးဆိုတဲ့ ခြုံငုံပြောဆိုတဲ့ စကားကလွဲရင် တခြားဘာမှ ထည့်ပြီး ပြောမသွားတော့တာကို သတိထားမိလိုက်တယ်။ ဘာကြောင့် ဒီအချိန်၊ ဒီနေရာမှာ အားလုံး လာရောက် စုစည်းကြတယ် ဆိုတာကို သိမှာပါ။ ပြောစရာမလိုအောင် အသိသာကြီးပါ။ သိတိုင်းလည်း ပြောလို့ မရ၊ မှန်တိုင်းလည်း ပြောခွင့်မရှိတာ၊ ပါးစပ်ပေါက်တွေ အတင်း အပိတ်ခံနေရတာ တို့ ဗမာပြည်တစ်ခု ထဲ မဟုတ်ပါလား ဆိုတာကို ပိုပြီး သိလာရတယ်။ ဘုန်းကြီးကျောင်းရှေ့ မှာလည်း သတင်းယူတဲ့သူတွေ၊ ရဲကားတွေကလည်း အဆင်သင့်ပဲလေ။

နာမည်ကြီး ဆရာတော်ကြီးတွေ ပျောက်ဆုံးနေတယ်လို့  သိရတယ်။ ဒကာတွေ တောင် မသိလိုက်အောင် ဘယ်သူတွေက ပင့်ဖိတ်ခေါ်ယူသွားတာလဲ။ အဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း ပြတ်နေတော့လည်း ဆရာတော်တွေ သတင်း စုံစမ်းရတာ အရမ်းခက်ခဲနေပါတယ်။ သေချာတာတစ်ခုကတော့ ဆရာတော်ကြီးတွေက ဒကာ၊ ဒကာမတွေ စိုးရိမ်စိတ်ပွါးအောင် လုပ်မှာ မဟုတ်တဲ့အတွက် သူတို့ ဘာသာသူတို့  ဘယ်သူမှ အသိမခံပဲ တနေရာရာကို တိတ်တဆိတ် ကြွသွားတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ရန်ကုန်မှာ အင်တာနက်ကွန်နက်ရှင်တွေ တချို့ ပြန်ရတယ် ကြားပေမယ့် ကျွန်မသိရသလောက်တော့ အင်တာနက် ကွန်နက်ရှင်တွေ ပြတ်တောက်နေတုန်းပဲ။ သာမန် အိမ်ဖုန်းတွေကို မနက်နဲ့ ညဘက်တွေမှာ ခေါ်လို့  ရတတ်ပေမယ့် နေ့ လယ် ပိုင်းမှာတော့ ဆက်သွယ်လို့ မရသလောက်ပါပဲ။ ဒါပေမယ့် အရေးပါသူတွေရဲ့ ဖုန်းလိုင်းတွေကတော့ ဘယ်အချိန်မှာမှ ခေါ်ဆိုမရအောင် ဖြတ်တောက်ခြင်းခံထားရတယ်။ ဒီလို ဆက်သွယ်မှု့ တွေ ဖြတ်တောက်မှု့ ကြောင့် သတင်းပြန့် နှုန်း နှေးသွားပေမယ့် မြန်မာပြည်တွင်းက သတင်းတွေကတော့ ဆက်လက် ထွက်ရှိနေဆဲ ပါပဲ။ DVB မှာ ဒီနေ့  (၂၈ ရက်) နေ့  သတင်းတွေ တက်လာတာတွေ့ ရတယ်။ ဓာတ်ပုံတွေလည်း တွေ့ ရတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)
ရိုးမ ၃
ဟစ်တိုင်
ခေတ်ပြိုင်
ဧရာဝတီ

News and Video
Yangon marchers 'not afraid to die' - aljazeera.net
On the ground in Yangon - 28 Sep 07 (YouTube)
28 September 2007 Photos from niknayman

September 27, 2007

Bloody Day - 27 Sept 2007

ဒီနေ့ ကို ... အားလုံးက ပြောနေကြတယ်... သွေးစွန်းသောနေ့ တဲ့ ... မနေ့ က သွေးစွန်းသော ဥပုသ်နေ့.. ဒီနေ့  အခြေအနေကတော့ မနေ့ ကထက်တောင် ပိုပြီးဆိုးရွားလှပါတယ်... ၂၆ ရက်ကုန်လို့  ၂ရ ရက်နေ့ အကူး အချိန်လေးမှာတင် ငွေကြာရံ ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ သွေးမြေကျရုံမက၊ တစ်နေ့ လုံးလည်း သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူတွေရဲ့ သွေးတွေ မြေခခဲ့ရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။

Bloody Day - 27 September 2007

CNN မှာ ကြေငြာသွားတဲ့ သတင်အရတင် ဒီနေ့  မြန်မာပြည်မှာ စစ်အစိုးရရဲ့ အကြမ်းဖက် ပစ်ခတ်မှု့ ကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် တစ်ဦးအပါအ၀င် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့  သိရတယ်။ ဂျပန်နိုင်ငံသား သေဆုံးတဲ့အကြောင်း သတင်းနဲ့  ဓာတ်ပုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

တစ်နေ့ လုံး ဖတ်နေ၊ ကြားနေ ၊ ကြည့်နေရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ ပစ်ခတ်မှု့ တွေကြောင့် ဗမာပြည်သူတွေ လူအများအပြား သေဆုံးကြကြောင်း သိရတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို စစ်တပ်က ယူဆောင်သွားကြောင်း သိရတယ်။ ဒီနေ့ အကြောင်းကို စစ်အစိုးရ သတင်းစာတွေကနေ ဘယ်လိုများ လိမ်ညာလှည့်ဖျားပြီး သတင်းမှားတွေ လွှင့်ဦးမလဲ မသိဘူး။ ထုံးစံအတိုင်း လူစုခွဲရုံ ခြိမ်းခြောက်တဲ့ အနေနဲ့  မိုးပေါ်ထောင်ပစ်တာပါလို့  ပဲ ပြောဦးမလား။ အခုဆို သူတို့ ဘယ်လောက် လိမ်ညာပြီး ပြောနေပါစေ။ ဘယ်သူမှ သူတို့ စကားကို ယုံကြည်ကြတော့မှာ မဟုတ်ပါဘူး။ ( အရင်ကလည်း ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ အခုတော့ ပိုပြီး သက်သေ အခိုင်အလုံနဲ့ ပေါ့။ ) အခုရက်တွေမှာဆို ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို အမှန်တရားကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ စွန့် စား သတင်းယူနိုင်မှု့  တွေကြောင့် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေ၊ သတ်ဖြတ်မှုတွေအကြောင်း သတင်းအမှန်တွေကို တကမ္ဘာလုံးသိအောင် အချိန်မခြား ဖြန့် ဝေလိုက်နိုင်ပါတယ်။ မြန်မာပြည်ထဲကနေပြီး သတင်းပေးပို့ သူတွေ၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ တွေ နဲ့  ဖြန့် ဝေသူ အားလုံးကို လေးစားစွာ ဦးညွှတ်လိုက် ပါတယ်။ ဒါပေမယ့် ဂရုစိုက်ကြပါ။ စစ်အစိုးရက သူတို့ သတင်းတွေ မပြန့် အောင် နည်းမျိုးစုံနဲ့ ကြိုးစားတားဆီးနေတယ်ဆိုတဲ့ အကြောင်း dvb မှာ ဖတ်လိုက်ရပါတယ်။ ပြည်တွင်းကလှုပ်ရှားမှု့ တွေ၊ သတင်း၊ အခြေအနေ အမှန်တွေ ကမ္ဘာကို ဖြန့် နိုင်ဖို့ ဆိုတာ ဒီအချိန်မှာ အရေးကြီးနေပါတယ်။ လျှို့ ဝှက်ကြပါ။ အလွန်သတိရှိစွာ လှုပ်ရှားဖို့ လိုနေပါတယ်။

Source : Reuters.com
Military officials release smoke canisters after firing upon a crowd of thousands, which took to the streets of Yangon's city centre to protest, September 27, 2007.

ဓာတ်ပုံတွေ၊ ဗီဒီယို အပိုင်းအစတွေ ကြည့်ရတာ အားလုံးရဲ့ ကြွေးကြော်သံတွေကို ကြားရတာ စိတ်ဓာတ်တွေ တတ်ကြွလာသလို ၊ တဖက်ကလည်း သွေးသန်ရဲရဲ ဓာတ်ပုံတွေ မြင်ရတဲ့ အခါတွေနဲ့  စစ်သားတွေရဲ့ အတင်း အားဓမ ဖမ်းဆီးခေါ်ဆောင်မှုကို ခံနေရသူတွေကို မြင်ရတာတော့ ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒါပေမယ့် လူထုအင်အားလျှော့မသွားပဲ လူတွေများသထက်များလာကာ ရှေ့ ဆက်ပြီး လူထုဆန္ဒတွေကို ဖော်ထုတ်ဖို့  ကြိုးပန်းနေကြတာကို သိရတော့ အားတတ်မိတယ်။ အောင်မြင်ကြပါစေ။

တွေးနေမိတာတစ်ခုရှိတယ်။ ဒီရက်ပိုင်းမှာ မနက်စောစော အိမ်ကထွက်ခွါသွားတော့ ကောင်းကောင်းမွန်မွန်နဲ့ ပေါ့၊ ဒါပေမယ့် ညနေမိုးချုပ် အိမ်ပြန်ချိန်တိုင်လို့ အိမ်ပြန်ရောက်မလာပဲ ဘယ်စီရောက်သွားမှန်းမသိ သတင်း စုံစမ်းမရပဲ လမ်းစပျောက်ဆုံး သွားသူတွေ ဘယ်လောက်များ ရှိနေပြီလဲ။ ဘေးကင်းကြပါစေ။ ပျောက်ဆုံး သွားသူတွေနဲ့  သူတို့ ရဲ့ မိသားစုဝင်တွေ ပြန်လည် စုံတွေ့ နိုင်တဲ့ နေ့ အမြန်ဆုံး ရောက်ရှိပါစေ။


Source : Mandalay Gazette

Monks Praying soldiers shooting in burma -2007-09-27 (YouTube)
Photos show 'death' of Japanese man in Burma - telegraph.co.uk
Myanmar troops threaten to shoot - reuters.com
သတင်းတွေမပြန့် အောင် ကြိုးစားနေတဲ့ စစ်တပ်ရဲ့ လုပ်ဆောင်မှု့ တွေ (dvb)
Protesters and police face off this morning on the streets of Rangoon -guardian.co.uk

ငွေကြာရံဘုန်းကြီးကျောင်းအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီး

ညက တောင်ဥက္ကလာက ငွေကြာရံဘုန်းကြီးကျောင်းကို စစ်သားတွေဝင်ရောက်ပြီး ဘုန်းတော်ကြီးတွေကို အကြမ်းဖက် ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်း ကြားခဲ့ရတယ်။ မယုံနိုင်စရာ သတင်းတစ်ခု ဖြစ်ပေမယ့် နေရာစုံကနေပြီး အဲ့ဒီ သတင်းဟာ မှန်ကန်ကြောင်း confirm လုပ်တဲ့ သတင်းပေးချက်တွေ ကို တွေ့ နေခဲ့ရတယ်။ အခုတော့ မိုးမခ ဘလော့မှာ သက်သေအဖြစ် ဓာတ်ပုံတွေနဲ့  တကွ တင်ပေးထားတာတွေ့ ရပါတယ်။ ညကြီးမိုးချုပ်မှာ ဘုရားသားတော် ဘုန်းတော်ကြီးများကို အကြမ်းဖက် ၀င်ဖမ်းတယ်ဆိုတာ တကယ့်ကို ယုတ်မာ ရိုင်းစိုင်းချက်ကတော့ ကမ်းကုန်လွန်းနေပြီးလို့  ဆိုရမယ်။


မနေ့ ညက စစ်သားတွေ ၀င်ဆီးသွားခြင်းခံရတယ်ဆိုတဲ့ ဘုန်းကြီးကျောင်းများစာရင်းပါ။ ( နစ်နေမန်း cBox ကတွေ့ တာပါ)
  • ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ဘုန်းတော်ကြီးကျောင်း
  • ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))) ထို့ ကြောင့်လူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

26 September 2007

၂၆ စက်တင်ဘာ ၂၀၀၇
၁၃၆၉ တော်သလင်းလပြည့်နေ့ 

အလွန် အရုပ်ဆိုးလှတဲ့ နေ့ တစ်နေ့  အဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီဲ...
သာသနာ့ အာဇာနည် သံဃာတော်များသွေး မြေကျရသောနေ့ 
Flickr Photos
Niknayman Photos
မေတ္တာပို့ သချီတတ်ခဲ့သော သံဃာတော် (၅) ပါး ပျံလွန်တော်မူ

September 26, 2007

အေးချမ်းစွာ ဆန္ဒပြစေလို

ရန်ကုန်မြို့ မှာ ပစ်ခတ်မှု့ တွေ စတင်နေပြီလို့  ဘလော့တွေ၊ cBox တွေက သတင်းအရသိရပါတယ်။ သတိပြုဖို့  အထူးလိုအပ်နေချိန်မို့  သတိပြုစရာ တစ်ခုကို မျှဝေလိုက်ပါတယ်။ အားလုံး ကိုယ်ပတ်ဝန်းကျင်ကလူတွေကို သတိပေးကြပါ။ ဂရုစိုက်ကြပါ။

" အချို့သော လူစုမှာ အစိုးရဘက်ကဟု ထင်ရဖွယ်ရှိသည်။ သူတို့သည် လူထုကြားထဲတွင် ၀င်ရောက် ရောရောင်ကာ အကြမ်းဖက်ရန် လှုံဆော်နေကြသည်။ အရိုက်ခံရသည် ဆိုသော သူအများစုမှာလည်း ခေါင်းမှ ပတ်တီးတွင် သွေးစပင် မရှိကြောင်းသိရှိရသည်။ ၄င်းဖြစ်ရပ်အားကြည့် ခြင်းဖြင့် အတုအယောင် များသည် လူထုကြားတွင် ၀င်ရောက်နေကြောင်းသိရှိရသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကိုယ့်ဘက်က စသောကြောင့် ဖြစ်စေလိုခြင်း ဖြစ်သဖြင့် အထူးသတိထားကြပါရန်။ စစ်တပ်မှ လာသော သတင်းများအရ ၄င်းတို့ သည် ဆူပူပြီး ရိုက်နှက်မှုပြုမှပင် ပစ်ခွင့်ရှိကြောင်းကို သိရှိရသည်။ ထို့အတွက်ကြောင့် အေးချမ်းစွာ ဆန္ဒပြစေလိုပါသည်။ "

ခုချိန်မှာ နောက်ဆုံး သတင်းတွေ အမြန်ဆုံး တင်ပေးနေတာကတော့ niknayman's cBox ပါ။

အလှူဒါန ပြုကြသူငါ

ဗမာပြည်တွင်းမှ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ သဒ္ဓါတရား ထက်သန်စွာနဲ့  လှူဒါန်းနေကြတဲ့ သတင်းတွေကို ကြားရလို့  ၀မ်းမြောက်ဝမ်းသာစွာနဲ့  သာဓု ခေါ်ဆိုမိပါတယ်။

ဒီစင်္ကာပူနိုင်ငံမှာဆိုရင် Peninsula Plaza ငါးထပ်မှာ ရှိတဲ့ လမ်းပြကြယ် မြန်မာစာကြည့်တိုက်မှာ သွားရောက် လှူဒါန်း နိုင်ပါတယ်။ မလှူရသေးသူများ ကိုယ်တတ်နိုင်သမျှပမာနကို လှူဒါန်းကြပါ။ နည်းတယ်၊ များတယ်ဆိုတာ မရှိပါဘူး။ အခုအချိန်မှာ ကျွန်မတို့  လုပ်ပေးနိုင်တာ ဒါပဲရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာ ကနေပြီး စွမ်းဆောင်နိုင်သမျှ ပန့် ပိုးကူညီပေးကြပါ။
လမ်းပြကြယ် မြန်မာစာကြည့်တိုက်
#05-12A Peninsula Plaza
(Tel: 63371569)


Please donate for the protesting monks in burma now.
No food collection due to daily protest.
No robes to change due to rain and sweat.
No place to stay due to some abbot lock out the protesting monks.
Monks are falling sick due to maching in all weather.
No hat. Some bare food.
This is the time you need to donate for "PYIT SEE LAY PAR".
Please donate to the nearest group.
City Hall Lan Pya Kyal library

(Source SMS Message)

September 24, 2007

Moethee Zun's message

Burma Latest News

ဗမာပြည်က နောက်ဆုံး သတင်းတွေကို ချက်ချင်းသိနိုင်အောင် ဒီအောက်ကလင့်တွေကနေ စောင့်ပြီး ဖတ်နေပါတယ်။ သတင်းပေးပို့ နေကြသူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း
Burma Latest News
လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။
ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ လောကနိယာမ ဖြစ်ပေသည်။

September 22, 2007

Journey into Life

၂၂ စက်တင်ဘာ
ခရီးရှည်တစ်ခုကို အစပြုလာတာ..
၇ နှစ်..
ဘာမှမကြာလိုက်သလိုပါပဲ..
ပန်းတိုင်ရှိမယ့်နေရာကို မျှော်မှန်းဦးတည်
အားမာန်တင်းလို့ 
ခရီးနှင်ဆဲ..

September 21, 2007

ရန်ကုန်မိုး

သည်းကြီးမဲကြီးရွာနေလိုက်တာ..
သည်းလိုက်တဲ့မိုး.. ကောင်းလိုက်တဲ့မိုး..
ရွာချင်သလောက်ရွာပါ.. သည်းချင်သလောက်သည်းပါ..
ဒါပေမယ့် ပွဲဖျက်တဲ့မိုး မဖြစ်ပါစေနဲ့ ...
ဒီမိုးဒီရေ ဒီလမ်းတွေပေါ်မှာ အမိုးအကာမပါပဲ လျှောက်နေကြတဲ့ သံဃာတော်များ...

ကျန်းမာကြပါစေ၊ ရောဂါကင်းကြပါစေ၊ အနှောက်အယှက်ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ။

အဲယားကွန်းတတ်ထားလို့  ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ အခန်းထဲမှာ အနွေးထည်ထူထူဝတ်လို့  ရေနွေးကြမ်းပူပူ ထိုင်သောက်နေတဲ့ ကျွန်မ ကိုယ့်စီးပွါးအတွက် ပိုက်ဆံရှာတဲ့ အလုပ်တွေလုပ်ရင်း ဒီစကားတွေ တိတ်တဆိတ် ဆိုနေရုံ၊ စာလေး ဟိုနည်းနည်း ဒီနည်းနည်း ထိုင်ရေးနေရုံ၊ သတင်းတွေ စောင့်ဖတ်နေရုံ ကလွဲလို့  တခြားဘာမှ မလုပ်နိုင်ပါဘူး။

အတွေးများ နဲ့  မျော်လင့်ခြင်း

ဒီသတင်း (88 Generation Students Leaders Hospitalized After Being Severely Tortured) ကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ငါသာ သူတို့ နေရာမှာဆိုတာမျိုးကို အတွေး စိတ်ကူးနဲ့ တောင် ခံစားမကြည့်ရဲအောင် ဖြစ်ရပါတယ်။ သူတို့  ၄ ယောက်မှ မဟုတ်ပါဘူး၊ တခြားသူတွေ ..... သူတို့ တွေ ဒါတွေလုပ်ရင် ဒီလိုတွေ တစ်နေ့  ကြုံရမယ် ဆိုတာ သိကြပေမယ့် မကြောက်မရွံ့  နောက်မဆုတ်ပဲ ကြိုးစားနေကြတဲ့ သူတွေ။

ဘာကြောင့် သူတို့ တွေ ဒီလောက် ရဲရင့်နေကြတာလဲ။ သူတို့ ကိုယ် သူတို့ ၊ သူတို့  မိသားစု တစ်စုစာ အတွက်လောက်နဲ့ တော့ သူတို့  ဒီလို ခံစားနေစရာ မဟုတ်ပါဘူး။ တစ်ယောက်စာ၊ တစ်မိသားစုစာ၊ ဆွေမျိုးတစ်စုစာ အတွက်လောက်ဆို ... နေတတ်ရင်၊ ယူတတ်ရင် ပြည့်စုံရုံမက ပိုလျှံအောင် ရနိုင်တဲ့ အခွင့်အရေးတွေ၊ လုပ်နည်းလုပ်ဟန်တွေကို သူတို့ လည်း သိကြမှာပါ။ ဒါပေမယ့်.. သူတို့ .... အားလုံးအတွက် ရဲရင့်နေကြတယ်။ ကိုယ့်မှာ မရှိတဲ့ သတ္တိတွေ သူတို့ မှာ အပြည့်ရှိအောင် ဘယ်လို အရာတွေက တွန်းအားပေးနေတာလဲ။ ကိုယ်လည်း ဒီမြေမှာ မွေး၊ ဒီရေကို သောက်ပြီး ကြီးပြင်းလာခဲ့တာပဲ။ ဒါပေမယ့် ကိုယ်နဲ့  သူတို့ တွေကြားမှာ ရှိနေတဲ့ စွန့် လွှတ်နိုင်အား၊ စွန့် စားနိုင်အား၊ ပေးဆပ်နိုင်အား ကွာခြားချက်တွေက များပြားလှတယ်။ လေးစားပါတယ်။

ဖတ်ခဲ့ဖူးတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားတွေ ခေါင်းထဲရောက်လာခဲ့တယ်။ ကဗျာထဲမှာ သူက ဒီလို ရေးထားခဲ့တယ်..

ငါတို့တွေကိုက...
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။


ဆုတောင်းပါတယ်။ သူတို့ သာဆိုရင် သစ္စာပြုပါတယ်ဆိုတဲ့ စကားကိုပဲ သုံးနှုန်းကြမှာ။ သူတို့ ရဲ့ သစ္စာတရားတွေ။ သူရေးသားခဲ့သလို အရေထူပြီး မတရားသူတွေရဲ့ တရားမဲ့  နှိပ်စက်မှုဒါဏ်ကို ခံနိုင်ရည်ရှိကြပါစေ။ အမှန်တရားအတွက် ဆက်လက်ကြိုးစား တိုက်ပွဲဝင်နိုင်ကြပါစေ။ တစုံတရာ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ကြပါစေနဲ့ ။ တိုက်ပွဲက ရခဲ့သမျှ ဒါဏ်ရာတွေကို ပြသခွင့်ရနိုင်မယ့် စွန့် လွှတ်၊ စွန့် စား၊ သစ္စာတရားကို ယုံကြည်ကြသူတွေရဲ့ အောင်ပွဲနေ့ ရက် မကြာခင် ရောက်ရှိလာနိုင်ပါစေ...

မျော်လင့်ခြင်း - မင်းကိုနိုင် .....

Poem Credit to THKZ
Poem Source : mizzimaburmese.com

September 20, 2007

Breaking News

အတော်များများတော့ သိကြမယ် ထင်တယ်။ ဒါပေမယ့် မသိသေးတဲ့ သူငယ်ချင်းတွေ သိအောင် ပြောလိုက် ပါတယ်။ မြန်မာပြည်မှာ အခု လက်ရှိ ဖြစ်ပျက်နေတာတွေကို ချက်ချင်း သိချင်တယ်ဆိုရင် ဒီအောက်က လင့်တွေမှာ သွားကြည့်လို့  ရပါတယ်။ သတင်းတွေရဲ့ အမှား၊ အမှန် ပမာဏကိုတော့ ချင့်ချိန် တွေးပြီး စဉ်းစားကြပါ။
၁၈ ရက်နေ့ က သတင်းဓာတ်ပုံတွေ ဖြန့် ဝေပေးခဲ့တဲ့ မိုးဇတ်ရဲ့ ဘလော့က မနေ့ ညနေကတည်းက ကြည့်လို့ မရတော့ပါဘူး။ "မြန်မာ့မီဒီယာ၊ပညာရေးနှင့် ဖွံဖြိုးမှုစောင့်ကြည့်လေ့လာရေး" ဆိုတဲ့ ဘလော့တစ်ခုမှာ ၁၉ ရက်နေ့ နဲ့  ဒီနေ့  ၂၀ ရက်နေ့  ဓာတ်ပုံတချို့  နဲ့  သတင်းတွေ တင်ပေးထားတာ တွေ့ရပါတယ်။ ကိုထိုက် ဆိုသူရဲ့ ဘလော့မှာလည်း သတင်းတွေ တင်ထားတာ တွေ့ မိတယ်။

September 18, 2007

ရန်ကုန်မြို့ မှ သံဃာတော်များ

ဒီနေ့  (၁၈ ရက်နေ့ )မှာ ရန်ကုန်မြို့တော်ကြီးမှာ သံဃာတော်တွေ ရွှေတိဂုံဘုရားကို စုံစုံညီညီ သွားဖူးကြတယ်၊ ဆူးလေဘုရားကို လည်း ပတ်ပြီး ဖူးမျှော်ကြည်ညို ကြတယ်လို့  အစ်မတစ်ယောက်က သတင်းပေးပါတယ်။ ကုသိုလ်ကောင်မှု လုပ်တာမို့ အားပေးပါတယ် ပြန်ပြောဖြစ်ပြီး သံဃာတော်တွေ ဘယ်လို ဘုရားဖူးကြတယ်ဆိုတဲ့ သတင်းကို သိချင်တာနဲ့  Mizzima Breaking news မှာ လိုက်ဖတ် ကြည့်ဖြစ်ခဲ့ ပါတယ်။ သူငယ်ချင်း တစ်ယောက်က ရွှေတိဂုံဘုရားကို သွားရောက်ကြတဲ့ သံဃာ့တော်တွေပုံကို ကြည့်လို့ ရတဲ့ လင့်တစ်ခု ပေးပါတယ်။ သိချင်သူတွေ ဒီမှာ သွားကြည့်နိုင် ပါတယ်။
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ( more photos & info )

ဆူးလေဘုရားက ပတ်ပြီး ပူဇော်ကြတဲ့ပုံတွေကိုတော့ တခြား သူငယ်ချင်း တစ်ယောက် ပို့ ပေးပါတယ်။ ဒီမှာ ကြည့်လို့ ရပါတယ်။
သတင်းတွေ နဲ့  ဓာတ်ပုံတွေ ပို့ ပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။

delicious and deliGoo

ပြီးခဲ့တဲ့ ရက်တွေက del.icio.us Search Engine ဖြစ်တဲ့ deliGoo ကို စမ်းသုံးကြည့်ခဲ့တယ်။ ကျွန်မအတွက် အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် firefox မှာ install လုပ်ထားလိုက်တယ်။ deliGoo ကို Firefox (2.0+) နဲ့  Internet Explorer (6.0+) မှာ extension အနေနဲ့  ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

delicious Search Engine လို့ ဆိုထားတဲ့ အတိုင်း အင်တာနက်ပေါ်မှာ ရှိနေတဲ့ အရာတိုင်းကို ရှာပေးတာ မဟုတ်ပဲ ကိုယ်ရဲ့ del.icio.us account မှာ ကိုယ် မှတ်ထားတာတွေထဲက ပြန်လိုက်ရှာပေးတာပါ။ ဒီနေရာမှ del.icio.us ဆိုတာ ဘာလဲ သိဖို့ လို ပါတယ်။ del.icio.us ဆိုတာ social bookmarking web service တစ်ခုပါ။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ်မှတ်ထားချင်တဲ့ Website Links တွေကို မှတ်ထားတဲ့ နေရာ တစ်ခုပါ။ ကွန်ပြူတာ တစ်လုံးထဲက အင်တာနက်ကို အမြဲ သုံးတယ်ဆိုရင်တော့ ကိုယ်မှတ်ထားချင်တဲ့ Website တွေကို ကိုယ်အသုံးပြုနေကြ Browser မှာပဲ လွယ်လွယ်ကူကူ မှတ်ထားပြီး နောက်လိုတဲ့ အခါ ပြန်ကြည့်လို့  ရတာပေါ့။ ဒါပေမယ့် အင်တာနက်ကို တစ်နေရာထဲ၊ ကွန်ပြူတာ တစ်လုံးထဲက မသုံးပဲ အဆင်ပြေတဲ့ နေရာ၊ ကြုံတဲ့နေရာက သုံးလေ့ရှိသူတွေ အတွက်တော့ Online Bookmarking Service တွေဟာ အလွန်အသုံးဝင် ပါတယ်။ အဲဒီလို အသုံးဝင်တဲ့ Online Bookmarking Service အများအပြား ရှိပေမယ့် ကျွန်မကတော့ del.icio.us ကိုပဲ အဓိကထား သုံးဖြစ်ပါတယ်။
Photo credit: Jpwain
del.icio.us လိုဆိုဒ်မှာ Account တစ်ခုဖွင့်ထားပြီး ကိုယ်မှတ်ချင်တဲ့ Links တွေကို အဲ့ဒီမှာ မှတ်ထားလိုက်ရင် ဘယ်နေရာပဲ ရောက်နေနေ၊ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ ကိုယ်မှတ်ထားတာတွေကို အလွယ်တကူ ပြန်ရှာ ကြည့်နိုင်တယ်။ Computer ကို လိုအပ်လို့  Format လုပ်လိုက်ရရင်လည်း Browser မှာ ကိုယ်မှတ်ထားတဲ့ လင့်တွေ ပျောက်ပျက်ကုန်မှာ မစိုးရိမ်ရတော့ ပါဘူး။ Website Links တွေကို မှတ်တဲ့ အခါမှာလည်း ပြန်ရှာရလွယ်အောင် Tags လေးတွေခွဲပြီး စနစ်တကျ မှတ်လို့ ရပါတယ်။ delicious ကိုသုံးပြီး ကိုယ် စိတ်ဝင်စားတဲ့ Website Links တွေကို သူငယ်ချင်းတွေနဲ့  share လုပ်နိုင်တယ်။ WebSite တစ်ခုကို မှတ်လိုက်ရင် အဲ့ဒီ Website ကို del.icio.us မှာ လူဘယ်နှစ်ယောက်က၊ ဘယ်အချိန်က၊ ဘယ်လို Tags တွေနဲ့  မှတ်ထားတယ် ဆိုတာကို ပြပေးတယ်။ အဲ့ဒီက တဆင့် ကိုယ်နဲ့  စိတ်ဝင်စားမှု တူသူတွေရဲ့ Account တွေကို သွားကြည့်ပြီး သူတို့ မှတ်ထားတဲ့ တခြား အသုံးဝင်မယ့် Website တွေကို အလွယ်တကူ ရှာဖွေ ကြည့်ရှု နိုင်ပါ သေးတယ်။ ကိုယ့် သူငယ်ချင်းတွေ၊ ကိုယ်နဲ့  စိတ်ဝင်စားမှု့ တူသူတွေကို ကိုယ့်ရဲ့ Network မှာ မှတ်ထားပြီး သူတို့ အသစ်မှတ်သမျှ Website Link တွေ ကို အမြဲကြည့်ရှု့ လို့ လည်း ရပါတယ်။ နောက်ပြီး Privacy အတွက် ကိုယ် မှတ်ထားတဲ့ Links တွေကို တခြားသူတွေ မသိ မမြင်စေချင်ရင် Private အနေနဲ့ မှတ်လို့ ရတဲ့ feature တစ်ခု del.icio.us မှာ ရှိပါတယ်။ delicious ကိုစတင်အသုံးပြုတော့မယ်ဆို ကိုယ်အရင် IE တို့ ၊ Firefox တိုမှာ မှတ်ထားတဲ့ Bookmarks တွေကို del.icio.us ကို အလွယ်တကူ Import လုပ်ယူလို့ ရပါတယ်။ အဲဒီလိုပဲ del.icio.us မှာမှတ်ထားတဲ့ Links တွေကိုလည်း Export/Backup လုပ်ယူလို့ ရပါတယ်။ တကယ့်ကို အသုံးဝင်တဲ့ Web Service တစ်ခုပါ။

ကျွန်မ del.icio.us ကို စွဲစွဲမြဲမြဲ သုံးလာတာ ၁ နှစ်ကျော် ၂ နှစ်ထဲရောက်လာပြီဆိုတော့ ဘယ်လိုပဲ Tags တွေခွဲထားပေမယ့် ကျွန်မရဲ့ Lists မှာ မှတ်ထားတာတွေ အတော်များပြီး တစ်ခုခုလိုချင်ပြီဆို လိုက်ရှာရ ခက်ပါတယ်။ ဟိုတလောကဆို Website တစ်ခုကို၊ မှတ်ထားတာတော့ မှတ်မိတယ် ဒါပေမယ့် ဘယ် Tags နဲ့ မှတ်လိုက်တယ်ဆိုတာ မမှတ်မိတော့လို့  လိုချင်တဲ့ ဟာတွေ့ အောင် အတော်လေး အချိန်ယူပြီး ရှာလိုက်ရတယ်။ အခု deligoo မှာ User name ၊ Tags နဲ့  ကိုယ်ရှာချင်တဲ့ Search Word ကို ထည့်ပြီး ရှာနိုင်ပါတယ်။

ကိုယ်ရှာခိုင်းတဲ့ Words ကို ရှာဖွေတဲ့အခါ del.icio.us မှာ ကျွန်မတို့  သိမ်းထားတဲ့ Description တို့  Tags name တွေအပေါ်မှာ ရှာမှာမဟုတ်ပဲ တကယ့် Website Link နဲ့  ဆိုဒ်တွေရဲ့ Page Content တွေပေါ်မှာ ရှာတာဖြစ်ကြောင်း သိရပါတယ်။ Google Search Engine ကို သုံးထားတာဖြစ်လို့  Google က Search Engine အလုပ်လုပ်ပုံအတိုင်း ရှာတာပါ။ ဒါကြောင့်လည်း နာမည်ကို delicious နဲ့  google ကိုပေါင်းပြီး deliGoo Search Engine လို့ ပေးထားတာဖြစ်မယ်။

၂၀၀၃ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ del.icio.us ကို 9 December 2005 မှာ Yahoo က US$15 million နဲ့  US$30 million အကြားပေးပြီး ၀ယ်ယူခဲ့တယ်။ ဒီ စက်တင်ဘာ လဆန်းကတင် Del.Lcio.Us ဆိုတဲ့ နာမည်၊ URL ကနေပြီး delicious.com ကို ပြောင်းလဲသုံးစွဲ တော့မယ်ဆိုတဲ့ အကြောင်း သတင်းတွေမှာ ဖတ်လိုက်ရ ပါတယ်။ အသစ်ဖြစ်တဲ့ delicious.com မှာ အခုလက်ရှိ del.icio.us ထက် ပိုပြီး ကောင်းမွန်တဲ့ Features တွေပါဝင်မယ်လို့  သိရတယ်။ အသစ်ဆိုတော့ အဟောင်းထက် ပိုပြီး ကောင်းမှာတော့ သေချာသလောက် ပါပဲ။ အခု လက်ရှိအချိန်မှာတော့ delicious.com ဟာ preview အဆင့်မှာပဲရှိသေးပြီး တချို့  selected users တွေပဲ စမ်းသပ်တဲ့ အနေနဲ့  အသုံးပြုခွင့် ပေးထားပါသေးတယ်။ ဘယ်လို ပုံစံရှိလည်း သိချင်တယ်၊ ဘာ Features အသစ်တွေပါဝင်မယ်ဆိုတာ ကြိုတင် သိချင်တယ် ဆိုရင်တော့ ဒီမှာ သွားကြည့်နိုင် ပါတယ်။

Related Links:
New Del.Icio.Us is Delicious
www.search.deligoo.com ,www.deligoo.com
www.delicious.com , del.icio.us
delicious bookmark (Firefox add-on)
Social Bookmarking Services And Tools

September 17, 2007

My Weekend

သောကြာနေ့  ညနေက စလို့  တနင်္ဂနွေ ညအထိ... တကယ်ဆို မထူးခြားပါဘူး..

ဒီတစ်ပတ် အားလပ်ရက်မှာ သောကြာနေ့ ည တစ်ညကလွဲရင် စိတ်ညစ်စရာမရှိ အေးအေး ဆေးဆေးပဲ ကုန်ဆုံးသွား ခဲ့တယ်ဆိုရမယ်။ အရာရာကို စိတ်ရှည် သည်းခံပါဆိုတဲ့ တည်ငြိမ်တဲ့ တိုက်တွန်း စကားတစ်ခွန်းကို ကြိုးစားနားထောင် ဖြစ်ခဲ့ပါတယ်။ သောကြာ ညနေအလုပ်က အပြန်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့  အပြင်သွား ဖြစ်ခဲ့ပေမယ့် စနေရော တနင်္ဂနွေရော ဘယ်မှ မသွားပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ အားလပ်ရက် တွေကို အိပ်ရေးဝအောင်အိပ်၊ စာအုပ်တချို့ ဖတ်၊ အေးအေးဆေးဆေး စကားပြော၊ အ၀တ်လျှော်၊ အိမ်ခန်းရှင်း၊ မ၀င်တာ ကြာပြီ ဖြစ်တဲ့ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်စားပြီး သက်တောင့် သက်သာလေးပဲ ကုန်ဆုံးသွားစေ ခဲ့တယ်။ သီချင်းအတော်များများ နားထောင်ဖြစ်တယ်၊ သတင်းတွေတော့ အတော်များများ လိုက်ဖတ်ဖြစ်တယ်။ တကယ်ဆိုရင် ပျော်ရွှင်မှုကို အမြဲရှာဖွေလိုသူတွေ အတွက်ဆို ဘာမှ ထူးထူးခြားခြား မရှိပျင်းစရာ ကောင်းတဲ့ WeekEnd တစ်ခုလို့  ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှုပ်စရာမရှိ တည်ငြိမ် အေးဆေးစွာ ဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်တွေ မို့  ဒီလို အားလပ်ရက်တွေကို ကျွန်မကတော့ သဘောကျ နှစ်ခြိုက်ပါတယ်။

အားလုံး ငြိမ်ချမ်းပျော်ရွှင်တဲ့ အားလပ်ရက်တွေကို အစဉ် ပိုင်ဆိုင်နိုင်ပါစေ။

September 14, 2007

Not always Right but never Wrong

I'm willing to admit that I may not always be right, but I am never wrong.
-- Samuel Goldwyn
ဒီနေ့  ကြည့်ဖြစ်တဲ့ ပုံတွေထဲက ဒီပုံလေးကို သဘောအကျဆုံးပဲ။ ဟန်အပြည့် ညစ်ကျယ်ကျယ် ရုပ်နဲ့  Garfield ရဲ့ပုံလေး။ Garfield မို့ နှစ်သက်စရာကောင်းနေတာပါ။ တကယ့် လူသာဆို ရိုက်ပေါက်ဖြစ်မယ့် မျက်နှာပေးမျိုး။ ပုံလေးကြည့်ရင်း တွေးမိတယ်.. တချို့ လူတွေလည်း အဲ့ဒီ ပုံထဲက Garfield လိုပဲ ပြောတတ်၊ ကိုယ့်ကိုယ်ကို ထင်နေတတ်ကြပါလား။ "ငါ မမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ ဒါပေမယ့် ငါဟာ ဘယ်တော့မှ မမှားဘူး" ဆိုသလိုပေါ့။ ဒါဟာ လူပီသတာ၊ လူ့ သဘာဝ ပဲလို့  ပြောလို့ ရမလား။ ပြောကြမလား။ အင်း တကယ်ဆို ကျွန်မဟာလည်း ဘာမှ မထူးခြားတဲ့၊ သူများတွေနဲ့  ဘာမှ မကွဲပြားတဲ့၊ လူတွေထဲက သာမန် လူသားတစ်ယောက်ပါပဲ။

Big Brother is watching You

ဒီနေ့ တော့ ကျွန်မ ဘယ်နိုင်ငံမှာ၊ ဘယ်နေရာမှာ ၊ ဘာမလုပ်ကို လုပ်နေတာလဲဆိုတာ အသေအချာ ပြန်စဉ်းစားနေရတယ်။ အတော့်ကို မလွယ်တဲ့ Company ပါပဲ။ ရှိသမျှ Free ရတဲ့ Email တွေ၊ Messenger ကို Website က သုံးလို့ ရတဲ့ Sites တွေ၊ File Sharing Sites တွေ၊ File Hosting Sites တွေ၊ Remote desktop အတွက်အသုံးပြုလို့ ရတဲ့ Sites တွေ အားလုံး ၀င်မရတော့ဘူး။ ဒီနေ့  သွားသမျှ ဒီလို စာတမ်းတွေနဲ့ ပဲတွေ့ နေပါတယ်။ တကယ့်ကို စိတ်ပျက်၊ စိတ်ကုန်မိတယ်။

You are trying to access a restricted URL.

ဒီကုမ္ပဏီမှာက Proxy ခံထားတော့ Website တစ်ခုခုကို Browse လုပ်တော့မယ်ဆို User Name နဲ့  Password ထည့်ပြီး ကြည့်မှရပါတယ်။ အင်း ကိုယ်လုပ်သမျှ၊ ကိုယ်ကြည့်သမျှ Website တွေကို အမြဲစောင့်ကြည့်တာ ခံနေရသလိုပဲ။ အလုပ်ရောက်နေတာနဲ့  မတူပဲ ထောင်ထဲရောက်နေသလို ပါပဲ။ ဘာမှ လုပ်မရ။ အခုတကယ့်ကို ကျွန်မတို့ ဘ၀ဟာ ဒီစာသားလေးထဲက လို ဖြစ်နေပါပြီ။

ဒီမှာ အလုပ်လုပ်စတုန်းက Gmail Website တစ်ခုကိုပဲ ၀င်မရတာပါ။ အင်တာနက် တခါတလေ နှေးတာကလွဲရင် ကျန်တာတွေ ၀င်လို့ ရပါတယ်။ ပြီးခဲ့တဲ့ လဆန်းကစပြီး Gtalk နဲ့  Gmail ၀င်လို့ ရသွားပြီး တခြား Email တွေနဲ့  file sharing လုပ်လို့ ရတဲ့ mediafire, fileden, esnips နဲ့  တခြား Remote desktop access လုပ်လို့ ရတဲ့ ဆိုဒ်တချို့  ၀င်လို့  မရတော့ဘူး။ ဒီနေ့ တော့ ပိုဆိုးပါတယ်၊ Free Email တွေ၊ File Sharing Site တွေ သာမက၊ igoogle နဲ့  တခြား website အတော်များများပါ ၀င်မရတော့ပါဘူး။ ဘယ်သူတွေ ဘယ် Website တွေ သွားတယ်ဆိုတာ အမြဲကြည့်နေပြီး လုပ်ပိတ်နေတယ် ထင်ပါတယ်။ meebo လို IM သုံးလို့ ရတဲ့ Website တွေဆို တစ်ခုသုံးပြီး သိပ်မကြာဘူး နောက်ရက်ဆို ပိတ်သွားတာ များတယ်။ အခုဆို ကျွန်မသိသလောက် အကုန်ပိတ်သွားပါပြီ။ YouTube ကိုဆိုလည်း ၀င်လို့ တော့ ရပေမယ့် တစ်ခုခုကို Play လုပ်လိုက်ရင် Loading ဆိုပြီး ရပ်သွားတာ များပါတယ်။ တခြား ဟာတွေ ပိတ်ကုန်ပေမယ့် ခုချိန်ထိတော့ Blogger ကို မပိတ်သေးဘူး။ ဒါလည်း စိတ်မချရပါဘူး၊ ကျွန်မဘေးက ထိုင်နေသူတွေလည်း Blogger မှာ Blog ရှိကြပြီး တစ်ခါတလေ ပိုစ့်လုပ်တာ မြင်ရတော့ တစ်နေ့ နေ့ မှာ ဒီ Blogger လည်း ပိတ်လိုက်နိုင်ပါတယ်။

Website မရဘူးဆိုတော့ ကွန်ပြူတာမှ Install လုပ်ပြီး သုံးရတဲ့ Application တွေ အကြောင်းလား။ အဲ့ဒီ အကြောင်းကတော့ ပြောမနေပါနဲ့  ရှိသမျှ Port တွေ အကုန်ပိတ်တယ်လေ။ ဘာသွင်းသွင်း အင်တာနက်ကို connet လုပ်ပြီး သုံးရမှာတွေဆို မရတာများတယ်။ ကျော်ခွသုံးပေါ့ ဆိုတော့လည်း ဒီမှာက ကွန်ပြူတာတွေကို တစ်လ တစ်ခါ၊ နှစ်လ တစ်ခါလောက် ဘာ Software တွေ သွင်းထားလဲ လိုက်စစ်ပြီး ဘယ်သူက ဘာတွေ သုံးနေလည်း အမြဲ List down လုပ်ယူထားတာလေ။ ဒီကုမ္ပဏီစရောက်ခါစ၊ Zawgyi Unicode စသွင်းခါစကတောင် သူတို့ မသိတဲ့ Software တစ်ခုဖြစ်နေလို့  ဒါဘာလည်းဆိုပြီး မေးတာခံရပြီး ရှင်းလိုက် ရသေးတယ်။ ဒါသွင်းလို့  ဘာမှ ပြဿနာမဖြစ်တာ သေချာပါတယ် ဆိုတာ ရှင်းပြပြီး တစ်ခုခုဆို တာဝန်ယူကြောင်း ပြောလိုက်ရတယ်။ တခါလာစစ်တိုင်း အသစ် သွင်းထားတဲ့ Application အတွေအတွက် ဘယ်ဟာက ဘယ် Project အတွက်လိုလို့  သွင်းတယ်ဆိုတာပါ လာစစ်သူကို ရှင်းပြရပြီး သူတို့ က စာရွက်ပေါ်မှာ သေချာမှတ်သွားတာလေ။

ဒါနဲ့  ကျွန်မရေးတာတွေ ဖတ်ပြီး ကျွန်မ ဘယ်မှာ အလုပ်လုပ်နေရတာလည်း တွေးနေလား။ ကျွန်မ မြန်မာပြည်ထဲမှာ အလုပ်လုပ်နေတာ မဟုတ်ပါဘူးရှင်။ အာရှ ကျားလေးကောင်စာရင်းဝင် ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးမှာ အလုပ်လုပ်နေတာပါ။ ကျွန်မ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ ကြော်ငြာတွေကို ဒီနိုင်ငံက တစ်ထပ် Bus ကား၊ နှစ်ထပ် Bus ကား တစ်ချို့ ပေါ်တွေမှာ ရဲရဲတောက် တွေ့ နိုင်ပါတယ်။

September 12, 2007

အလုပ်မှာ - 12 Sept 2007



ပြီးခဲ့တဲ့ လတုန်းကတော့ အလုပ်တွေ အရမ်းရှုပ်တယ်။ အခုရက်ပိုင်းကြတော့ အလုပ်မှာ လုပ်စရာ သိပ်မရှိဘူး ဖြစ်နေတယ်။ တစ်နေ့ လုံးနေမှ အလုပ် အသေအချာ လုပ်ရတာဆိုလို့ ၁ နာရီ အလွန်ဆုံး ၂ နာရီလောက်ပဲ ရှိမယ်။ ဒီနေ့ ဆို လုပ်ရတဲ့ အလုပ်က နာရီဝတ်တောင် မကြာဘူး။ မရှိရှိတာ ရှာကြံလုပ်ပြီး ၈ နာရီဆိုတဲ့ အချိန်ကို ကုန်အောင်လုပ်ရတာ ပင်ပန်းလိုက်တာ။

လဆန်းကစပြီး ညနေ ၆ နာရီထိုးတာ နဲ့  အိမ်ပြန်ဖြစ်နေတယ်။ ဒီနေ့ တော့ Production Deployment ရှိတယ်ဆိုတော့ စောပြီး ပြန်လို့ ရမှာတော့ မဟုတ်ဘူး။ တကယ်ဆို ဒီနေ့ ၊ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူချင်တယ်။ ဒါပေမယ့် Deployment day ဆိုတော့ ခွင့်ယူလို့ မရဘူး။ ပုံမှန် Shedule မှာမပါတဲ့ Deployment ပဲ။ ဒါလည်း သိပ်တော့ကြာမယ် မထင်ပါဘူး။ အရင် Deployment တွေတုန်းကဆို Packages အားလုံး ၉၀ ကျော် ၁၀၀ နီးပါ ရှိတာဆိုတော့ Deployment လုပ်ပြီး သူများတွေ Testing လုပ်တာ အားလုံး အဆင်ပြေလို့  ပြန်လို့ ရပြီဆိုတဲ့အချိန်က အမြဲ ၁၂ ကျော်နေတာ များတယ်။ အခုတစ်ခါတော့ Package က ၂ ခုပဲရှိတယ်၊ Testing လုပ်ရမှာကလည်း Module တစ်ခုတည်းဆိုတော့ အိမ်စောစောပြန်ရမယ် ထင်ပါတယ်။

နောက်ရက်တွေတော့ အလုပ်နည်းနည်း ရှိမယ် ထင်တယ်။ Tranining Server မှာ Deployment လုပ်ပေးစရာတွေ ရှိတယ်။ တခြား ပြသနာမရှိဘူးဆို အဲ့ဒီနေ့ တွေမှာလည်း အချိန်မှန် အိမ်ပြန်ရမယ် ထင်ပါတယ်။ အခုလတွေမှာ ကျွန်မ ယူထားရတဲ့ Position က Deployment Lead ဆိုတော့ တခြားအလုပ်တွေ လုပ်စရာ မလိုဘူး။ အဲ့ဒီနေရာ လုပ်နေရသူကို Deployment နဲ့ သက်ဆိုင်တဲ့ အရာတွေကလွဲရင် တခြားဟာတွေကို ဘယ်သူမှ မလုပ်ခိုင်း ရဘူးဆိုတဲ့ ကန့် သတ်ချက်ကြောင့် Deployment မရှိရင် အလုပ်မရှိ အားနေတာပါ။ အလုပ်ရှုပ်ပြီဆိုလည်း အမှားမခံနိုင်တဲ့အရာတွေမို့  အတော်လေး အာရုံစိုက်ပြီး အမှားအောင် လုပ်ရတာကြောင့် စိတ်ပင်ပန်းပြီး အားလုံးပြီးမှ နောက်ကြမှ ပြန်ရလို့ လူပင်ပန်းတယ်။ ဒီနေရာမှာ လုပ်နေတာ ၃ လလောက် ရှိပြီဆိုတော့ နောက် လလောက်ဆိုရင် တခြားနေရာ ပြောင်းလုပ်ရမယ် ထင်တယ်။

အလုပ်ချိန်မှာ ရှုပ်ချင်သလောက် အလုပ်ရှုပ်ပါစေ၊ ညနေ ၆ နာရီကျော်လို့  ကိုယ်ပြန်ချင်တဲ့ အချိန်မှာ အိမ်ပြန်နိုင်တယ်ဆို ပြီးတာပဲ။ အလုပ်ချိန်တွင်းမှာ လုပ်စရာမရှိလို့  ရှာကြံပြီး ရှုပ်အောင် လုပ်နေရတာထက် စာရင် လုပ်စရာတွေအပြည့်နဲ့  အလုပ်ရှုပ်နေတာ အကောင်းဆုံးပါပဲ။

September 10, 2007

RM-Install : Enterprise-level Ruby on Rails stack

RM-Install ကို FiveFuns ကနေပြီး ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ RM-Install ဟာ Instant rails လိုပါပဲ။ RM-Install ကိုတော့ Production အတွက်ရည်ရွယ်ထားပြီး Enterprise level environment မှာ သုံးနိုင်တယ်လို့ သိရတယ်။ Instant rails က တော့ Developement အတွက်သာ သင့်တော်တယ်လို့ ဆိုတယ်။

အဲဒီ RM-Install ကို Multi-platformမှာ သုံးလို့ ရပါတယ်။ အခု လက်ရှိ အနေနဲ့  ကတော့ RM-Install ကို OS X (Interl) နဲ့  Lunix Platforms မှာ Install လုပ်နိုင်တဲ့ Version တွေရှိနေပြီး နောက်မကြာခင်မှာပဲ OS X( Power PC) နဲ့  Windows မှာပါ သုံးလို့ ရတဲ့ version တွေပါ ထွက်လာမယ် လို့ ရေးထားတာကို ဖတ်လိုက်ရတယ်။
OpenSource တစ်ခုဖြစ်တဲ့ RM-Install Package မှာ ပါဝင်တဲ့ အရာတွေပါ...
• Developer or production-ready stack configurations
• Latest versions of Ruby 1.8.6 and Rails 1.2.3
• Bundled pre-compiled binary packages including Apache Web Server 2.2, MySQL Database
Server 5.0, SQLite 3.3, ImageMagick 6.3 and Subversion 1.4 client
• Bundled RubyGems including Mongrel, Gruff, RMagick and Capistrano
• Cross-platform support for Mac OS X and a wide range of Linux distributions


Credit to THKZ

Office Timetable

ဒီမနက် အလုပ်သွားခါနီး ကြည့်ဖြစ်လိုက်တဲ့ ဓာတ်ပုံလေးတွေ ထဲက သဘောအကျဆုံး ပုံလေးပါပဲ။ ဒီလို အချိန်စာရင်းရှိတဲ့ အလုပ်မျိုးကို ကိုယ်လိုချင်တဲ့ လစာမျိုးနဲ့  သာ လုပ်ရမယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ....

Credit to THKZ
Source : Kontraband.com

Myanmar Websites

ခုတလော မြန်မာဝက်ဆိုဒ် တွေအတော်များများ တက်လာတာတွေ့ ရတယ်။ တစ်ယောက်တည်း ရေးတာမဟုတ်ပဲ၊ Member တွေ အကုန်ပါဝင်ရေးသားခွင့်ရှိတဲ့ ဆိုဒ်မျိုးတွေများတာတွေ့ ရပါတယ်။ ကျွန်မ ခုတလော သတိထားမိတဲ့ ဆိုဒ်တစ်ချို့  နဲ့  ဖတ်လေ့ရှိတဲ့ ဆိုဒ်တွေပါ။
အပြည့်စုံဆုံး မြန်မာ့ ကျန်းမာရေး သတင်း၊ ဆောင်းပါး နှင့် အချက်အလက်များ ထည့်သွင်းထားပါတယ်ဆိုတဲ့
http://www.healthymyanmar.com

We get we share လို့ ဆိုထားပြီး Member တိုင်းပါဝင်ရေးသားနိုင်သော နိုင်ငံခြားသတင်းတွေကို ဘာသာပြန်ဖော်ပြထားတာ တွေ့ ရတဲ့ မြန်မာအွန်လိုင်းမဂ္ဂဇင်း
http://www.phatpa.com

Digg.com ပုံစံမျိုးပြုလုပ်ထားပြီး Member တိုင်းပါဝင်ရေးသားနိုင်သော လူမှုရေး၊ စီးပွားရေး၊ ပညာရေး နှင့် ဗဟုသုတအထွေထွေတို့ကို ဝေမျှရန် ရည်ရွယ်ထားသော နေရာလေးတစ်ခုဖြစ်ပါတယ်လို့ ရေးသားထားတဲ့
http://www.mmblogs.net

မြန်မာနိုင်ငံက သတင်းကြော်ငြာတွေသာမက နိုင်ငံခြားသတင်းတွေကိုလည်း ဘာသာပြန်ဖော်ပြထားပြီး အခ်ျိန်နဲ့ အမျှ Interface ကိုပြောင်းလဲနေတတ်တဲ့
http://www.phoewa.com

Member တိုင်း ကိုယ်နှစ်သက်ရာ စာအုပ်၊ သီချင်း၊ ဓာတ်ပုံ တွေကို ပါဝင်စုစည်းခွင့်ပေးထားတဲ့ နေရာတစ်ခု
http://www.mysuboo.com

ကဗျာတွေပဲဖြစ်ဖြစ် စာတွေပဲဖြစ်ဖြစ် .. ဒိုင်ယာရီတွေပဲ ဖြစ်ဖြစ်အိမ်မက်တွေပဲ ဖြစ်ဖြစ် ဘာရယ်တော့ မဟုတ်ပါဘူး စိတ်ထဲ ရှိတာလေးတွေ ရေးချင်တာတွေ ရေးကြပါဆိုထားတဲ့
http://www.ainmat.com

September 08, 2007

Happy Birthday Sister!!

Today is my sister's birthday.
08-Sept-2007

Sister, thinking of you
with love on your birthday
and wishing you
everything that brings
you happiness
Today and always!

September 07, 2007

မင်းတစ်ယောက်တည်း မဟုတ်ဘူး - ဇော်ဝင်းထွဋ်

အရာရာ အဆင်မပြေမှုတွေ များလာလို့  စိတ်ပျက်အားငယ်နေအချိန်တွေမှာ ဒီသီချင်းကို နားထောင်ကြည့်သင့် ပါတယ်။ တကယ်ဆိုရင် ဖြစ်ချင်တာတွေ မဖြစ်တဲ့ ဒီကမ္ဘာလောကကြီးမှာ အဆင်မပြေမှု တွေကြုံတွေ့ နေရတာ... ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး...

အေးစက်စက်မျက်နှာများ .. ပေါ့ပျက်ပျက် အတွေးအခေါ်များ
ရက်စက်တဲ့ အပြုအမူတွေအကြား...
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

အားလုံးက သူစိမ်းတစ်ရံများ.. အသုံးနည်းတဲ့ မေတ္တာတရား
အသည်းဟတ်တက် အထီးကျန်နေသလား..
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

မင်း.. မင်း.. ပေးခဲ့တဲ့ ထိခိုက်မှုများ..
ကိုယ်.. ကိုယ်.. စာနာမှု့ နဲ့  မျှဝေခံစား..
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

ဘာမှ မင်းအားမငယ်နဲ့ .. စိတ်ဓာတ်လည်း ကျမနေနဲ့ 
ဖြစ်ချင်တာတွေ မဖြစ်တဲ့ ကမ္ဘာထဲ
မင်းတစ်ယောက်တည်း မဟုတ်ဘူး

သူများတွေလည်း မင်းလိုပဲ.. ကိုယ်လည်းပဲ မင်းလိုပဲ
ရှောင်တိမ်းမရတဲ့ ဒုက္ခတွေထဲ
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

ဒီသီချင်းဟာ ကိုယ်ပိုင်သံစဉ် တေးတစ်ပုဒ်လို့  သိရတယ်။ သီချင်စာသားကို မင်းချစ်သူက ရေးသားပြီး၊ သီချင်းသံစဉ်ကိုတော ဇော်ဝင်းထွဋ်က ထည့်သွင်းကာ ဇော်ဝင်းထွဋ်ကိုယ်တိုင်ပဲ သီဆိုထားတာပါ။

မင်းတစ်ယောက်တည်း မဟုတ်ဘူး (MTV - YouTube)
စာသား မင်းချစ်သူ ၊ သံစဉ် ဇော်ဝင်းထွဋ် ၊ တေးဆို ဇော်ဝင်းထွဋ်

September 06, 2007

Java - အမေး၊ အဖြေများနှင့် ရှင်းလင်းချက်များ

ကျွန်မကလည်း ဘာအကျင့်မှန်းမသိဘူး စာဖတ်တော့မယ်ဆို စာအုပ်၊ စာရွက်တွေ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်း ဖြစ်နေမှ စာဖတ်တတ်တယ်။ တွန့် ကြေနေရင် လုံးဝ မကြိုက်ပါဘူး။ ခေါင်းစဉ်ဆိုရင် ခေါင်းစဉ်မှန်းသိအောင် ထင်ရှားနေမှ။ ဖတ်မယ့် စာအုပ်တစ်ခုလုံးကလည်း ရှင်းရှင်းလင်းလင်းနဲ့  တသတ်မတ်ထဲ ပုံစံတကျရှိနေမှ ကြိုက်တယ်။ စာကို ဦးနှောက်နဲ့ တွေးပြီး မှတ်ရုံမက၊ မျက်စိ အမြင်နဲ့ လည်း မှတ်တတ်တာ ပဲလား၊ အမြင်မရှင်းရင် စိတ်ပါရှုပ်လာပြီး စဉ်းစားနိုင်စွမ်းနဲ့  မှတ်ဥာဏ် အားနည်းသွားတာ ကြောင့်ပဲလားတော့ မသိပါဘူး။ စာမဖတ်ခင် စာရွက်စာတမ်းတွေကို ရှင်းလင်းအောင် ပြင်ဆင်နေတာက အတော်လေး ကြာတတ်ပါတယ်။

ဒီရက်ပိုင်းတော့ အလုပ်သိပ်မရှုပ်ပဲ အားလပ်ချိန်လေးတွေ နေတာကြောင့် စာပြန်ဖတ်မယ် စိတ်ကူးပြီး ကျွန်မစုထားတဲ့ JAVA နဲ့  ပတ်သက်တာတွေထဲက ဖတ်ချင်တာတွေကို ပြန်ရွေးထုတ်ရင်း၊ ဖတ်ရင်းနဲ့  စနစ်တကျဖြစ်အောင် ပြင်ဆင် ဖြစ်သွားပါတယ်။ JAVA, EJB, J2EE နဲ့  ပတ်သက်တဲ့ အမေးနဲ့  အဖြေတွေသာမက ဘာကြောင့် အဲ့လို ဖြေရပါသလဲဆိုတဲ့ ရှင်းလင်းချက်တွေပါ ပါဝင်တဲ့အတွက် ဖတ်ရတာ အရမ်းအဆင်ပြေပါတယ်။


ဒီ Q&A တွေကို အင်တာနက်ပေါ်မှာ ရှာကြည့်မယ်ဆို ရှာလို့ ရနိုင်မယ် ထင်ပါတယ်။ ကျွန်မ ဖတ်ရင်း ပြင်ဆင်ထားတဲ့ ရဲ့ PDF Files ကိုလည်း အားလုံးဖတ်နိုင်အောင် ဒီမှာ မျှဝေလိုက်ပါတယ်။ Print လုပ်ပြီး ဖတ်မယ်ဆိုရင် Page Layout ကို Two Pages per Sheet နဲ့  Print Style မှာ 2-sided Printing လုပ်ပြီး ဖတ်နိုင်အောင် လုပ်ထားတာပါ။ PDF 3 Files ပေါင်းဆို စာမျက်နှာ ၃၅၀ ကျော်ရှိမှာဆိုတော့ အဲဒီလို Print လုပ်ဖတ်မှ အဆင်ပြေမယ် ထင်လို့ ပါ။ အသုံးဝင်မယ်လို့  ထင်ပါတယ်။

iPod Touch



Source: iPodTouch (iPod.com) , iPodTouch gets Offical (engadget.com)

September 05, 2007

နာခံမှုကို စမ်းစစ်ခြင်း - မိုးသီးဇွန်

ဒီစာအုပ်ထွက်ပြီးဆိုတဲ့ အကြောင်း မဇ္ဈိမအင်တာနက် စာမျက်နှာမှာတွေ့ လိုက်ရထဲက စိတ်ဝင်တစားနဲ့  ဖတ်ချင်နေခဲ့တာပါ။ ဒီမနက်တော့ အဲ့ဒီစာအုပ်ကို ရေးသားသူ ကိုမိုးသီးဇွန်ရဲ့ ခွင့်ပြုချက်နဲ့  ရွက်မွန်စာမျက်နှာမှာ တင်ထားပေးတာ တွေ့ လိုက်ရတဲ့ အတွက် အရမ်းကို ၀မ်းသာသွားမိတယ်။ ကျွန်မလိုပဲ အဲ့ဒီ စာအုပ်ကို ဖတ်ချင်နေသူတွေ သိရှိပြီး ဒေါင်းလုတ်လုပ်ယူ၊ ဖတ်ရှုနိုင်အောင်လို့  သတင်းပေးလိုက်ပါတယ်။

၈၈ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမိုးသီးဇွန်ရဲ့ လောကနီတိကို ဝေဖန်ထားတဲ့ စာအုပ်။ လောကနီတိမှာ ပါတဲ့ အာဏာရှင်စနစ်ကို အားပေးတဲ့ အယူအဆတွေ၊ အကြောက်တရား၊ လက်စားချေမှုနဲ့ ရန်လိုမှုတွေ သွပ်သွင်းထားတဲ့ ရှေးဟောင်း ဟိန္ဒီ နိုင်ငံရေးနဲ့ လူမှုရေး အယူအဆတွေကြောင့် ဝေဖန်ရတယ် ဆိုတဲ့ စာရေးသူရဲ့ အယူအဆ။ နှစ်ပေါင်း တထောင်နီးပါးမှာ လောကနီတိကို ပထမဆုံး စိန်ခေါ်လိုက်တဲ့ စာအုပ်။


ဒီစာအုပ်ကို ၀ယ်ယူချင်တယ်ဆို ဒီလိပ်စာကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

နာခံမှုကို စမ်းစစ်ခြင်း
တန်ဖိုး - ၁၀ ဒေါ်လာ
မှာယူလိုပါက
The Irrawaddy Brother
P.O Box – 51
Maesot, Tak – 63110
Thailand
Email: iwd@csloxinfo.com

စာအုပ်ရေးသားသူ ကိုမိုးသီးဇွန် နဲ့  ရွက်မွန်စာမျက်နှာကို အထူးကျေးဇူးတင်ပါတယ်။

Credit to THKZ

Releated Link:
Mizzimaburmese - Moe Thee Zon's Book

Full WEB 2.0 API List

Tech magazine က စုစည်းပေးထားတဲ့ Web Service 2.0 API စာရင်း ပါ။
Full Web 2.0 API List

Advertising ,Blog Search, Blogging, Bookmarks, Calendar, Chat, Community, Email, Enterprise, Events, Financial, Government, Internet, Job Search, Mapping, Media Management, Medical, Messaging, Music, News, Office, Photos, Recommendations, Reference, Search, Shopping, Storage, Storage, Video, Widgets, Wiki စသည်ဖြင့် အမျိုးအစားတူ အုပ်စုလေးတွေ ခွဲပြီး စုစည်းပေးထားတဲ့ အတွက် ကိုယ်အတွက် အသုံးဝင်မယ်ထင်တဲ့ API တွေကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။

Credit to THKZ
Source : Tech Magazine

September 03, 2007

SkreemR

ဒီနေ့  အချိန်လေးရတာနဲ့  ကျွန်မ ဘလော့မှာ ထည့်ထားတဲ့ Sitemeter ကို ၀င်ကြည့်လိုက်တာ ကျွန်မ ဘလော့ကို WebSite တစ်ခုကနေ တဆင့် လူအတော်များများ ၀င်လာကြည့်တာကို တွေ့ လိုက်တယ်။ ကျွန်မ တစ်ခါမှ မမြင်ဘူးတဲ့ WebSite ဖြစ်နေတာကြောင့် ဘယ်လို ဟာမျိုးလည်း သိချင်တာနဲ့  သွားကြည့်ဖြစ်တယ်။

SkreemR ဟာ အင်တာနက်ပေါ်မှာ တင်ထားတဲ့ သီချင်းလင့်ကို ရှာပေးတဲ့ Music Search Engine တစ်ခုဖြစ်ကြောင်း သိလိုက်ရတယ်။ ခုချိန်မှာတော့ MP3 အမျိုးအစား File တွေကိုပဲ ရှာပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ တခြား Music File အမျိုးအစား တွေကိုပါ ရှာလို့ ရလာနိုင်မှာ ဖြစ်ကြောင်း ရေးထားတာကို ဖတ်ရပါတယ်။ ဒီနေ့ ကျွန်မ သီချင်းတချို့ ကို စမ်းပြီး ရှာကြည့်သလောက်တော့ ကျွန်မလိုချင်တဲ့ သီချင်း MP3 တွေကို ရှာလို့ ရတာ တွေ့ ရတယ်။ သုံးရတာ အတော်လေး အဆင်ပြေပါတယ်။

www.SkreemR.com
"Goals: to make this content as searchable and useable to the internet community as possible."

SkreemR မှာ ပုံမှန် စကားလုံးကို ရိုက်ထဲ့ပြီး ရှာလိုက်လို့  Result တွေ အများကြီးထွက်လာတာကို မကြိုက်ပဲ၊ ပိုပြီး တိတိကျကျဖြစ်တာတွေကို မြန်မြန် ရှာချင်တယ်ဆိုရင် လွယ်ကူအောင် Operators တချို့ ကို သုံးလို့ ရကြောင်း သိရတယ်။
  • Use double quotes to pinpoint a set of words, ex. "my favorite song"
  • Use + operator to pinpoint particular words, ex. my favorite song +extended +remix
  • Use - operator to eliminate unwanted results, ex. my favorite song -live
SkreemR ဟာ G2P.org လိုပဲ သီချင်း ချစ်သူ အားလုံးအတွက် အသုံးဝင်မယ့် WebSite တစ်ခုပါပဲ။

Related Links:
Firefox SkreemR Search Plugin
SkreemR : Top Searches

Rainy Days and Mondays

စိတ်တွေကလည်း မလန်းဆန်းဘူး... အရာရာကို အလိုမကျသလို ခံစားနေရတယ်...
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ ဒီသီချင်းလေးကို ထပ်ခါထပ်ခါ နားထောင် ဖြစ်နေတယ်..
ဒီနေ့  တနင်္လာနေ့ ... မိုးတွေကလည်း ရွာနေတယ်....

Carpenters - Rainy Days and Mondays
Talkin' to myself and feelin' old
Sometimes I'd like to quit
Nothing ever seems to fit
Hangin' around, Nothing to do but frown
Rainy Days and Mondays always get me down.

What I've got they used to call the blues
Nothin' is really wrong
Feelin' like I don't belong
Walkin' around, Some kind of lonely clown
Rainy Days and Mondays always get me down.

Funny but it seems I always wind up here with you
Nice to know somebody loves me
Funny but it seems that it's the only thing to do
Run and find the one who loves me.

What I feel has come and gone before
No need to talk it out
We know what it's all about
Hangin' around , Nothing to do but frown
Rainy Days and Mondays always get me down.

Funny but it seems that it's the only thing to do,
Run and find the one who loves me

Hangin' around, nothing do to but frown;
Rainy days and Mondays always get me down
Related Links:
Rainy Days and Mondays [Wiki]
Photo - Flickr

September 02, 2007

ခေါင်းစဉ်မရှိသော ကဗျာတစ်ပုဒ်

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်း ကဗျာတွေကို ဖတ်မိရင် ကဗျာရဲ့ သမိုင်းနောက်ကြောင်းကိုလည်း လိုက်ရှာကြည့်ဖြစ်တယ်။ ဒီကဗျာကို ချစ်ခင်သူတွေကို ဆုံးရှုံးလိုက်ကြရသူများကို အားပေး၊ နှစ်သိမ့်တဲ့ အခါတွေမှာ ပို့ ပေးလေ့ရှိကြပါတယ်။ ဒီကဗျာကို အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် အမျိုးကွဲပေါင်းများစွာ တွေ့ ရမှာပါ။ ဒီကဗျာရေးသားသူ Mary Frye ဒီကဗျာကို သူ့  သူငယ်ချင်းမိခင်ရဲ့ အသုဘရှုသွားရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်ပေါ်မူတည်ပြီး ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဖတ်ရပါတယ်။ ကဗျာအကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Mary Elizabeth Frye (1905-2004)

Do not stand at my grave and weep,
I am not there, I do not sleep.
I am in a thousand winds that blow,
I am the softly falling snow.
I am the gentle showers of rain,
I am the fields of ripening grain.
I am in the morning hush,
I am in the graceful rush
Of beautiful birds in circling flight,
I am the starshine of the night.
I am in the flowers that bloom,
I am in a quiet room.
I am in the birds that sing,
I am in each lovely thing.
Do not stand at my grave and cry,
I am not there. I do not die.

ကဗျာလေးကိုဖတ်ပြီး အရင်တုန်းက ကျွန်မ ပြောတတ်တာတွေကို ပြန်တွေးမိတယ်။ ကျွန်မ နဲ့ ရင်းနှီးသူတွေကို ကျွန်မ သေဆုံးသွားတယ်လို့  ကြားခဲ့ရင် လူမလာနိုင်တောင် နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့  ပန်းလှလှလေး တစ်ပွင့်လောက်တော့ ရောက်အောင် ပို့ ပေးကြပါလို့  ကျွန်မ ပြောလေ့ရှိတယ်။ ပန်းစည်းတွေ၊ ပန်းခြင်း အကြီးကြီးတွေကို ပြူးပြူးပြဲပြဲနိုင်တဲ့ ထင်တဲ့အတွက် ကျွန်မ မကြိုက်ပါဘူး။ နောက်ပြီး ကျွန်မပြောလေ့ရှိတာက ကျွန်မရဲ့ အုတ်ဂူလေးကိုလည်း ခရစ်ယန်သင်္ချိုင်းတွေမှာလို သေးသေးလေးလုပ်ပေးပါ။ ဘေးပတ်လည်မှာ ပန်းပင်လေးတွေ စိုက်ပေးထားပါလို့  မှာတတ်တယ်။ သူများတွေ အမြင်မှာ ကျွန်မရဲ့ အုတ်ဂူလေးကို လှပနေစေချင်တာကြောင့် ဖြစ်မယ် ထင်တယ်။ နောက်ပြီး အရင်က ကျွန်မတို့  အိမ်နားမှာရှိတဲ့ ခရစ်ယန်သင်္ချိုင်းမှာ ဒါတွေမြင်နေကြမို့ ဒီလိုမျိုးတွေ စိတ်ကူပေါက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်မ သေဆုံးသွားပြီ၊ နောက်တဘ၀ကို ပြောင်းသွားပြီ ဆိုမှတော့ ဒီဘ၀က အကြောင်းအရာ တွေကို သိမှာမှ မဟုတ်တော့တာ။တကယ်တော့ လူတစ်ယောက် သေဆုံးသွားတယ်ဆို အဲဒီလူက ဘာမှ မသိနိုင်တော့ ပါဘူး။ ကျန်ရစ်သူတွေသာ ဘယ်တော့မှာ ပြန်လာမှာ မဟုတ်တော့တဲ့ ထွက်ခွါသွားသူရဲ့ အရိပ်တွေကို မမေ့နိုင်ပဲ တမ်းတနေမိကြတာပါ။ ရေးထားတာတွေက ကဗျာလေးနဲ့ တော့ မဆိုင်ပါဘူး။ စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာ။

September 01, 2007

On the road again


အိမ်ပြောင်းနေပါသည်...
31st August 2007